ယူနန်ပြည်နယ် ပေါင်စန်းမြို့၌ အစုလိုက်အပြုံလိုက်ဖွဲ့သည့် ဗျိုင်းညိုများသည် ခပ်ကြော့ကြော့နှင့် ကခုန်
2021-11-17 17:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဆောင်းဦးစပြီးနောက် ပိုများသော ငှက်ဧည့်သည်သည် ယူနန်ပြည်နယ် ပေါင်စန်းမြို့သို့ ဆောင်းရာသီကူးရန် ရွှေ့ပြောင်းရောက်ရှိခဲ့ပါသည်။ အကဲခတ်မှန်းဆခြင်းအရ ဗျိုင်းညို အကောင် ၆၀ ခန့်သည် အခုတလော ပေါင်းစန်းမြို့သို့ ပျံသန်းရောက်ရှိ၍ ၄င်းတို့သည် လယ်ခင်းထဲ၌ ကစားပြီး အစာရှာလိုက် နိမ့်သောကောင်းကင်ယံတွင် ခပ်ကြော့ကြော့နှင့် ကခုန်လိုက် မြင့်သောကောင်းကင်ယံတွင် ပျံဝဲလိုက်နှင့် ဆောင်းရာသီထဲမှ ပေါင်းစန်းမြို့အတွက် ရှင်သန်တက်ကြွသော သက်ရှိစွမ်းအား ပါလာခဲ့ပါသည်။
ဗျိုင်းညိုသည် နိုင်ငံတော် ဒုတိယအဆင့် အလေးပေးထိန်းသိမ်းရေး တောရိုင်းတိရစ္ဆာန် ဖြစ်ပြီး ရေတိမ်တွင် လျှောက်လေ့ရှိသော အကြီးစား ခြေတံရှည်ငှက်မျိုးထဲမှ ငှက်တစ်မျိုး ဖြစ်၍ ကျယ်ပြန့်သော မြေညီမြေပြန့်၊ မြက်ခင်းပြင်၊ စိမ့်မြေ၊ မြစ်သောင်ပြင်၊ လွင်ပြင်၊ ရေကန်နှင့် လယ်ခင်းအရပ်ဒေသများ အထူးသဖြင့် ရေဘေးရုက္ခပင် ပေါများပြီး ကျယ်ပြန့်သော ရေကန်နှင့် စိမ့်မြေများ၌ နားနေ၍ အများအားဖြင့် အုပ်စုလိုက်လှုပ်ရှားလျက်ရှိပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့




















