ယူနန် Normal တက္ကသိုလ်၏ “ဆောင်းရာသီ အားကစားပြိုင်ပွဲ”သည် ကြည်နူးဖွယ်ကောင်း
2021-11-30 10:45|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းရာသီသို့ ဝင်ရောက်ပြီးနောက် ရာသီဥတု အေးချမ်းလာသဖြင့် လူတို့၏ အိမ်ပြင် အားကစားလှုပ်ရှားမှုများ နှင့်ပတ်သက်သည့် စိတ်အားထက်သန်မှုသည် လျော့ကျ သွားကြပါသည်။ ကျောင်းသူကျောင်းသားများသည် အိပ်ဆောင်မှ ထွက်ကာ ဆောင်းရာသီ အားကစားလှုပ်ရှားမှုများကို တက်ကြွစွာ ပါဝင်ရန် အားပေးအားမြှောက်ပြု သည့်အတွက် ယူနန် Normal တက္ကသိုလ်မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများမှာ “လက်ဆေးခြယ်ခြင်းနှင့် တကယ့်မြင်ကွင်း” ပုံစံဖြင့် “ဆောင်းရာသီ အားကစားပြိုင်ပွဲ” ခေါင်းစဉ်ဖြင့် အဆန်းထွင်မှုရှိသော ဓာတ်ပုံများကို ပြုလုပ်ခဲ့ကြပါသည်။ နန်ဟူရေကန်၊ ဂျင်ဂိုလမ်း၊ စာကြည့်တိုက်စသည့် ကျောင်းဝင်းထဲမှ လှပသောရှုခင်းများတွင် “အားကစားသမား” များသည် ဘတ်စကတ်ဘော၊ ဘောလုံး၊ ရေကူး၊ နှင်းလျှောစီးခြင်း စသည့် အားကစားလှုပ်ရှားမှုများကို အားမာန်ပြည့်ဖြိုးစွာ ကစားနေကြသည့် ဓာတ်ပုံများမှာ ချစ်စရာ၊ စိတ်ဝင်စားစရာများဖြင့် ကြည်နူးဖွယ် ကောင်းလှပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




















