ယူနန်ပြည်နယ် လုပ်ငန်းဖွံ့ဖြိုးရေးဇုန် လူချွန်ဝန်ဆောင်မှု လုပ်ငန်းစခန်းကို ဆိုင်းဘုတ်အပ်ပေးခဲ့
2021-11-18 16:56|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၁၅ ရက်နေ့တွင် “ယူနန်လူချွန်ရက်သတ္တပတ်” လှုပ်ရှားမှုစဖွင့်ပွဲနှင့် ယူနန်ပြည်နယ် လုပ်ငန်းဖွံ့ဖြိုးရေးဇုန် လူချွန်ဝန်ဆောင်မှု လုပ်ငန်းစခန်းကို ဆိုင်းဘုတ်အပ်ပေးပွဲ အခမ်းအနားကို တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)၌ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူများသည် ကူမင်း၊ ချူကျင့်၊ ယိရှီး စသည့် ပြည်နယ်ခွဲ (မြို့)မှ လုပ်ငန်းဖွံ့ဖြိုးရေးဇုန် လူချွန်ဝန်ဆောင်မှု လုပ်ငန်းစခန်းများအတွက် ဆိုင်းဘုတ်အပ်ပေးခဲ့ပါသည်။ ကျန်သည့် ပြည်နယ်ခွဲ (မြို့)မှ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေး ဦးစီးဌာန၊ လုပ်ငန်းစခန်းကို တည်ဆောက်သည့် လုပ်ငန်းဖွံ့ဖြိုးရေးဇုန်တို့သည် အွန်လိုင်းတွင် ဆိုင်းဘုတ်အပ်ပွဲအခမ်းအနားတွင် တစ်ချိန်တည်း ပါဝင်ခဲ့ကြပါသည်။ ကူမင်းမြို့ လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေး ဦးစီးဌာနသည် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)၌ အဆင့်မြင့် လူချွန်ဝန်ဆောင်မှု ပြတင်းပေါက်ကို ထူထောင်ပြီး ဆိုင်းဘုတ်အပ်ပေးခဲ့ပါသည်။
အခမ်းအနားကျင်းပပြီးနောက် လှုပ်ရှားမှုပါဝင်သည့် ခေါင်းဆောင်နှင့် ဧည့်သည်တော်များသည် ကူမင်းဧရိယာအပိုင်း အထွေထွေဝန်ဆောင်မှုစင်တာနှင့် လူချွန်ဝန်ဆောင်မှု လုပ်ငန်းစခန်း၊ လူချွန်တည်းခိုခန်းတို့ကို ရှေ့စဉ်နောက်ဆက် သရုပ်ပြလေ့လာ၍ ဦးစားပေးပေါ်လစီများ၊ ဆက်စပ်ပေး ဝန်ဆောင်မှုများ စသည်တို့ကို သိရှိနားလည်ပြီး ကူမင်းဧရိယာအပိုင်း (ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)၏ လူချွန်လုပ်ငန်းများကို ချီးကျူးခဲ့ကြပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့