ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်မှ ဟာနီလှေကားထစ်လယ်ကွက်သည် ကြည့်ရှုရန် အကောင်းဆုံးသောအချိန်ထဲသို့ ဝင်ရောက်

2021-12-28 21:43|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) နံနက်ခင်းတွင် ယွမ်ရမ်ဟာနီလှေကားထစ်လယ်ကွက်သည် ပါးသောတိမ်လွှာဖြင့် ဖုံးလွှမ်းခံထားပြီး မျဉ်းကွေးပေါ်ထွန်းလာသလိုလို ပျောက်ကွယ်သွားသလိုလို ဖြစ်၍ မှိုင်းမှုန်လှပပါသည်။ ကျယ်ဝန်းသော လှေကားထစ်လယ်ကွက်ထဲတွင် တိမ်စိုင်တိမ်ရိပ်များ လူးလှိမ့်လှုပ်ရှားနေပြီး အုံ့ဆိုင်းလျက်ရှိ၍ နတ်ပြည်ကဲ့သို့ လှပပါသည်။

လှေကားထစ်လယ်ကွက်သည် မတူသောရာသီချိန်၌ မတူသောရှုခင်းများ ရှိလျက်ရှိပါသည်၊ နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလမှ နောက်နှစ် ဧပြီလအထိ ဟာနီလှေကားထစ်လယ်ကွက်၏ ရေပေါများသောအချိန် ဖြစ်သည့်အပြင် ကြည့်ရှုရန် အကောင်းဆုံးသောအချိန်လည်း ဖြစ်ပါသည်။ ဤအချိန်ကာလထဲမှ လှေကားထစ်လယ်ကွက်သည် နေရောင်ခြည်အောက်တွင် အလွန်ကြည်လင်သန့်ရှင်း၍ သစ်တော၊ ကျေးရွာ၊ လှေကားထစ်လယ်ကွက်နှင့် မြစ်စဉ်စု ဟူသော အကြောင်းအချက် ၄ ရပ်ဖြင့် ဖွဲ့စည်းလာသော ဂေဟစနစ်သည် လူနှင့်သဘာဝအကြား ပြေပြစ်စွာ အတူတူနေထိုင်ကြသော လှပပန်းချီကားလိပ်ကို ရေးဆွဲထားပါသည်။

清晨,元阳哈尼梯田被一层薄薄的云雾笼罩,曲线若隐若现,朦胧又唯美。广袤的梯田中,翻腾、弥漫、晕染的云海,犹如仙境般。

梯田在不同的季节有不同的景色,每年11月至次年4月是哈尼梯田的“丰水期”,也是元阳哈尼梯田的最佳观赏期。此时的梯田波光粼粼,“森林、村寨、梯田、水系”四素同构的生态系统,勾勒出一幅人与自然和谐共生的美丽画卷。(云南网 通讯员罗建国 方婷 张婷)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်