တိန်ကျုံးနယ်သစ်နှင့် ကူမင်းဧရိယာအပိုင်းတို့သည် ပြုပြင်ပြောင်းလဲရေး ဝန်ဆောင်မှုလုပ်ငန်း တွင်ကျယ်အောင် တွန်းဆော်
2022-01-11 15:58|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော တိန်ကျုံးနယ်သစ် အုပ်ချုပ်ရေး စစ်ဆေးအတည်ပြုလုပ်ငန်း ဦးစီးဌာနနှင့် တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) အုပ်ချုပ်ရေး စစ်ဆေးအတည်ပြုလုပ်ငန်း ဦးစီးဌာန တို့သည် အစိုးရလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမှုကိစ္စများ “နယ်ဖြတ် သို့သော်လည်း အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ရန်” ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ရေးဆွဲချုပ်ဆိုခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်သည် ဤပြုပြင်ပြောင်းလဲရေး ဝန်ဆောင်မှုလုပ်ငန်း တွင်ကျယ်အောင် အားသွန်ခွန်စိုက် တွန်းဆော်၍ လာမည့်နှစ် ပထမနှစ်ဝက်တွင် ဖော်ဆောင်ရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး အသေးစားဝန်ဆောင်မှုများဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ပြုသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၏ ကြီးမားသော သက်ဝင်အားကို နှိုးဆော်မည်။
တိန်ကျုံးနယ်သစ်မှ ကိစ္စရပ် ၃၅ ရပ်နှင့် ကူမင်းဧရိယာအပိုင်းမှ ကိစ္စရပ် ၅၇ ရပ်ကို “နယ်ဖြတ် သို့သော်လည်း အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ရန်” အကောင်အထည်ဖော် သည့်အတွက် ပထမဦးဆုံး တက်ကြွစွာ တွန်းဆော်မည်။ ၎င်းအနက် တိန်ကျုံးနယ်သစ်မှ ကိစ္စရပ် ၃၅ ရပ်သည် လုပ်ငန်းကုမ္ပဏီဆိုင်ရာ ကိစ္စရပ်များ ဖြစ်၍ ကူမင်းဧရိယာအပိုင်းမှ ကိစ္စရပ် ၅၇ ရပ်သည် တစ်ဦးချင်းကိစ္စရပ်များနှင့် လုပ်ငန်းကုမ္ပဏီကိစ္စရပ်များ ပါဝင်ပါသည်။ ဇုန်နယ်နှစ်ခု၏ အစိုးရလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု တိုက်ခန်းဆောင်ကြီးထဲတွင် ပြတင်းပေါက်ကိုလည်း အပြန်အလှန် ထူထောင်မည်။
ဇုန်နယ်နှစ်ခုသည် အစိုးရလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမှုကိစ္စများ “နယ်ဖြတ် သို့သော်လည်း အကန့်အသတ်မရှိ ဆောင်ရွက်နိုင်ရန်” စုပေါင်းအားထုတ် တွန်းအားပေးသည်မှာ “အစိုးရရုံးကို လူနည်းနည်းနှင့် အလုပ်တွင်ကျယ်အောင်လုပ်ပြီး အောက်ခြေသို့ အခွင့်အာဏာအချို့ လွှဲအပ်ပေးခြင်း၊ ကြပ်မတ်အုပ်ချုပ်ခြင်းကို ဆန်းသစ်တီထွင်ပြီး အားဖြည့်ပေးခြင်း၊ ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေခြင်း” ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး၍ နက်ရှိုင်းစွာ လုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေးပတ်ဝန်းကျင် ကောင်းမွန်စေပြီး မြှင့်တင်ခြင်း၊ မြို့တွင်းရပ်ကွက် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေး မူဘောင်ကို အခြေခံပြုပြီး ရှေ့ဆောင်စမ်းသပ်ပြီး ရှေ့ပြေးသည့် ဇုန်နယ်သည် အစိုးရလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုအမှုကိစ္စများ နှင့်ပတ်သက်သည့် အယူအဆအသစ်များနှင့် စနစ်အသစ်များကို တက်ကြွစွာ စူးစမ်းရှာဖွေသည့် အဆန်းထွင်ဆောင်ရွက်ချက် ဖြစ်၍ ယူနန်ပြည်နယ်၊ ကူမင်းမြို့တို့သည် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အတားအဆီးများကို ချိုးဖျက်ရန် စူးစမ်းရှာဖွေ သည့်အတွက်၊ ဒေသစီးပွားရေး အတွင်းလည်ပတ်ခြင်းကို တွန်းအားပေး သည့်အတွက်၊ ပူးတွဲဆောင်ရွက်ခြင်း၊ ဒေသပေါင်းစပ်ခြင်းအားဖြင့် ဒေသတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲကူညီပံ့ပိုးပေး သည့်အတွက် အတွေ့အကြုံများနှင့် နမူနာများကို တင်ပြမည် ဖြစ်ပါသည်။
日前,滇中新区行政审批局与自贸试验区昆明片区(昆明经开区)行政审批局签订《政务服务“跨区通办”合作协议》。双方将全力推动这项改革服务,力争在明年上半年落地,以细小服务激发市场主体的庞大活力。
首批将积极推动滇中新区35个事项、自贸试验区昆明片区57个事项实现“跨区通办”。其中,滇中新区35个事项均为涉企事项;自贸试验区昆明片区的57个事项包含个人事项和涉企事项。两区政务服务大厅还将互设窗口。
两区合力推动政务服务“跨区通办”,是进一步深化“放管服”改革,优化提升营商环境,在市区融合发展框架下,先试先行区积极探索政务服务新理念和新机制的创新举措,将为云南省、昆明市探索打破区域行政壁垒,推动区域经济内循环,协同联动、区域融合,共同助力区域高质量发展提供经验和样本。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
