တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံးသည် စတင်ပြေးဆွဲခဲ့၍ ခရီးစဉ်တစ်ခုလုံးတွင် ရှုခင်းသာယာလှပ

2021-12-08 11:29|ရောင်စုံတိမ်တံတား

 1

 (ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းတွင် တရုတ်-လာအို ရထားလမ်း လိုင်းတစ်လျှောက်လုံး သည် စတင်ပြေးဆွဲခဲ့ပါသည်။ ၁၀၃၅ ကီလိုမီတာရှည်သည့် ဤရထားလမ်းသည် မြောက်ဘက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့မှစ၍ တောင်ဘက်မှယိရှီး၊ ဖူအယ်၊ ဆစ်ဆောင်ပန်းနားတို့ကို ဖြတ်ကျော်၍ ချစ်ကြည်ရေး လိုဏ်ခေါင်းကို ဖြတ်ပြီးနောက် လာအိုနိုင်ငံသို့ ဝင်ရောက်ပြီး နောက်ဆုံး ဗီယင်ကျန်းသို့ ရောက်ရှိပါသည်။

2

တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲသည့် အစအဦးကာလတွင် ကူမင်းနှင့် ဗီယင်ကျန်းအကြား နေ့စဉ်နေ့တိုင်း နယ်စပ်ဖြတ်ကုန်တင်ရထား ၂ တွဲ ပြေးဆွဲပါသည်။ ကူမင်းနှင့် မိုဟန်အကြား၊ ဗီယင်ကျန်းနှင့် မိုတင်အကြား အပြန်အလှန် ချိတ်ဆက်သည့် မြန်နှုန်းမြင့် ခရီးသည်တင်ရထားများ ပြေးဆွဲ၍ ၎င်းအနက် ကူမင်းနှင့် မိုဟန်အကြား နေ့စဉ်နေ့တိုင်း အများဆုံးအားဖြင့် မြန်နှုန်းမြင့် ခရီးသည်တင်ရထား ၁၇.၅တွဲ ပြေးဆွဲနိုင်ပြီး ဗီယင်ကျန်းနှင့် မိုတင်အကြား နေ့စဉ်နေ့တိုင်း မြန်နှုန်းမြင့် ခရီးသည်တင်ရထား ၂ တွဲ ပြေးဆွဲနိုင်ပါသည်။

3

ခရီးသည်များသည် တရုတ်-လာအို ရထားလမ်းမှ မြန်နှုန်းမြင့် ခရီးသည်တင်ရထားများကို စီးလျှင် ကူမင်းမှ ဆစ်ဆောင်ပန်းနားသို့ အမြန်ဆုံး ၃ နာရီနှင့် ၂၄ မိနစ်ကြာ ရောက်ရှိနိုင်၍ ကူမင်းမှ မိုဟန်သို့ အမြန်ဆုံး ၅ နာရီနှင့် မိနစ်၂၀ ရောက်နိုင်၍ မိုတင်မှ ဗီယင်ကျန်းသို့ အမြန်ဆုံး ၃ နာရီနှင့် မိနစ်၂၀ ရောက်နိုင်ပါသည်။ လက်မှတ်အဖိုးဘက်တွင် အလိုအလျောက် အတက်အကျဖြစ်စေသော စနစ်ဖြင့် ကွဲပြားသော လက်မှတ်ခကို ဆောင်ရွက်ကာ ကူမင်းနှင့် ဖူအယ်အကြား အမြင့်ဆုံး အယွမ် ၁၇၀၊ အနိမ့်ဆုံး ၁၁၉ ယွမ်ဖြစ်၍ ကူမင်းနှင့် ဆစ်ဆောင်ပန်းနားအကြား အမြင့်ဆုံး ၂၁၇ ယွမ်၊ အနိမ့်ဆုံး ၁၄၇ ယွမ်ဖြစ်၍ ကူမင်းနှင့် မိုဟန်အကြား အမြင့်ဆုံး ၂၇၁ ယွမ်၊ အနိမ့်ဆုံး ၂၄၄ ယွမ်ဖြစ်၍ ဖူအယ်နှင့် ဆစ်ဆောင်ပန်းနားအကြား အမြင့်ဆုံး ၄၇ ယွမ်၊ အနိမ့်ဆုံး ၂၉ ယွမ်ဖြစ်ကြပါသည်။

4

5

6

7

8

9

 

1

12月3日下午,中老铁路全线开通运营。这条长1035公里的钢铁巨龙,北起云南昆明,一路向南经过玉溪、普洱、西双版纳,过友谊隧道后进入老挝,最终抵达万象。

2

中老铁路开通初期,在昆明至万象南间,每日开行跨境货物列车2对;在昆明至磨憨间、万象至磨丁间,开行点对点动车组旅客列车,其中,昆明至磨憨间每日最高可开行动车组列车17.5对,万象至磨丁间每日开行动车组列车2对。

3

旅客乘坐中老铁路动车组列车,从昆明至西双版纳最快3小时24分可达,昆明至磨憨最快5小时20分可达,磨丁至万象最快3小时20分可达。票价方面,执行浮动机制,实施差异化票价,昆明至普洱间最高170元、最低119元,昆明至西双版纳间最高217元、最低147元,昆明至磨憨间最高271元、最低244元,普洱至西双版纳间最高47元、最低29元。

4

5

6

7

8

9

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်