၂၀၂၁ ခုနှစ် လန်ချမ်း-မဲခေါင် ရုပ်သံဇာတ်လမ်းတွဲပြပွဲကို ကူမင်းမြို့၌ စတင်ကျင်းပ
2021-12-09 15:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရုတ်နိုင်ငံ ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနချုပ်၊ လာအိုနိုင်ငံ သတင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဌာန၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့သည် အတူတူ ဦးစီးကျင်းပသည့် ၂၀၂၁ ခုနှစ် လန်ချမ်း-မဲခေါင် ရုပ်သံဇာတ်လမ်းတွဲပြပွဲကို ယူနန်ပြည်နယ် ကူမင်းမြို့၌ တရားဝင် စတင်ကျင်းပခဲ့ပါသည်။ ဤအကြိမ်ပြပွဲသည် “အိမ်နီးချင်းနိုင်ငံနှင့် ချစ်ခင်သင့်မြတ်စွာ မိတ်ဝတ်မပျက် ဆက်ဆံခြင်းနှင့် အိမ်နီးချင်းနိုင်ငံ အကျိုးရစေခြင်း၊ အပြန်အလှန် ချိတ်ဆက်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် လန်ချမ်း-မဲခေါင် နိုင်ငံများအကြားမှ ရေဒီယိုနှင့် ရုပ်မြင်သံကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပေါများသော အောင်မြင်ချက်များကို ပြသရန် အလင်းဆုံပေး၍ တရုတ်-လာအို ရိုးရာချစ်ကြည်ရေးကို စုစည်း ဝါဒဖြန့်ပါမည်။
ဖွင့်ပွဲအခမ်းအနားတွင် “Plumeria rubra L. cv. Acutifolia အောက်မှ ချိန်းဆိုမှု” ဟူသော တရုတ်-လာအို ပူတွဲရိုက်ကူးသည့် ပထမဆုံး တီဗွီဇာတ်လမ်း ထုတ်လွှင့်ခြင်း စာချုပ်ကို ချုပ်ဆိုခဲ့ပါသည်၊ တရုတ်-လာအို သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အောင်မြင်ချက်များ ထုတ်ပြန်ခြင်းနှင့် “သင့်မြတ်သော လန်ချမ်း-မဲခေါင်၊ တရုတ်-လာအို ရထားလမ်း တည်ဆောက်ရေး မှတ်တမ်းတင်” ဟူသော တရုတ်-လာအို ရထားလမ်း တည်ဆောက်ရေး မှတ်တမ်းတင်ရုပ်ရှင် စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်၊ “ရောင်စုံ လန်ချမ်း-မဲခေါင်၊ ရောင်စုံယူနန်” ဟူသော အရည်အသွေး ကောင်းမွန်သော ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များ ပြသထုတ်လွှင့်ခြင်း လှုပ်ရှားမှုများ၏ trailers ကို ထုတ်လွှင့်ခဲ့ပါသည်၊ လန်ချမ်း-မဲခေါင် နိုင်ငံများမှလာသည့် “မဲခေါင်မြစ် စောင့်ကြည့်ခြင်း” “မဲခေါင်မြစ်ရဲ့ ပုံပြင်၊ မြစ်ပေါ်ရှိခြင်း” “ထိုင်းနိုင်ငံက လက်မှုအနုပညာရှင်ရဲ့ အံ့ဖွယ်ပုံပြင်” စသည့် ရေဒီယိုနှင့် ရုပ်မြင်သံကြားလက်ရာ အခု ၃၀ ကျော်ကို ယူနန် လန်မဲနိုင်ငံတကာ ဂြိုဟ်တုရုပ်မြင်သံကြား၊ လာအို အသံနှင့် ရုပ်မြင်သံကြားဌာန၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားဌာန၊ Radio The Voice of Vietnam၊ ကမ္ဘောဒီးယား Stung Sen TV၊ ထိုင်းနိုင်ငံ New TV စသည့် လန်ချမ်း-မဲခေါင် နိုင်ငံများမှ သတင်းမီဒီယာပလက်ဖောင်းများပေါ်တွင် ပြသထုတ်လွှင့်ပါမည်။ ရုပ်သံဇာတ်လမ်းတွဲပြပွဲ ကျင်းပရာတွင် “တစ်မြစ်ထဲကရေကို အတူသောက်သုံး၊ လန်ချမ်း-မဲခေါင်က မိသားစုလို ချစ်ခင်ရင်းနှီး” ဟူသော လန်ချမ်း-မဲခေါင် သတင်းမီဒီယာများ ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ချက်များပြပွဲ၊ “လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းမီဒီယာများ၏ တာဝန်” ဟူသော ခေါင်းစဉ်ဖြင့် အွန်လိုင်းစကားပြောပွဲ စသည့် လှုပ်ရှားမှုများကိုလည်း ကျင်းပပါမည်။
ဤနှစ်သည် လန်ချမ်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်ခြင်း ၅ နှစ်ပြည့်၊ တရုတ်-လာအို သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် ဖြစ်၍ နောက်နောင်တွင် ယူနန်ပြည်နယ်သည် ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန်ဖြစ်ထွန်းစေလိုခြင်း၊ အားလုံးလက်ခံပါဝင်နိုင်ခြင်း အတွေးအမြင်ကို ဆက်လက်လက်တွေ့ကျင့်ဆောင်၍ “လက်တွေ့ကျကျ အကျိုးသက်ရောက်မှု သိသာထင်ရှား”သော လန်ချမ်း-မဲခေါင် စိတ်ဓာတ်ကို ဖြစ်ထွန်းအောင် ဆောင်ရွက်၍ လန်ချမ်း-မဲခေါင် ရုပ်သံဇာတ်လမ်းတွဲပြပွဲဖြင့် အရေးပါသော ပလက်ဖောင်းအဖြစ် ရေဒီယိုနှင့် ရုပ်မြင်သံကြားနှင့် အင်တာနက် သတင်းမီဒီယာများ အကြားမှ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးပြီး တိုးချဲ့နက်ရှိုင်းစေ၍ ပြည်သူချင်း စိတ်ချင်းဆက်နွယ်စေရန် ယဉ်ကျေးမှု ဖလှယ်ရေး နက်ရှိုင်းစေရန် ပိုမိုတက်ကြွသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ပါမည်။
12月1日,由中国国家广播电视总局、老挝新闻文化旅游部、云南省人民政府共同主办的2021年澜湄电视周在云南昆明正式启动。本届电视周以“睦邻惠邻、互联互通”为主题,聚焦展现澜湄国家广电视听合作丰硕成果,集中宣传中老传统友好情谊。
启动仪式上,签署了首部中老合拍电视剧《占芭花下的约定》播出协议,举行了中老媒体合作成果发布暨中老铁路建设纪录片《和合澜湄——中老铁路建设纪实》开播仪式,播放了“七彩澜湄•彩云之南”优秀视听节目展映展播活动片花,《守望湄公河》《湄公河的故事—在河上》《泰国手工艺大师传奇》等30多部来自澜湄国家的视听作品将在云南澜湄国际卫视、老挝国家电视台、缅甸国家电视台、越南之声、柬埔寨Stung Sen TV、泰国New TV等澜湄国家媒体平台展播。电视周还将举办“共饮一江水,澜湄一家亲”澜湄媒体合作成果展、“澜湄合作与媒体担当”线上主题对话会等系列活动。
今年是澜湄合作机制建立5周年、中老建交60周年,下一步云南将继续践行亲诚惠容理念,发扬“务实高效”的澜湄精神,以澜湄电视周为重要平台,进一步拓展深化广播电视和网络视听媒体合作,为促进民心相通、深化文明交流互鉴发挥更加积极的推动作用。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့


