၂၀၂၁ခုနှစ် တရုတ်-လာအိုရထားလမ်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ထုတ်ကုန်ပစ္စည်း အဆန်းထွင် ဒီဇိုင်းဆွဲပြိုင်ပွဲကို စတင်ကျင်းပ
2021-11-17 16:42|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၁၂ ရက်နေ့တွင် လမ်းတစ်လျှောက် လက်ဆောင်ရှိခြင်း၊ ၂၀၂၁ခုနှစ် တရုတ်-လာအိုရထားလမ်း ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ထုတ်ကုန်ပစ္စည်း အဆန်းထွင် ဒီဇိုင်းဆွဲပြိုင်ပွဲကို စတင်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဧည့်သည်တော်များသည် တရုတ်-လာအို ရထားလမ်း နှင့်ပတ်သက်သည့် စောင့်မျှော်ချက်များကို ဝေမျှခံစား၍ လမ်းတစ်လျှောက် လက်ဆောင်ရှိခြင်း ဟူသော လှုပ်ရှားမှုအတွက် အကြံဉာဏ်ပေးခဲ့ကြပါသည်။
ဤနှစ်သည် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၆၀ ပြည့် အခါသမယဖြစ်၍ နှစ်ကုန်တွင် တရုတ်-လာအို ရထားလမ်းသည် တရားဝင် လမ်းပေါက်ပါမည်။ ဤအကြိမ်ပြိုင်ပွဲ၏ ရည်မှန်းချက်မှာ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ နှစ်နိုင်ငံ အကြားမှ ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်၍ တရုတ်-လာအို ရထားလမ်း၏ ဈေးကွက်လိုအပ်ချက်များနှင့် ပေါင်းစပ်ပြီး ယူနန့်ခရီးသွားလုပ်ငန်း၏ အားသာချက်များကို ထုတ်ဖော်ပြီး ယူနန့်ထူးခြားချက်ရှိသည့် တရုတ်-လာအို ရထားလမ်း ယဉ်ကျေးမှု အမှတ်လက္ခဏာများကို တက်ကြွစွာ ပြုစုပျိုးထောင်ပြီး ထုတ်လုပ်၍ ခရီးသွားကုန်ပစ္စည်းများ ပုံစံပြောင်းလဲပြီး အဆင့်မြှင့်စေသည် ဖြစ်ပါသည်။
ပြိုင်ပွဲပါဝင်မည့် လက်ရာများသည် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့၏ ယဉ်ကျေးမှု ဝိသေသလက္ခဏာများကို ထင်ရှားပေါ်လွင်၍ တစ်စုံတစ်ခုသော ယဉ်ကျေးမှု ဖော်ပြနိုင်စွမ်းနှင့် ဖြန့်ဖြူးနိုင်စွမ်း ရှိသည့်အပြင် အကြောင်းအရာများသည် တကယ့်အဖြစ်မှန်နှင့် ကိုက်ညီပြီး သက်သေ အထောက်အထား တင်ပြနိုင်ရမည်။ ပြိုင်ပွဲဝင်များသည် ယူနန်ပြည်နယ်၊ လာအိုနိုင်ငံတို့၏ တမူထူးခြားသော ယဉ်ကျေးမှုနှင့် တရုတ်-လာအို ရထားလမ်း ယဉ်ကျေးမှုများ ဖြစ်သည့် ခေါင်းစဉ်ကို အခြေခံပြုပြီး ယူနန်ပြည်နယ် သို့မဟုတ် လာအိုနိုင်ငံ၏ ဒေသခံ ယဉ်ကျေးမှု ဝိသေသလက္ခဏာများ၊ မြို့ပြယဉ်ကျေးမှု အတွင်းသဘောများနှင့် ပြည်သူလူထု၏ ဓလေ့ထုံးစံ အကြောင်းရပ်များကို ထင်းရှားပေါ်လွင်၍ တရုတ်-လာအို ချစ်ကြည်ရေးကို နက်ရှိုင်းစွာ ထုတ်ဖော်နိုင်ပါမည်။
နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ၊ ပြိုင်ပွဲသည် ပြည်တွင်းပြည်ပသို့ ခရီးသွားကုန်ပစ္စည်း တကယ့်ပစ္စည်း၊ အဆန်းထွင်မှုဒီဇိုင်းလက်ရာ နှစ်မျိုးကို စုဆောင်းပါမည်၊ လက်ရာများကို အီးမေးလ် 1765954995@qq.com သို့ ပေးပို့လျှင် ပြိုင်ပွဲ ပါဝင်နိုင်ပါမည်။ ဆုရလက်ရာများကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အတွင်း ထုတ်ပြန်ကျေညာပါမည်။
11月12日,一路有“礼”2021中老铁路文旅产品创意设计大赛启动。现场,嘉宾们分享了对中老铁路的期待,并对一路有“礼”活动建言献策。
今年是中老两国建交60周年,今年底中老铁路将正式通车。本次大赛旨在加强中老两国文化交流,结合中老铁路市场需求,发挥云南旅游产业优势,积极培育、打造具有云南特色的中老铁路文化符号,推动旅游商品转型升级。
参赛作品应凸显中老文化特征,有一定文化叙述、传播能力,且内容不杜撰,创意真实可考证。参赛者可围绕云南、老挝特色文化以及中老铁路文化主题,突出反映云南或老挝地域文化特色、城市文化内涵和民俗元素,深度挖掘中老友谊。
11月12日至23日,大赛面向国内外征集旅游商品实物类、创意设计类参赛作品,作品资料发送至邮箱1765954995@qq.com即可参赛。获奖作品将于11月29日至12月3日期间公布。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့