ယူနန်ပြည်နယ် လော်ဖျင်ခရိုင်၌ အဝါရောင်ဂျင်းစိမ်းငယ် အမို ၂ သိန်းကျော်သည် သီးထွက်ကောင်း
2021-11-17 17:06|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုရက်များတွင် ယူနန်ပြည်နယ် ချူကျင့်မြို့ လော်ဖျင်ခရိုင်၌ ဒေသခံ တောင်သူလယ်သမားများသည် ကြည်လင်သာယာသော ရာသီဥတုကို အသုံးပြု၍ အဝါရောင်ဂျင်းစိမ်းငယ်များကို ရိတ်သိမ်းခဲ့ပါသည်။ “လော်ဖျင် အဝါရောင်ဂျင်းစိမ်းငယ်” သည် နိုင်ငံတော် ကုန်ထွက်ရာအာမခံချက် ကုန်တံဆိပ်၊ ယူနန်ပြည်နယ်ရှိ နာမည်ကျော်ကြားသော ကုန်တံဆိပ်နှင့် နိုင်ငံတော် “သဘာဝ ကုန်ထွက်ရာမူလဒေသမှ ထွက်ကုန်ကာကွယ်ရေး အသိအမှတ်ပြုခြင်း” ထွက်ကုန်တို့ ဖြစ်ပါသည်။ အခုနှစ်များတွင် လော်ဖျင်ခရိုင်သည် အဝါရောင်ဂျင်းစိမ်းငယ်လုပ်ငန်းကို ခရိုင်တစ်ခုလုံး အလေးပေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအဖြစ် ကုန်ထုတ်လုပ်ခြင်း၊ ထောက်ပံ့ခြင်းနှင့် ရောင်းချခြင်း စလုံးပါဝင်သည့် ပြည့်စုံသော လုပ်ငန်းစနစ်ကို အောင်မြင်စွာ ဖွဲ့စည်းတည်ထောင်၍ စိုက်ပျိုးရေးဧရိယာ စဉ်ဆက်မပြတ် တိုးချဲ့ပြီး ဒေသခံ တောင်သူလယ်သမားများကို ဝင်ငွေတိုးစေပြီး ချမ်းသာကြွယ်ဝစေသည့် အရေးကြီးသော လုပ်ငန်းတစ်ခု ဖြစ်လာစေခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့