တရုတ်-လာအို ရထားလမ်း နင့်အယ်ဘူတာရုံကို လေကြောင်းမှ ရိုက်ကူး
2021-11-29 17:59|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) တရုတ်-လာအို ရထားလမ်းမှ ယိရှီးမှ မိုဟန်လမ်းထောက်သည် စုစုပေါင်း ၅၀၈ ကီလိုမီတာ ရှည်ပြီး ခရီးသည်ပို့ဆောင်းရေး ဘူတာရုံ ၁၁ ခုကို ထောင်လိုက်၍ ဘူတာရုံအဆောက်အအုံ တစ်ခုစီသည် ထူးခြားသော ပုံစံအခြေအနေနှင့် ယဉ်ကျေးမှု အနက်အဓိပ္ပါယ်များ ရှိပြီး ဒေသခံ ထွန်းလင်းတောက်ပသော အမည်ကတ်ပြားတစ်စောင် ဖြစ်ပါသည်။
၎င်းအနက် ယူနန်ပြည်နယ် ဖူးအယ်မြို့ နင့်အယ်ခရိုင်တွင် တည်ရှိနေသော နင့်အယ်ဘူတာရုံသည် “ရောင်စုံလက်ဖက်ရွာ၊ လူမှုရေးပြည့်စုံသော နင့်အယ်”ဖြင့် ဒီဇိုင်းအယူအဆအဖြစ်၊ ဘူတာရုံအဆောက်အအုံ၏ အဓိကအရောင်သည် အုတ်နီရောင်နှင့် မီးခိုးရောင်တို့ဖြစ်၍ ရှေ့ဘက်မျက်နှာပြင်သည် ဝါးဖြင့် ရက်သည့် လက်ဖက်ခြင်းတောင်း ဆိုင်ရာ အခြေအနေများကို ထုတ်ယူပြီး သတ္တု Grille များ စနစ်တကျ အပြန်အလှန် ရောထွေးယှက်တင်သည့် ပုံသဏ္ဍာန်ကို ပေါ်လွင်လာ၍ ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့်ရှိပြီး အားမာန်ပြည့်ဖြိုးလှပါသည်။ အပြင်မှကြည့်လျှင် ဘူတာရုံအဆောက်အအုံသည် မြင်းကျောပေါ်မှ ကုန်းနှီးနှင့် တူ၍ ဤထူးခြားသော ပုံသဏ္ဍာန်သည် ဘူတာရုံအဆောက်အအုံ အတွင်းရှိ များပြားသော လက်ဖက်အခြေအနေ ပါဝင်သည့် အဆင်တန်ဆာနှင့်အတူ ယခင်တွင် ချာမာရှေးဟောင်းလမ်း (လက်ဖက်မြင်းလမ်း) ပေါ်မှ အဓိကမြို့ဖြစ်သည့် နင့်အယ်၏ သမိုင်းယဉ်ကျေးမှု အနက်အဓိပ္ပာယ်များကို အသက်ဝင်လှုပ်ရှားစွာ ဖော်ပြထားပါသည် ဟု ဒေသခံများသည်လည်း ယူဆပါသည်။
ဆောင်းကူးနှင့် ဆောင်းရာသီတို့တွင် လေကြောင်းမှ ရိုက်ကူးလျှင် အုတ်နီရောင် နင့်အယ်ဘူတာရုံသည် ရှေးဟောင်းဆန်ပြီး ရိုးရိုးသန့်သန့်ရှိပြီး လှပ၍ လမ်းပေါက်ပြီးနောက် နေရာအသီးသီးမှ ခရီးသည်များ ရောက်ရှိလာခြင်းကို ဆိတ်ငြိမ်စွာ စောင့်ဆိုင်းနေပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့