လာအို သင်တန်းသား အယောက် ၄၀ သည် ကူမင်းမြို့သို့ ရထားလမ်း တတ်ကျွမ်းမှုစွမ်းရည်များကို သင်ယူလာမည်
2021-11-30 09:43|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ် ဒီဇင်ဘာလတွင် လာအို သင်တန်းသား အယောက် ၄၀ သည် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်သို့ ဝင်ရောက်ပြီး ရထားလမ်းပညာရပ်ဆိုင်ရာ နည်းပညာနှင့် တတ်ကျွမ်းမှုစွမ်းရည် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ပါဝင်ဆောင်ရွက်မည် ခန့်မှန်းသည် ဖြစ်ကြောင်း အခုတလော သတင်းထောက်သည် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်မှ သိရှိရခဲ့ပါသည်။
တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံမှ ကုန်းတွင်းချိတ်ဆက် နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း” မဟာဗျူဟာနှင့် ချိတ်ဆက်ထားသော အရေးကြီးသော စီမံကိန်းတစ်ခု ဖြစ်၍ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက်ကို တင်ပြပြီးနောက် တရုတ်နိုင်ငံမှ အဓိကရင်းနှီးမြှုပ်နှံပြီး ဖောက်လုပ်ထားသည့်၊ လမ်းတစ်လျှောက်လုံး တရုတ်နိုင်ငံ စံချိန်နှင့် စီမံခန့်ခွဲမှုစံနှုန်းများဖြင့် တည်ဆောက်ထားပြီး တရုတ် ရထားလမ်းကွန်ယက်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသည့် ပထမဆုံး နိုင်ငံတကာ ရထားလမ်းတစ်လမ်းလည်း ဖြစ်ပါသည်။ ဤအကြိမ် လေ့ကျင့်ပျိုးထောင်ပေးခြင်း၏ ရည်ရွယ်ချက်မှာ လာအိုအတွက် ရထားလမ်းပညာရပ်ဆိုင်ရာ နည်းပညာနှင့် တတ်ကျွမ်းမှုစွမ်းရည်များ ရှိသည့် လူချွန်များကို ပြုစုပျိုးထောင်ပေး သည့်အပြင် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းအတွက် စွမ်းအားများကို သိုလှောင်ထားမည် ဖြစ်ပါသည်။
၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် နိုင်ငံတော် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရုံးသည် “လာအိုနိုင်ငံကို ကူပံ့သည့် ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ” စီမံကိန်းကို တရားဝင် ခွင့်ပြုပြီး ယခုနှစ် ဇူလိုင်လတွင် ယူနန်ပြည်နယ်ကို ဖွဲ့စည်းဆောင်ရွက်ရန် ရည်မှန်းချက်ဖြင့် တာဝန်လွှဲအပ် ပေးခဲ့ပါသည်။ ဤစီမံကိန်းသည် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်သည် တရုတ်နိုင်ငံ၏ အသက်မွေးပညာရေး ပုံစံကို မှီငြမ်းပြုပြီး လာအို ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ် အတွက် ဆရာအရည်အချင်း ပြည့်ဝသူ အယောက် ၄၀ ကို ပြုစုပျိုးထောင်ပေးမည် ဖြစ်ပါသည်။
ယခုတွင် လာအို သင်တန်းသား အယောက် ၄၀ သည် ကာကွယ်ဆေးထိုးခြင်း၊ ပြည်ဝင်ခွင့် ခွင့်ပြုချက်နှင့် ဗီဇာလျှောက်လွှာတင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ဒီဇင်ဘာလတွင် ကျောင်းထဲသို့ ဝင်ရောက်ပြီး သင်ယူနိုင်မည် ခန့်မှန်းပါသည်။ နောက်နောင်တွင် ကူမင်း ရထားလမ်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်သည် တရုတ်-လာအို၊ တရုတ်-ထိုင်း စသည့် ရထားလမ်း တတ်ကျွမ်းမှုစွမ်းရည် လေ့ကျင့်ပျိုးထောင်ပေးခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတကာ တတ်ကျွမ်းမှုစွမ်းရည်ရှိသည့် လူချွန်များအား ပြုစုပျိုးထောင်ခြင်း ပုံစံများကို စူးစမ်းလေ့လာပြီး ဆန်းသစ်တီထွင်၍ တောင်အာရှ အရှေ့တောင်အာရှသို့ မျက်နှာမူသည့် ရထားလမ်း လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ တတ်ကျွမ်းမှုစွမ်းရည်မြင့် လူချွန်များအား ပြုစုပျိုးထောင်ခြင်းစခန်းကို ကြိုးပမ်းအားထုတ် တည်ထောင်၍ ယူနန်ပြည်နယ်ကို တောင်အာရှ အရှေ့တောင်အာရှသို့ မျက်နှာမူ ဖျာထွက်သည့် စင်တာအဖြစ် တည်ဆောက် သည့်အတွက် စွမ်းဆောင်မှုအသစ် ပြုပါမည်။
昆明信息港讯(昆明日报 记者杨敏)日前,记者从昆明铁道职业技术学院获悉,预计今年12月,40名老挝籍学员将进入该校,参与铁路专业技术技能培训。
中老铁路是我国“一带一路”倡议与老挝“变陆锁国为陆联国”战略对接的重要项目,也是“一带一路”倡议提出以后首条以中方为主投资建设、全线采用中国标准、使用中国设备并与中国铁路网直接连接的国际铁路。此次培训旨在为老挝培养铁路专业技术技能人才,同时为中老铁路开通运营储备力量。
2019年4月30日,国家国际发展合作署正式批准“援老挝铁道职业技术学院”项目立项,并于今年7月定向委托云南省组织实施。项目由昆明铁道职业技术学院参照我国职业教育模式,为老挝铁道职业技术学院培养40名师资。
目前,40名老挝籍学员已完成疫苗接种,入境审批手续、签证手续已办理,预计12月可入校学习。未来,昆明铁道职业技术学院将继续开展中老、中泰等铁路技能培训工作,探索创新国际技能人才培养模式,努力打造面向南亚东南亚的轨道交通高技能人才培养高地,为云南建成面向南亚东南亚辐射中心作出新的贡献。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
