၂၀၂၁ ခုနှစ် SCO ကူမင်း အွန်လိုင်း မာရသွန်အပြေးပြိုင်ပွဲကို ပါဝင်ရန် နာမည်စာရင်း စတင်ပေးသွင်း

2021-12-09 15:02|ရောင်စုံတိမ်တံတား

 10

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၁ ရက်နေ့တွင် ၂၀၂၁ ခုနှစ် SCO (ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့) ကူမင်း အွန်လိုင်း မာရသွန်အပြေးပြိုင်ပွဲကို ပါဝင်ရန် နာမည်စာရင်း စတင်ပေးသွင်းခဲ့ပါသည်၊ ပြိုင်ပွဲကို အွန်လိုင်းပေါ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ တရားဝင်ကျင်းပမည်။

11

ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ဤနှစ်ကျင်းပမည့် SCO ကူမင်း မာရသွန် အပြေးပြိုင်ပွဲသည် အွန်လိုင်းပြိုင်ပွဲစနစ်ကို ဆက်လက် အသုံးပြု၍ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ နာမည်စာရင်း ပေးသွင်းနိုင်၍ ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည်။ ဤအကြိမ် အွန်လိုင်းပြိုင်ပွဲသည် မာရသွန်၊ ထက်ဝက်မာရသွန်နှင့် ပြည်သူလူထု အပြေးပြိုင်ပွဲ အစီအစဉ် ၃ ခုကို စီစဉ်၍ နာမည်စာရင်းပေးသွင်း ပြီးနောက် ပြိုင်ပွဲပါဝင်သူသည် Codoon APP ဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း ပါဝင်သည့် အစီအစဉ်ကို ပြီးဆုံးအောင် ဆောင်ရွက်ပြီး အောင်မြင်ချက်ကို တင်ပြရမည်။ ပြိုင်ပွဲပါဝင်သူသည် ဥယျာဉ်ခြံမြေ၊ အားကစားကွင်း၊ ကိုယ်လက်ကြံ့ခိုင်သန်စွမ်းရေး လျှောက်လမ်း စသည့်နေရာများကို ကိုယ့်ဖာသာကိုယ် ရွေးချယ်နိုင်၍ ရောဂါကာကွယ်ရေး ဂရုစိုက်ခြင်း၊ လူစုလူဝေး မဖြစ်အောင် ရှောင်ရှားခြင်းတို့ကို အခြေခံပြုပြီး ဒေသခံ ကာကွယ်ထိန်းချုပ်ရေးဦးစီးဌာန၏ တောင်းဆိုချက်များအရ ပြိုင်ပွဲကို သင့်သင့်လျော်လျော် ပါဝင်ပြီးဆုံးသွားရမည် ဖြစ်သည်။

12

အထူးသဖြင့် SCO ထူထောင်ရေး နှစ်(၂၀)ပြည့်ကို ဂုဏ်ပြုရန် ဤနှစ်တွင် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ ကျင်းပရေးကော်မတီသည် “SCO မာရသွန်အပြေးပြိုင်ပွဲများ” ဟူသော Mini Program မှတစ်ဆင့် မှတ်ပုံတင်ထားသည့် ပြည်တွင်းပြည်ပ ပါဝင်သူထဲတွင် ကံကောင်းသော အယောက် ၂ သောင်းကို ရွေးချယ်၍ ၂၀၂၁ ခုနှစ် SCO ကူမင်း မာရသွန်အပြေးပြိုင်ပွဲ အထိမ်းအမှတ်ဆုတံဆိပ်နှင့် ပုဝါတို့ကို အခမဲ့ပေး၍ ကျင်းပရေးကော်မတီသည် ပြိုင်ပွဲပြီးဆုံးပြီးမှ အလုပ်ရက် အရက် ၂၀ အတွင်း ဆုတံဆိပ်နှင့် ပုဝါတို့ကို အရွေးခံသည့် ပြါဝင်သူများအား ပေးပို့ပါမည်။

10

12月1日,2021上合昆明线上马拉松正式开启报名通道,比赛将继续以线上赛的方式进行,将于12月12日正式拉开赛幕,12月31日结束。

11

受疫情影响,今年的上合昆明马拉松将继续延续线上赛的比赛方式,比赛报名从2021年12月1日开始将一直持续至12月30日,比赛则从2021年12月12日正式开跑至12月31日结束。本次线上赛设马拉松、半程马拉松和大众健康跑三个项目,报名后参赛选手需使用咕咚APP在规定时间内完成所报项目,并将成绩上传。参赛选手可自行选择公园、操场、健身步道等场地,并在注意防护、避免扎堆聚集的前提下,根据当地防控部门要求妥当完成比赛。

12

值得一提的是,今年上合昆明马拉松组委会为庆祝上合组织成立20周年,将在“上合马拉松系列赛”小程序登记的选手中抽取20000名幸运国内外选手,免费赠送2021上合昆明马拉松纪念奖牌和毛巾,组委会将在活动结束后20个工作日内把奖牌和毛巾邮寄到中奖选手手中。(云南网记者 娄莹)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်