ဗီယင်ကျန်းမြို့မှ ကူမင်းထိန်ကျွင် ကုန်းဆိပ်ကမ်းသို့ ပထမဆုံး တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားသည် အောင်မြင်စွာ ရောက်ရှိ
2022-01-11 00:00|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗီယင်ကျန်းတောင်ဘူတာရုံ(လာအို)မှ ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းသို့ ပထမဆုံး တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားသည် အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်၊ ဤနိုင်ငံတကာ ကုန်တင်ရထားပေါ်တွင် လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် သံကျောက် အတန် ၁၂၀၀ ကို တင်ဆောင်ထားပါသည်။
ဒီဇင်ဘာလ ၄ ရက်နေ့တွင် ယူနန်ပြည်နယ်မှ ထူးခြားချက်လက္ခဏာရှိ လယ်ယာထွက်ကုန်များကို အပြည့်တင်ဆောင်ထားသည့် အေးခဲကွန်တိန်နာ တရုတ်-လာအို ကုန်တင်ရထားသည် ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းမှ ထွက်ခွာ၍ ဒီဇင်ဘာလ ၅ ရက်နေ့တွင် လာအိုနိုင်ငံ ဗီယင်ကျန်းတောင်ဘူတာရုံသို့ ရောက်ရှိခဲ့ပါသည်။ ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းမှ အလုပ်အဖွဲ့သည် ဗီယင်ကျန်းတောင်ဘူတာရုံနားမှ ကုန်တလင်း၌ သံကျောက် အတန် ၁၂၀၀ စုစည်းပြီးမြောက်၍ တရုတ်-လာအို ရထားလမ်းအလျှောက် မြောက်ဘက်သို့ ကီလိုမီတာ ၁၀၀၀ ကျော် ခုတ်မောင်းပြီး ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။ ကုန်စည်များ ဆိပ်ကမ်းသို့ ရောက်ရှိပြီးနောက် ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းသည် သံကျောက်များကို သံနှင့်သံမဏိ ကျိုချက်စက်ရုံထံ ဖြန့်ဖြူးပို့ဆောင်သွားမည်။
“နိုင်ငံတကာ ကုန်တင်ရထားရဲ့ ရောက်ရှိခြင်းက ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းက တစ်နေရာတည်းမှာ ဘက်စုံဝန်ဆောင်မှုနဲ့ တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထား ကတစ်ဆင့် သယ်ယူပို့ဆောင်တဲ့ ကုန်စည်အများအပြားအတွက် အရောင်းအဝယ် လွယ်ကူစေခြင်း၊ ဈေးကွက်မှာ အရောင်းအဝယ်ပြုခြင်း၊ ကုန်စည်စုစည်းခြင်းနဲ့ ဖြန့်ဖြူးခြင်း၊ ကုန်စည်ပို့ဆောင်ခြင်း ဖြစ်တဲ့ ဝန်ဆောင်ခြင်းနဲ့ ဖွံ့ဖြိုးရာနေရာ ပေးတဲ့စွမ်းရည်နဲ့ ပြည့်စုံတယ်”ဟု ယူနန်ထိန်ကျင် ကုန်စည်ပို့ဆောင်ရေး အစုရှယ်ယာလီမီတက်ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ထန်ဟိန် ပြေားဆိုခဲ့ပါသည်။
လာမည့် ၅ နှစ်အတွင်း ပြည်တွင်းပြည်ပမှ ပူးပေါင်းဆောင်ရွက်မှု အဖော်များနှင့် ကုန်စည်အမျိုးမျိုးသည် ထိန်ကျွင်ဧရိယာထဲ၌ အဆက်မပြတ် စုစည်းကြ၍ တစ်နှစ်လျှင် ယွမ် ထရီလီယံနှင့်ချီသော ကုန်စည်ဝန်ဆောင်မှုနှင့် အရောင်းအဝယ်ပြုမှု စုစုပေါင်းပမာဏကို အကောင်အထည်ဖော်နိုင်မည် ခန့်မှန်းကြောင်း၊ ထိန်ကျွင် နိုင်ငံတကာ ကုန်းဆိပ်ကမ်းသည် ယူနန်ပြည်နယ်၊ ဇိချွမ်းပြည်နယ်၊ ကွေ့ကျူးပြည်နယ်နှင့် ဆန်ရှီပြည်နယ်စသည့် အနောက်ပိုင်း ပြည်နယ်များအတွက် အာမခံချက်နှင့် ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင် သည့်အပြင် တရုတ်ပြည် မြောက်ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် အရှေ့ပိုင်းဒေသအတွက် အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် ပေါက်ရောက်ရာလမ်း အသစ်၏ ဝန်ဆောင်မှုအလုပ်များကိုလည်း ကောင်းကောင်း လုပ်ကိုင်နိုင်၍ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက် လုံခြုံမှုကို အာမခံချက်ရှိစေရန် ပံ့ပိုးကူညီမှု ပေးနိုင်ကြောင်း ထန်ဟိန် ဖော်ပြခဲ့ပါသည်။
昆明信息港讯(昆明日报 记者殷雷 通讯员李娟)12月21日,从万象南(老挝)—腾俊国际陆港的中老国际货运列车首班顺利抵达,该国际货运列车装载着老挝出口中国的1200吨铁精矿。
12月4日,满载云南特色农产品的冷链集装箱中老铁路专列从腾俊国际陆港驶出,于12月5日抵达老挝万象南站。腾俊国际陆港团队在万象南站附近货场完成1200吨铁精矿的集货,沿中老铁路向北奔驰1000多公里到达腾俊国际陆港。货物到港后,腾俊国际陆港将把铁精矿配送至钢铁冶炼厂。
“国际货运列车的到达,标志着腾俊国际陆港完全具备以一站式综合服务,为中老国际列车带动的大宗商品提供贸易便利化、市场交易、商品集散及物流配送的承载与发展空间。”云南腾晋物流股份有限公司总经理汤恒说。
“预计5年内,国内外合作伙伴和商品品类在腾俊园区内不断集聚,可实现每年以万亿元为单位的商品服务交易总额目标。”汤恒表示,腾俊国际陆港不仅能为云南、四川、贵州、陕西这些西部省份做好保障与服务,也能对华北、华中和华东地区做好国际供应链新通道的服务工作,为保障国际供应链安全作出应有的贡献。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့