လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် ဖွံ့ဖြိုးတိုးတက်မှု အခါအခွင့်သစ်ကို ထပ်မံကြိုဆိုလာ
2021-11-30 11:43|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) “လမ်းများ ချိတ်ဆက်ပြီး ကုန်သွယ်ရေး အဟန့်အတားမရှိ တောက်လျှောက်ပေါက်တယ်။ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲသည်မှာ တရုတ်နဲ့ လာအို နှစ်နိုင်ငံ ပူးတွဲ ရော်နှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်သစ်သို့ ဝင်ရောက်ပြီဖြစ်ပြီး နယ်စပ်ဒေသ တစ်လျှောက်လုံး တံခါးဖွင့်ခြင်းနဲ့ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စနစ်သစ်ကို စတင်တည်ထောင်ဖို့ သဘောဆောင်ထားပါတယ်။” တရုတ်-လာအို ရထားလမ်းသည် လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခါအခွင့်သစ်များကို ပါလာ၍ ဤဧရိယာအပိုင်းသည် နယ်စပ်ကုန်သွယ်ရေးကို အဆန်းထွင် ဖွံ့ဖြိုးတိုးတက်စေရန် နယ်စပ်ဒေသ တစ်လျှောက်လုံး တံခါးဖွင့်ခြင်း အဆင့်အတန်းကို ဘက်စုံတိုးမြှင့်ရန် ကူညီပံ့ပိုးနိုင်မည်ဟု တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း သက်ဆိုင်ရာ တာဝန်ရှိသူမှာ ယူဆပါသည်။
အထူးသဖြင့် တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်ထုတ်စွမ်းအား၊ ငွေရေးကြေးရေး တံခါးဖွင့်ခြင်းနှင့် အဆန်းထွင်မှု၊ စီးပွားရေးပတ်ဝန်းကျင် နိုင်ငံတကာ အဆင့်အတန်းနှင့် ကိုက်ညီခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပူးတွဲတည်ဆောက်ရေး စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို အကောင်အထည်ဖော် သည့်အတွက် “အပြင်ထွက်ခြင်း” နှင့် “ပြည်ပမှ သွင်းယူခြင်း” တစ်ဆင့်တိုး၍ ပေါင်းစပ်စေပြီး ကုမ္ပဏီများ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးကို ဖွံ့ဖြိုးတိုးတက်လာစေရန် အခွန်တော် စည်းကြပ်ရေးအစီအစဉ် လျင်မြန်လွယ်ကူစေရန် အကောင်အထည်ဖော် သည့်အတွက် ကူညီထောက်ပံ့နိုင်မည်။
昆明信息港综合整理 “道路联通,贸易畅通。中老铁路的开通,标志着中老两国联动融合发展进入了新阶段,开创沿边开放跨境合作新格局。”在中国(云南)自由贸易试验区昆明片区相关负责人看来,中老铁路将为自贸试验区昆明片区的发展带来新的机遇,有助于该片区创新发展边境贸易,全面提升沿边开放水平。
值得一提的是,中老铁路开通后,将有助于自贸试验区昆明片区实现跨境投资贸易、跨境产能、金融开放创新、营商环境国际化、文化交流共建等方面的合作,进一步将“走出去”与“引进来”相结合,助力企业发展跨境贸易,实现通关便利化。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့