ယူနန်ပြည်နယ် စီတင့်ခရိုင်၌ ချယ်ရီပန်းများ တောတောင်အနှံ့ ယှဉ်ပြိုင်ပွင့်ဖူးနေ

2022-01-10 10:35|ရောင်စုံတိမ်တံတား

00304360494_25bc195d

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဤရက်များတွင် ပေါင်စန်းမြို့ စီတင့်ခရိုင် ကျူချိန်ကျေးရွာအုပ်စု ဘာကျောင်လင်ရွာ ဟယ်ဆန့်ထင်အဖွဲ့ငယ်ထဲမှ မပြတ်မလပ် ဆက်စပ်ထားသော တောင်တန်းပေါ်တွင် အလေ့ကျပေါက်နေသော ချယ်ရီပန်းများ အနှံ့အပြား ယှဉ်ပြိုင်ပွင့်ဖူးနေကြပါသည်။ တစ်စည်းစည်းတစ်စုစု ပေါက်နေသော ချယ်ရီပန်းများသည် ပန်းပင်လယ်ကို စုစည်းဖြစ်လာ၍ လူကို တွေဝေမိန်းမောစေပါသည်။ လေကြောင်းမှ ရိုက်ကူးထားသော မြင်ကွင်းထဲ၌ အလေ့ကျပေါက် ချယ်ရီပန်း အပင် သုံးလေးငါးသိန်းသည် သုံးလေးငါး ကီလိုမီတာ နိမ့်ချည်မြင့်ချည် မပြတ်မလပ် ဆက်စပ်လျက်ရှိပါသည်။ ဤအခါတွင် တောင်တန်းများသည် ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသော ကော်ဇောကဲ့သို့ ဖြစ်ပါသည်။ ချယ်ရီပန်းများသည် လန်းဆန်းဝေဆာပြီး ကဗျာနှင့် ပန်းချီကဲ့သို့ လှပ၍ ခရီးသည်များကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်ကြပါတယ်။

ကျန်ဇုံရောင်သည် ကျူချိန်ကျေးရွာအုပ်စု ဘာကျောင်လင်ရွာ ဟယ်ဆန့်ထင်အဖွဲ့ငယ်မှ ရွာသား ဖြစ်၍ ဤရာသီရောက်တိုင်း ချယ်ရီပန်းများ ကြည့်ရှုရန် အကောင်းဆုံးသော နေရာသို့ သွားရောက်ပြီး ဓာတ်ပုံရိုက်လျက်ရှိပါသည်။ ဟယ်ဆန့်ထင်အဖွဲ့ငယ်သည် ဆန့်ကျူးသစ်တောကွင်းခြေတွင် တည်ရှိနေ၍ ထူးခြားသော မြေပြင်လက္ခဏာနှင့် သင့်တော်သော မြေဆီလွှာ၊ ရာသီဥတုတို့သည် ချယ်ရီပန်းများ၏ ပေါ်ပေါက်ခြင်းအတွက် အလွန်လိုက်ဖက်ပါသည် ဖြစ်ကြောင်း ကျန်ဇုံရောင် မိတ်ဆက်ပေးခဲ့ပါသည်။ ချယ်ရီပန်းများ ပွင့်ဖူးသောအချိန်ကာလတွင် လေပြေ ဖြည်းဖြည်းညှင်းညှင်း တိုက်ရင်း ဂဏန်းနှင့် မဖော်ပြနိုင်သော ချယ်ရီပန်းပွင့်ဖတ်များသည် လေပြေထဲတွင် ခပ်ကြော့ကြော့နှင့် ကခုန်ပြီး ပန်းရောင်ဖြစ်သော ဇာထည်ကဲ့သို့ လေပြေအလိုက် လွင့်ပျံထားပါသည်၊ ပီတိသောမနဿ ဖြစ်စေသည့် ပန်း၏မွှေးရနံ့သည် လေပြေတိုက်ခြင်းဖြင့် အပြည့်ရှိ၍ လူများသည် နတ်ပြည်ထဲတွင် နေသကဲ့သို့ ခံစားမိပါသည်။


00304360494_25bc195d

连日来,保山市施甸县旧城乡芭蕉林村和尚田组连片的山峦上,漫山遍野的野樱花竞相开放。一簇簇、一丛丛,汇聚成花的海洋,让人如痴如醉。航拍镜头下,数十万株野樱花连绵数公里,起伏跌宕。此时的山峦,宛若一张色彩绚丽的地毯。樱花烂漫、如诗如画,吸引众多游人前去打卡。

蒋忠尧是旧城乡芭蕉林村和尚田组村民。每到这个季节,他常常到最佳赏花地打卡拍照。蒋忠尧介绍,和尚田组地处善洲林场脚下,独特的地形地貌和适宜的土壤气候,非常适合野樱花生长。盛开时节,微风轻拂,无数的樱花瓣在风中翩跹起舞,似粉色的轻纱随风浮动,沁人心脾的花香随风弥漫,仿佛置身仙境之中。


အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်