ကူမင်းဧရိယာအပိုင်းသည် ကုန်သည်များ တိကျမှန်ကန်စွာ ဖိတ်ခေါ်ရန် ရှန်ဟိုင်းမြို့သို့ သွားရောက်
2021-11-16 17:44|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) စီမံခန့်ခွဲရေးကော်မတီ တာဝန်ခံ လီဟယ်လျူသည် အဖွဲ့ဦးဆောင်၍ ရှန်ဟိုင်းလင်ကန်ကုမ္ပဏီအုပ်စုသို့ ရောက်ရှိပြီး ကုန်သည်များ တိကျမှန်ကန်စွာ ဖိတ်ခေါ်သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပါသည်။ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းနှင့် ရှန်ဟိုင်းလင်ကန်ကုမ္ပဏီအုပ်စုတို့သည် စီမံကိန်း အကောင်အထည်ဖော်ခြင်း စသည့် ကိစ္စရပ်များအပေါ် နက်ရှိုင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။
ကုမ္ပဏီအုပ်စု၏ အမှတ်တံဆိပ်၊ စီမံခန့်ခွဲမှုနှင့် အတွေ့အကြုံထုတ်ဖြန့်မှုဆိုင်ရာ အားသာချက်များကို ထုတ်ဖော်ပြီး ကူမင်းဧရိယာအပိုင်း၏ ဒေသခံထူးခြားမှုများနှင့် တစ်ပေါင်းတစ်စည်းတည်း ပေါင်းစပ်၍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်သော စီမံကိန်းများကို ကိုယ်ပိုင်ဆန်းသစ်တီထွင်နိုင်စွမ်း တောင့်တင်းသော၊ ထွန်းသစ်စစက်မှုလုပ်ငန်း ဝိသေသလက္ခဏာ ထင်ရှားသော၊ အတိုင်းအတာ ကြီးမားပြီး အဆင့်အတန်း မြင့်သော၊ နယ်ခံလုပ်ငန်းဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထင်ရှားလှသော အကျိုးသက်ရောက်မှု ရှိသော အရှေ့ပိုင်းနှင့် အနောက်ပိုင်းအကြား ပူးပေါင်းဆောင်ရွက်သည့် ရှေ့ပြေးပန်းခြံနှင့် သရုပ်ပြပန်းခြံ ဖြစ်စေရန် ကြိုးစားကြပါမည်ဟု ရှန်ဟိုင်းလင်ကန်ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ ပြေားဆိုခဲ့ပါသည်။
ကူမင်းဧရိယာအပိုင်းသည် ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းမြို့တို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို သေသေချာချာ ဖော်ဆောင်၍ ရှန်ဟိုင်းလင်ကန်ကုမ္ပဏီအုပ်စုနှင့် တက်ကြွစွာ ဆက်သွယ်ပြီးနောက် အမျိုးမျိုးအဖုံဖုံရှိသည့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို နက်ရှိုင်းစွာ ဆွေးနွေးပြီး စီမံကိန်းများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်စေ၍ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအတွက် လုပ်ငန်းအစီအစဉ် တစ်ခုလုံးမှ ဝန်ဆောင်မှုများ ပေးကာ ပူးပေါင်းဆောင်ရွက်သော အဘက်ဘက်ကို နိုင်ငံတော် မဟာဗျူဟာအား အတူတူ အကျိုးဆောင်ပေးရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းဆော်ရပါမည်ဟု လီဟယ်လျူ မိတ်ဆက်ပေးခဲ့ပါသည်။
昆明信息港讯(昆明日报 记者吴洁)日前,中国(云南)自贸试验区昆明片区(昆明经开区)管委会主任李河流带队,到上海临港集团开展精准招商活动。自贸试验区昆明片区与上海临港集团还就项目落地等事宜进行了深入交流。
上海临港集团负责人表示,将发挥集团品牌、管理和经验输出方面的优势,与昆明片区地区特色有机结合,致力于把双方的合作项目建成自主创新能力强、新兴产业特征明显、具有较大规模和较高水平,对当地产业结构调整和经济社会发展产生显著作用的东西部协作先行园区与示范园区。
李河流介绍,昆明片区将认真落实好沪滇合作框架协议精神,积极对接上海临港集团,深入探讨多元化合作方式,加快项目落地投产,为合作项目提供全流程服务,促进合作各方在共同服务国家战略中实现更大发展。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့