ပထမဆုံး ကူမင်းမြို့မှ ထွက်ခွာသည့် တရုတ်-လာအို ရထားလမ်း၏ နိုင်ငံတကာ ကုန်တင်ရထားသည် ဗီယင်ကျန်းမြို့သို့ ရောက်ရှိ
2021-12-09 15:12|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကုန်စည်အပြည့် တင်ဆောင်ထားသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ ထွက်ခွာသည့် ကုန်တင်ရထားတစ်စင်းသည် ဒေသစံတော်ချိန် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လာအိုနိုင်ငံမြို့တော် ဖြစ်သည့်ဗီယင်ကျန်းမြို့သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပါသည်၊ ၄င်းမှာ တရုတ်-လာအို ရထားလမ်းသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် လိုင်းတစ်လျှောက်လုံး စတင်ပြေးဆွဲပြီးနောက် ပထမဆုံး ကူမင်းမြို့မှ ထွက်ခွာသည့် တရုတ်-လာအို ရထားလမ်း၏ နိုင်ငံတကာ ကုန်တင်ရထား ဖြစ်ပါသည်။
“ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” အဆိုပြုချက်၏ လက်တွေ့ အကောင်အထည်ဖော် ဆာင်ရွက်သူ၊ တရုတ်-လာအို ချစ်ကြည်ရေး၏ တမန်တော်တို့ ဖြစ်နိုင်ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာမိ ရုံသာမက စိတ်လှုပ်ရှားတက်ကြွမိကြောင်း၊ လမ်းတစ်လျှောက်လုံးတွင် ကုန်တင်ရထား လုံးခြုံစွာ ပြေးဆွဲနိုင်ရန် အာရုံစူးစိုက် အာမခံပေးခဲ့ပါကြောင်း ရထားမောင်းသူ ကျူးယိခွေသည် ပြောခဲ့ပါသည်။
ကုန်တင်ရထားကို ကြိုဆိုရန် ဘူတာရုံသည် အစစအရာရာ အပြည့်အစုံ ရှိအောင် အသင့်ပြင်ဆင်ထားပါကြောင်း၊ကုန်တင်ရထားပေါ်တွင် တရုတ်မှ ထုတ်လုပ်သည့် ဖော့စဖိတ်မြေသြဇာ၊ ဖော့စဖိုရစ်အက်ဆစ် တိရစ္ဆာန်ကျွေးစာများကို တင်ဆောင်ထားပါကြောင်း၊ ဘူတာရုံသည် ကုန်ပစ္စည်းပိုင်ရှင်ကို တစ်ဆင့်ပို့ဆောင်ရန် အကောက်ခွန်ရုံထံ အစီရင်ခံရန် ကုန်ပစ္စည်းများအား ထိုင်းနိုင်ငံသို့ တစ်ဆင့်ပို့ဆောင်ရန် ကူပံ့မည် ဖြစ်ကြောင်း ဗီယင်ကျန်းတောင်ဘူတာရုံမှ ဘူတာရုံပိုင် လီထုံရှီသည် သတင်းထောက်ကို ပြောပြခဲ့ပါသည်။ အခု ဘူတာရုံမှ ဝန်ထမ်းထဲတွင် တရုတ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင်နှင့် စီမံခန့်ခွဲသူ ၉ ယောက်၊ လာအိုနိုင်ငံမှ အလုပ်သမား ၅၉ ယောက် ပါဝင်ထားပါသည်။
တရုတ်-လာအို ရထားလမ်းသည် မြောက်ဘက်တွင် ကူမင်းမြို့မှစပြီး တောင်ဘက်တွင် ဗီယင်ကျန်းမြို့သို့ ရောက်ရှိ၍ တရုတ်နိုင်ငံ စံချိန်စံညွှန်းကို အသုံးပြုသည့်၊ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲတည်ဆောက်ပြေးဆွဲသည့်၊ တရုတ်ရထားလမ်းကုန်ယက်နှင့် တိုက်ရိုက်ချိတ်ဆက်သည့် ပထမဆုံး ပြည်ပရထားလမ်း ဖြစ်၍ အရှည်မှာ စုစုပေါင်း ၁၀၃၅ ကီလိုမီတာ ရှိပါသည်။ တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံးသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ပြေးဆွဲ၍ ပထမဆုံး ဗီယင်ကျန်းမြို့မှ ထွက်ခွာသည့် နိုင်ငံတကာ ကုန်တင်ရထားသည် ၄ ရက်နေ့တွင် တရုတ်ပြည်တွင်းသို့ ရောက်ရှိခဲ့ပါသည်။
တရုတ်-လာအို ရထားလမ်းသည် နှစ်နိုင်ငံအကြား ကုန်စည်ပို့ဆောင်ရေးအချိန်ကို များစွာ လျှော့ချစေ၍ ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်ကို များစွာ လျှော့ချစေနိုင်မည်။ တရုတ်-လာအို ရထားလမ်း၏ လာအိုပြည်တွင်းမှ နာသွင်ဘူတာရုံ၊ လွမ်ပရာဘွမ်ဘူတာရုံ၊ ဗီယင်ကျန်းတောင်ဘူတာရုံ စသည့် ဘူတာရုံများ၌ ကုန်ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။ အခု ဗီယင်ကျန်းတောင်ဘူတာရုံမှ ပို့ဆောင်ရန် ကြိုတင် သတ်မှတ်ထားသည့် ကုန်ပစ္စည်းများသည် အတန် ၁ သိန်းကျော် ရှိပါပြီ။
一列满载货物、从中国云南昆明始发的列车当地时间4日晚顺利抵达老挝首都万象,这是中老铁路3日全线开通运营后首趟从昆明始发的中老铁路国际列车。
司机周玉奎说,能够成为“一带一路”倡议的践行者,成为中老友谊的使者,自己感到“高兴又激动”,一路上聚精会神确保列车行车安全。
万象南站站长李同许告诉记者,为迎接列车,车站做了充分准备。列车装载着中国生产的磷肥、磷酸饲料,车站方面将协助货主转运、报关,把货物转运到泰国。据介绍,目前车站员工包括中国技术、管理人员9人,老挝员工59人。
中老铁路北起昆明,南至万象,是第一条采用中国标准、中老合作建设运营,并与中国铁路网直接连通的境外铁路,全长1035公里。中老铁路3日全线开通运营,首趟从万象始发的国际货物列车4日抵达中国境内。
中老铁路将大幅减少两国货物运输的时间,降低物流成本。据介绍,中老铁路老挝段的纳堆站、琅勃拉邦站、万象南站等车站都可以办理货运业务。目前,预定从万象南站发出的货物已超过10万吨。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့



