ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အား စုစုပေါင်း ကီလိုဝပ်နာရီ ၁၀ ဘီလျံကျော် ထုတ်လွှတ်
2021-11-19 09:50|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်နိုင်ငံတော်သည် လက်တွေ့ကျင့်သုံးသည့် အနောက်ပိုင်းဒေသမှ လျှပ်စစ်အား အရှေ့ပိုင်းဒေသသို့ ပို့ဆောင်ပေးခြင်း မဟာဗျူဟာထဲမှ အရေးပါသော စီမံကိန်းတစ်ခု အဖြစ်၊ ကျင်းဆားမြစ် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်သည့် တစ်နာရီလျှင် လျှပ်စစ်ကီလိုဝပ် ၁ သန်း ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ဓာတ်အားပေးယူနစ် ၄ ခုသည် လျှပ်စစ်ဓာတ်အား စုစုပေါင်း ကီလိုဝပ်နာရီ ၁၀ ဘီလျံကျော် ထုတ်လွှတ်ခဲ့ပါပြီ။
လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၀ ဘီလျံသည် လူအယောက် ၁၂၇၉ သောင်း၏ တစ်နှစ်လုံး နေထိုင်မှုသုံး လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း နိုင်ပါသည် (၂၀၂၀ပြည့်နှစ်တွင် မြို့ပြကျေးရွာနေ ပြည်သူလူထုတို့၏ နေထိုင်မှုသုံး လျှပ်စစ်ဓာတ်အား ရေချိန်ကို အခြေခံပြုပြီး တွက်ချက်သည်)၊ လျှပ်စစ်ဓာတ်အားပေးသည့် နယ်ပယ်များမှ ပြည်သူလူထုကို နွေထွေးစွာ ဆောင်းရာသီကူး သည့်အတွက် အာမခံပေးပါသည်။ စွမ်းအင် ထောက်ပို့ရေးလုပ်ငန်းများကို ခိုင်ခိုင်မြဲမြဲ ကောင်းကောင်း ပြုလုပ်သည့်အတွက် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ တည်ဆောက်သူများမှာ နောက်ဆက် စီမံကိန်းများကို ခိုင်ခိုင်မြဲမြဲ စနစ်တကျ ရှေ့သို့တွန်းတင်၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ခြင်းနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများကို သေချာစေ့ငုစွာ စည်းရုံး၍ ယူနစ်များကို ရေရှည် လုံခြုံတည်ငြိမ်စွာ လည်ပတ်စေပါသည်။ နိုဝင်ဘာလ ၁ ရက်နေ့အထိ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စတင်ထုတ်လွှတ်သည့် ယူနစ် ၄ ခုသည် အရက် ၁၀၀ ကျော် လုံခြုံတည်ငြိမ်စွာ လည်ပတ်ခဲ့ပါပြီ။
ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ တရုတ်နိုင်ငံမှ ကိုယ်ပိုင် တီထွင်ထုတ်လုပ်ထားသည့် ကမ္ဘာပေါ်တွင် ပမာဏ အကြီးဆုံးဖြစ်သော တစ်နာရီလျှင် လျှပ်စစ်ကီလိုဝပ် ၁ သန်း ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ဓာတ်အားပေးယူနစ် စုစုပေါင်း ၁၆ ခု တပ်ဆင်ထားပါသည်။ အခုတလာ၊ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ စတင်ထုတ်လွှတ်သည့် ယူနစ်များသည် တည်ငြိမ်စွာ လည်ပတ်၍ နောက်ဆက်ယူနစ်များ၏ တပ်ဆင်ခြင်းနှင့် ထိန်းညှိစမ်းသပ်ခြင်း လုပ်ငန်းများကို စနစ်တကျ ပြုလုပ်၍ ယူနစ်များအားလုံးအနေဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်သွားမည် စီစဉ်ပါသည်။
国家实施西电东送战略的重大工程——金沙江白鹤滩水电站,已投产的4台百万千瓦水轮发电机组发电累计突破100亿千瓦时。
据介绍,100亿千瓦时电能,可满足约1279万人一年的生活用电(以2020年城乡居民生活用电水平为标准计算),为受电区域人民群众温暖过冬提供了有力保障。为扎实做好能源保供工作,白鹤滩水电站建设者扎实有序推进后续工程,精心组织电站运行管理,确保机组长周期安全稳定运行。截至11月1日,白鹤滩水电站已投产的4台机组安全稳定运行超过100天。
白鹤滩水电站共安装16台我国自主研制的、全球单机容量最大的百万千瓦水轮发电机组。目前,白鹤滩水电站已投产机组运行稳定,后续机组的安装和调试工作有序进行,全部机组计划于2022年7月投产发电。(云南日报 记者李继洪 通讯员王璐)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့