ယူနန်ပိုင်မာဆီးနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ထဲမှ ဆောင်းကူးရာသီရှုခင်းများ

2021-11-16 17:23|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဆောင်းကူးရာသီနှောင်းပိုင်း၌ ယူနန်ပိုင်မာဆီးနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ထဲတွင် ကုန်းမြင့်ပေါက် ကွန်နီဖာသစ်တော စလုံးသည် ရွှေဝါရောင် ဖုံးလွှမ်းနေ၍ ဝေးရပ်မှ တောင်တန်းပေါ်တွင် တစ်နှစ်ပတ်လုံး မပျော်သော ဆီးနှင်းများသည် နေရောင်ခြည်အောက်တွင် အလွန် ထည်ဝါတင့်တယ်ပါသည်။

ပိုင်မာဆီးနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်သည် ယူနန်ပြည်နယ် တီချင့်တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တယ်ချင်ခရိုင်နှင့် ဝေရှီခရိုင်တို့တွင်း တည်ရှိနေ၍ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများ အကြွယ်ဝဆုံးသော နေရာဒေသ ၃၅ ခုထဲမှ တစ်ခု ဖြစ်ပါသည်။ ထိန်းသိမ်းရေးဇုန်ထဲတွင် အဆင့်မြင့်ရုက္ခပင် အမျိုး ၁၇၀၀ ကျော်၊ နို့တိုက်သတ္တဝါ အမျိုး ၁၀၀ ကျော်နှင့် ငှက်မျိုး အမျိုး ၃၇၀ ကျော် ရှိ၍ သဘာဝဂေဟပတ်ဝန်းကျင် ရှုပ်ထွေးပြီး ဇီဝအရင်းအမြစ်များ ကြွယ်ဝပြီး ရှားပါ၊ သို့မဟုတ် လုံးဝပပျောက်တော့မည့် သတ္တဝါ ပေါများပြီး ဘူမိဗေဒတတိယယုဂ် ရှေးခေတ် အပူပိုင်းဒေသ ဇီဝများ၏ ခိုလှုံရာဌာန ဖြစ်သည့်အပြင် မြောက်သမပိုင်းဒေသမှ ရုက္ခပင်များ၏ ဘူမိနက်ကန်လည်း ဖြစ်၍ “ကမ္ဘာ့ဥယျာဉ်မိခင်”ဟု တင်စားခေါ်ဝေါ်ထားကာ ယူနန်ရွှေခြည်မွေးမျောက် အများဆုံး စုဝေးနေထိုင်ကြသည့် နေရာဒေသဖြစ်၍ တစ်နိုင်ငံလုံး အကြီးဆုံးသော ယူနန်ရွှေခြည်မွေးမျောက်ထိန်းသိမ်းရေးဇုန် ဖြစ်ကာ ၎င်း၏ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး အလုပ်သည် အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းရေး အနက်အဓိပ္ပာယ် ရှိပါသည်။

深秋时节,云南白马雪山国家级自然保护区高山针叶林都披上了金黄色,远山上终年不化的积雪在阳光下分外壮美。

白马雪山国家级自然保护区位于云南省迪庆藏族自治州德钦、维西两县境内,是全球35个生物多样性热点地区之一。保护区内高等植物有1700多种,哺乳动物有100多种,鸟类有370余种,自然生态环境复杂、生物资源丰富,珍稀濒特物种多,是“第三纪古热带生物区系的避难所”,更是“北温带植物体系的摇篮”,被誉为“世界花园之母”,是滇金丝猴种群分布最集中的地区,也是全国最大的滇金丝猴保护区,其生物多样性保护具有国际保护意义。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်