ကြံပင်ရိတ်သိမ်းချိန်တွင် လယ်သမားများသည် မအားမလပ် ရိတ်သိမ်းနေ
2021-12-08 17:45|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်ဟိုင်ခရိုင်မှ ကြံပင်များကို စတင်ရိတ်သိမ်း၍ လယ်သမားများသည် ရိတ်သိမ်းခြင်း၊ သယ်ယူပို့ဆောင်ရေး၊ တင်ဆောင်ခြင်းတို့ကို မအားမလပ် လုပ်နေပါသည်။
ကြံသကြားလုပ်ငန်းသည် မန်ဟိုင်ခရိုင်၏ အမာခံလုပ်ငန်းတစ်ခု ဖြစ်၍ အခုနှစ်များတွင် ကြံသကြားလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံကို အကောင်အထည်ဖော် သည့်အတွက် မန်ဟိုင်ခရိုင်သည် မျိုးသစ်များကို ရွေးချယ်ပျိုးထောင်ခြင်းနှင့် စံပြခြင်း၊ စုစည်းနည်းပညာများကို ပြန့်ပွားအောင်လုပ်ခြင်းနှင့် အသုံးပြုခြင်း၊ သိပံ္ပနည်းပညာ အောင်မြင်ချက် ပြောင်းလွဲလာခြင်းတို့ ဆိုင်ရာ စွမ်းအားကို ပိုမိုထည့်သွင်း၍ ကြံသကြားလုပ်ငန်းကို စက်ယန္တရားသုံးခြင်း၊ အတိုင်းအတာကြီးသော ခေတ်မီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသို့ ပြောင်းလဲစေရန် ပိုမိုလျင်မြန်စွာ တွန်းအားပေးခဲ့ပါသည်။ အခုတွင် မန်ဟိုင်ခရိုင်၌ ကြံပင် အမို ၂၃.၀၉ သောင်းကို စိုက်ပျိုးနေ၍ စက်ရုံထဲသို့ ထည့်သွင်းပြီး ကြိတ်ထားသည့် ကြံပင်ပမာဏ အတန် ၁၁၁ သောင်းရှိသည်ကို ခန့်မှန်းပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့








