ကူမင်းမြို့ ဇီဝမျိုးစုံမျိုးကွဲများ ကြည့်ရှုခံစားသည့်ဥယျာဉ် ဖူလီကုံးကို နိုဝင်ဘာလ ၂၂ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်
2021-11-18 17:01|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကူမင်းရုက္ခပင်ဥယျာဉ်မှ အနောက်ပိုင်းဥယျာဉ် (ဇီဝမျိုးစုံမျိုးကွဲများ ကြည့်ရှုခံစားသည့် ဥယျာဉ်)ကို ပြုပြင်ထိန်းသိမ်းရန် နိုဝင်ဘာလ ၈ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ယာယီပိတ်ထား၍ ၂၂ ရက်နေ့မှစ၍ ပြန်လည်ဖွင့်တော့မည် ဖြစ်ကြောင်း၊ ဖူလီကုံး အပူရှိန်ရမှန်ကာအိမ်များသည် လက်တွေ့လေ့လာခံစားရန် အဓိကဧရိယာအနေဖြင့် ရှားပါးသော၊ လုံးဝပပျောက်တော့မည့်၊ အထူးရှိသောရုက္ခပင်များ စသည့် အရေးကြီးသော ရုက္ခပင်မျိုးစိတ်ပေါင်း ၂၅၀၀ ကျော်ကို ပြသထား၍ ယူနန်ပြည်နယ် ဇီဝမျိုးစုံမျိုးကွဲများ၏ ပုံသဏ္ဌာန်အငယ်စား ဖြစ်ကြောင်း၊ ၂၂ ရက်နေ့မှစ၍ ဖူလီကုံးကို အများပြည်သူသို့ ပြန်လည်ဖွင့်ပြီး သီးခြားပေါ်ပြူလာသိပ္ပံရှင်းပြသော အခယူဝန်ဆောင်မှု ပေး၍ ခရီးသည်များသည် ရှင်းပြသူ၏ ခေါ်ဆောင်ခြင်းဖြင့် စနစ်တကျ လည်ပတ်ကြည့်ရှုရမည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းထောက်သည် တရုတ်သိပ္ပံပညာတံခွန်အသင်း ကူမင်းရုက္ခပင်သုတေသနဌာန ကူမင်းရုက္ခပင်ဥယျာဉ်မှ သရှိခဲ့ပါသည်။
ကူမင်းရုက္ခပင်ဥယျာဉ် သတိပေးချက်။ ။ ဖူလီကုံးထဲ၌ ပြသထားသော ရုက္ခပင်များသည် ရှားပါးသော၊ လုံးဝပပျောက်တော့မည့်၊ အထူးရှိသော၊ နိုင်ငံတော် အဓိက ကာကွယ်ပေးသောနှင့် အလွန်နည်းပါးသော တောရိုင်းရုက္ခပင်များ စသည့် အရေးကြီးသော ဇီဝအမျိုးအစားများ ဖြစ်သောကြောင့် မြို့သူမြို့သားများ လည်ပတ်ကြည့်ရှုချိန်တွင် ရုက္ခပင်များကို ကာကွယ်ထိန်းသိမ်းရမည်။ အတပ်အဆင်ပစ္စည်းများ၊ အများပိုင်ဥစ္စာဓနများနှင့် ပန်းပွင့်သစ်ပင်များ စသည့် အရာများကို ပျက်စီးနှင့် ခိုးယူလျှင် လျော်ကြေးပေးခြင်းနှင့် ဥပဒေဆိုင်ရာတာဝန်များကို ထမ်းဆောင်ရမည်။
昆明信息港综合整理 11月11日,记者从中国科学院昆明植物研究所昆明植物园获悉,昆明植物园西园(生物多样性体验园)于8日至21日临时闭园进行管养维护,22日恢复正常开放。扶荔宫温室群作为核心体验区,展示珍稀、濒危、特有等重要植物2500余种,是云南生物多样性的缩影。从22日起,扶荔宫向公众开放并提供专业科普解说收费服务,游客必须由解说员带领有序参观。
昆明植物园提醒,扶荔宫展示的植物都是珍稀、濒危、特有、国家重点保护和极小种群野生植物等重要物种,市民参观时要爱护植物。损坏和偷窃设施设备、公共财物、花草树木等要承担相应赔偿和法律责任。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့