Grus nigricollis ရှေ့ပြေးအဖွဲ့သည် ယူနန်ပြည်နယ် ကျောင်းထုံးမြို့ တာ့စန်းပေါင်းသို့ ရောက်ရှိ၍ ဆောင်းရာသီစကူး
2021-11-17 11:55|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) နိုဝင်ဘာ ၅ ရက်နေ့တွင် ယူနန်ပြည်နယ် ကျောင်းထုံးမြို့ တာ့ဟိုင်ဇေစိုစွတ်မြေမှ Grus nigricollis ကာကွယ်ရေးဝန်ထမ်း ချမ်ကုံးဟွေ့သည် Grus nigricollis တစ်ကောင် ရပ်နားသည်ကို တွေ့ရှိခဲ့ပါသည်။ နိုဝင်ဘာ ၆ ရက် မနက်ပိုင်းတွင် တာ့စန်းပေါင်း Grus nigricollis နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်နယ် အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ရှုံထင်စုံးသည် ရှောင်ဟိုင်ဘာ့စိုစွတ်မြေ၌ Grus nigricollis တစ်ကောင်ကို ကြပ်မတ်ကြည့်ရှုမိ ခဲ့ပါသည်။ နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် Grus nigricollis လေးကောင်သည် တာ့ဟိုင်ဇေသို့ ရှေ့စဉ်နောက်ဆက် ပျံသန်းရောက်ရှိခဲ့ပါသည်၊ ၎င်းသည် ပထမအသုတ် Grus nigricollis သည် တာ့စန်းပေါင်းထိန်းသိမ်းရေးဇုန်နယ်သို့ ရောက်ရှိ၍ ဆောင်းရာသီစကူးရန် သရုပ်ဆောင်ထားပါသည်။
ယူနန် တာ့စန်းပေါင်း Grus nigricollis နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်နယ်၏ နောက်ဆုံးစောင့်ကြည့်မှု အချက်အလက်များအရ နိုဝင်ဘာလ ၇ ရက်နေ့ ၈ နာရီအထိ ကျောင်းထုံး တာ့စန်းပေါင်း သဘာဝထိန်းသိမ်းရေးဇုန်နယ်၌ Grus nigricollis စုစုပေါင်း ၆ ကောင်အား ကြပ်မတ်ကြည့်ရှုမိခဲ့ပါသည်။ ရှေ့ပြေးအဖွဲ့သည် တာ့စန်းပေါင်းသို့ ရောက်ရှိပြီးနောက် ပိုများသော Grus nigricollis သည် ရှေ့စဉ်နောက်ဆက် ပျံသန်းလာမည် ဖြစ်၍ ရာသီဥတုအခြေအနေ ကောင်းမွန်လျှင် လာမည့် ၁၀ ရက်မှ ၁၅ ရက် အတွင်း Grus nigricollis ရွှေ့ပြောင်းရန် အများဆုံးသောအချိန်ကို ကြိုဆိုလာမည် ခန့်မှန်းပါသည်။
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေးကို တိုးမြှင့်ရန်အတွက် လူသားနှင့် သဘာဝလောကကြီး ပြေပြစ်စွာ တူယှဉ်ကြီးထွားလာစေရန်အတွက် တာ့စန်းပေါင်း သဘာဝထိန်းသိမ်းရေးဇုန်နယ် အုပ်ချုပ်ရေးနှင့် ထိန်းသိမ်းရေး ဦးစီးဌာနသည် နိုဝင်ဘာ ၁ ရက်မှစ၍ ဆောင်းရာသီကူးချိန်ထဲမှ ကင်းလှည့်ထိန်းသိမ်းရေးနှင့် ကြပ်မတ်ကြည့်ရှုမှု အလုပ်များကို အပြည့်အဝ ဆောင်ရွက်၍ Grus nigricollis စသည့် ငှက်ဧည့်သည်များသည် ဆောင်းရာသီကူးပြီး နားနေရန် အကာအကွယ်ပေးကာ ၎င်းတို့အတွက် ကောင်းမွန်သော ဆောင်းရာသီကူးရန် ညအိပ်ပတ်ဝန်းကျင်ကို ပေးပါသည်။
5日,云南昭通大海子湿地护鹤员陈光惠观察到1只黑颈鹤停驻;11月6日上午,大山包黑颈鹤国家级自然保护区管理局工作人员熊廷松在小海坝湿地监测到1只黑颈鹤。11月6日下午,4只黑颈鹤陆续飞抵大海子,这标志着首批黑颈鹤到达大山包保护区开启越冬生活。
云南大山包黑颈鹤国家级自然保护区最新监测数据显示,截至11月7日8时,昭通大山包自然保护区共监测到黑颈鹤6只。先头部队抵达大山包后,更多的黑颈鹤将陆续飞来,在天气条件良好的情况下,预计此后的10-15天会迎来黑颈鹤迁徙高峰。
为加强生物多样性保护,促进人与自然和谐共生,大山包保护区管护局于11月1日全面启动越冬期巡护监测工作,保障黑颈鹤等候鸟越冬栖息,为它们提供良好的越冬夜宿环境。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့