တစ်ကမ္ဘာလုံး မျိုးသုဉ်းရန် အန္တရာယ်ရှိနိုင်သည့် Macaca assamensis သည် လုံလင်တွင် ပေါ်လာ

2021-11-30 18:01|ရောင်စုံတိမ်တံတား

00304185005_7179422b

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) နိုဝင်ဘာလ ၉ ရက်နေ့တွင် ပေါင်စန်းမြို့ လုံလင်လျှောင်ဟင်စန်း ပြည်နယ်အဆင့် သဘာဝ ထိန်းသိမ်းရေးဇုန်မှ အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေး အမှုဝန်ထမ်းသည် ကင်းလှည့်စစ်ဆေးရာတွင် တောရိုင်းတိရစ္ဆာန် သုံးလေးငါးကောင်၏ ဗီဒီယိုကို မမျှော်လင့်ဘဲ ရိုက်ကူးမိခဲ့ပါသည်။ နိုင်ငံတော် သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာန ကူမင်း လက်တွေ့စုံစမ်းစစ်ဆေးရေးနှင့် ဒီဇိုင်းဆွဲလုပ်ငန်းဌာနမှ တိရစ္ဆာန်ပညာ ပါရဂူနှင့် အဆင့်မြင့်အင်ဂျင်နီယာ ဆွန်းကော်ကျန့်သည် အကဲဖြတ်ခြင်းအားဖြင့် ၎င်းတို့သည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် Macaca assamensis တို့ ဖြစ်သည် သတ်မှတ်ထား IUCN မျိုးသုဉ်းလုနီးသတ္တဝါမျိုး အနီရောင်စာရင်းထဲမှ မျိုးသုဉ်းရန် အန္တရာယ်ရှိနိုင်သည့် သတ္တဝါမျိုးစာရင်းထဲသို့ ထည့်သွင်းခဲ့ပါသည်။

00304185006_2886793a

ဗီဒီယိုအရ စည်စည်ဝေဝေ ပြွတ်ပြွတ်သိပ်သိပ်ရှိသော သဘာဝသစ်တောရိုင်းထဲတွင် ချစ်စရာကောင်းသော Macaca assamensis သုံးလေးငါးကောင်သည် တစ်ခါတလေ အကိုင်းအခက်ပေါ်တွင် ချိတ်ဆွဲပြီး အပြန်အလှန်လိုက်ပြီး ကစားနေ တစ်ခါတလေ သစ်ပင်ပေါ်၌ အယားပြေအောင် နောက်ကျောကုတ်နေ၍ တစ်ခါတလေ ထူထပ်သော သစ်တောထဲတွင် ပုန်းအောင်းပြီး နေ၍ တစ်ခါတလေ သစ်ကိုင်းပေါ်တွင် မှီခိုကပ်ရပ်ပြီး ဘေးနားမှ ပတ်ဝန်းကျင်ကို ပြူကြည့်နေကာ တိရစ္ဆာန်နှင့် သဘာဝလောကကြီး ပြေပြစ်စွာ အတူယှဉ်တွဲနေထိုင်သည့် မြင်ကွင်းသည် ပေါ်လာခဲ့ပါသည်။

Macaca assamensis သည် ပရိုင်းမိတ်မျိုးစဉ် မျောက်မျိုးရင်း မျောက်မြီးတိုမျိုးစုထဲတွင် ပါဝင်၍ တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်၍ IUCN ၂၀၀၈ခုနှစ် မျိုးသုဉ်းလုနီးသတ္တဝါမျိုး အနီရောင်စာရင်းထဲမှ မျိုးသုဉ်းရန် အန္တရာယ်ရှိနိုင်သည့် သတ္တဝါမျိုးစာရင်းထဲသို့ ထည့်သွင်းခဲ့ပါသည်။ အခုတလော သိရှိခဲ့သည်မှာ လုံလင်လျှောင်ဟင်စန်း ပြည်နယ်အဆင့် သဘာဝ ထိန်းသိမ်းရေးဇုန်၌ တောရိုင်း အမြင့်ဆုံးနို့တိုက်သတ္တဝါမျိုး ၇ မျိုးရှိ၍ ယူနန်ပြည်နယ်ရှိ ၁၅ မျိုး၏ ၄၆.၆၇ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံရှိ ၂၅ မျိုး၏ ၂၈ ရာခိုင်နှုန်း ခွဲခြားပါရှိပါသည်။

00304185005_7179422b

119日,保山市龙陵小黑山省级自然保护区管护人员在保护区巡护时,意外拍到几只长相憨态的野生动物影像。经国家林业和草原局昆明勘察设计院动物学博士、高级工程师孙国政鉴定,确定为国家二级重点保护野生动物熊猴,并被列入《世界自然保护联盟》濒危物种红色名录近危物种。

00304185006_2886793a

视频画面显示,在茂密的原始森林之中,几只萌态十足的熊猴,时而垂吊在树枝上互相追逐嬉戏,时而悠闲地在树上抓背挠痒,时而匿迹隐形在密林之中,时而攀附在树干上窥视着周围的环境……一派“动物与自然和谐共处”的景象。

熊猴属灵长目猴科猕猴属,是国家二级重点保护野生动物,被列入《世界自然保护联盟》(IUCN2008年濒危物种红色名录——近危(NT)物种。目前已知龙陵小黑山自然保护区有灵长类野生动物7种,分别占云南15种的46.67%、中国25种的28%

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်