Camellia Fascicularis များသည် ဝေဝေဆာဆာပွင့်ဖူးနေ
2022-01-25 00:00|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲမှ ဟယ်ခုတ် ယောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နန်ရှီးမြို့နယ်တွင် Camellia Fascicularis များသည် ဝေဝေဆာဆာ ပွင့်ဖူးနေ၍ ရွှန်းတင့်တောက်ပသည်။
Camellia Fascicularis သည် “ရုက္ခပင်ကမ္ဘာ၏ ပန်ဒါကြီး”ဟု ချီးကျူးခံခဲ့ပြီး အလွန်မြင့်မားသော စီးပွားရေး၊ အလှဗေဒ၊ ဇီဝလက္ခဏာနှင့် သုတေသနတန်ဖိုး ရှိပါသည်။ Camellia Fascicularis အုပ်စု ၏ အမျိုးအစား များစွာရှိ၍ ၂၀၂၁ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သော "နိုင်ငံတော် အလေးပေးထိန်းသိမ်းသော တောရိုင်းရုက္ခပင်များစာရင်း" အရ ကမဲလီးယားမျိုးစု Camellia Fascicularis (မျိုးစိတ်အားလုံး) သည် နိုင်ငံတော် ဒုတိယတန်းစား ကာကွယ်ထိန်းသိမ်းထားသော ရုက္ခပင် ဖြစ်ပါသည်။ Camellia Fascicularis များ၏ နမူနာကို ဟယ်ခုတ်မှ ဆွတ်ခူး၍ ယူနန်ပြည်နယ်တွင် အထူးရှိ၊ အလွန်သေးငယ်သော မျိုးနွယ်စုရုက္ခပင် ဖြစ်၍ ဟယ်ခိုခရိုင်၏ ခရိုင်ပန်းအဖြစ် သတ်မှတ်ပါသည်။
Camellia Fascicularisi များကို ထိန်းသိမ်းကာကွယ်ရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နန်ရှီးမြို့နယ်သည် ဒေသခံလုပ်ငန်းများကို မှီခိုပြီး မျိုးစေ့ မွေးပွားယူခြင်းစသည့် နည်းလမ်းများဖြင့် Camellia Fascicularis များကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ခြင်းနှင့် သုတေသနပြုခြင်းကြောင့် အောင်မြင်စွာ မျိုးကောင်းမျိုးသန့်ပြုစုခြင်းကို အကောင်အထည်ဖော်ခဲ့ပါသည်။ အခုတလော နန်ရှီးမြို့နယ်တွင် Camellia Fascicularisများ အပင် အမျိုးပေါင်း ၄၃၀၀၀ ကျော်ကို စိုက်ပျိုး၍ တောင်သူလယ်သမားများနှင့် လုပ်ငန်းများမှာ Camellia Fascicularisများ စိုက်ပျိုးခြင်းကို ပြန့်ပွာအောင် လုပ်ခြင်းအားဖြင့် စီးပွားရေးအကျိုးစွမ်းဆောင်မှု ပိုမိုထင်ရှားသိာလာပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့