၁၇ ကြိမ်မြောက် ကူမင်း မေပယ်ရွက်ပွဲတော်ကို ဟေလုံထန်ဥယျာဉ်၌ စတင်ကျင်းပ၍ နေ့စဉ် ခရီးသည် ၃ ထောင်ကျော် လာရောက်လည်ပတ်
2021-11-16 16:35|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကူမင်းဟေလုံထန်ဥယျာဉ်သည် တစ်နှစ်တစ်ကြိမ် မေပယ်ရွက် ကြည့်ရှုရန် အကောင်းဆုံးသော ရာသီချိန်သို့ ဝင်ရောက်ပါပြီ၊ နိုဝင်ဘာလတွင် ၁၇ ကြိမ်မြောက် ကူမင်း မေပယ်ရွက်ပွဲတော်ကို ဟေလုံထန်ဥယျာဉ်၌ စတင်ကျင်းပ၍ အချိန် တစ်လကြာသော လှပသော မေပယ်ရွက်ရှုခင်းများကို လာရောက်လည်ပတ်ရန် ရှင့်ကို စောင့်နေပါသည်။
ဟေလုံထန်ဥယျာဉ်ထဲမှ ဟုံဖုန်းရိုးမတောင်သည် ၁၉၉၇ ခုနှစ်တွင် တည်ဆောက်ပြီး အနီရောင်မေပယ်ပင် ၁၉၉၇ ပင် စိုက်ပျိုးခဲ့ကြပါသည်။ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာ ပြီးနောက် ဟုံဖုန်းရိုးမတောင် တစ်ခုလုံးသည် ဆောင်းကူးရာသီ ရှုခင်းသာရပ်ကွက် ဖြစ်လာပါပြီ။ Liquidambar formosana Hance၊ Acer saccharum Marshနှင့် အနီရောင်မေပယ်ပင် စသည့် ဆောင်းကူးရာသီထဲမှ အလှစိုက်သစ်ပင် အပင် ၈ ထောင်ကျော် စိုက်ပျိုး ထားပါသည်။
နှစ်စဉ် အောက်တိုဘာလလကုန်မှ နိုဝင်ဘာလလကုန်အထိ ရိုးမတောင်တစ်ခုလုံးသည် အနီရောင် ဖြစ်လာလျက်ရှိပါသည်။ ဤနှစ်တွင် မိုးရေနှင့် ရာသီဥတု၏ ထိခိုက်မှုကြောင့် မေပယ်ရွက်ကြည့်ရှုရန် အကောင်းဆုံးသော ကာလသည် ဖြည်းဖြည်းနှေးနှေးနှင့် အလာနှောင်း၍ ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ၁၀ ရက်ခန့် ရွှေ့ဆိုင်းခဲ့သော်လည်း အရောင်အဆင်းသည် ပိုမိုကြွယ်ဝပါသည်။
နိုဝင်ဘာလသို့ ဝင်ရောက်ပြီးနောက် နေ့တိုင်း ဟေလုံထန်ဥယျာဉ်ထဲသို့ ဝင်လာသည့် ခရီးသည်၏ လူဦးရေသည် လွန်ခဲ့သည့်လထက် တစ်ဆကျော် တိုးလာပြီး ၃၀၀၀ ကျော် ထိမြောက်ပါသည်၊ ခရီးသည်များသည် နံနက်ပိုင်း ၁၀ နာရီမှ ညနေပိုင်း ၄ နာရီအထိ ဥယျာဉ်ထဲသို့ စုစည်းဝင်ရောက်ကြခြင်း ဖြစ်ပါသည်။ ဟေလုံထန်ဥယျာဉ်သည် ဤရာသီချိန်တွင် ကူမင်းမြို့၌ မေပယ်ရွက်ကြည့်ရှုရန် အကောင်းဆုံးသော နေရာတစ်ခုအနေဖြင့် လုံထန်၏ ဆောင်းကူးရာသီရသဟူသော ခေါင်းစဉ်ဖြင့် ကျင်းပနေသော မေပယ်ရွက်ကြည့်ရှုပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်ကျင်းပပါမည်။
昆明信息港讯 记者杨雁 昆明黑龙潭公园又到了一年一度的最美赏枫季,进入11月,“第十七届昆明枫叶节”在黑龙潭公园拉启帷幕,为期一个月的好“枫”景等你来赏。
黑龙潭公园红枫岭建于1997年,种植了1997棵红枫,经多年发展,整个红枫岭已成为秋色景观区。有枫香、槭树、红枫等秋季景观树种共8000余株。
从每年的10月底至11月底,整个山岭漫山红遍。今年,因受雨水和气候影响,最佳赏枫期姗姗来迟,较往年推迟了10天左右,但色彩层次更加丰富。
据悉,进入11月,每天黑龙潭入园人数较上月翻了一倍以上,达到3000人次以上,游客入园高峰集中在10点至16点间。黑龙潭公园作为这一季昆明最美赏枫地之一,以“龙潭秋韵”为主题的赏枫活动将持续到11月30日。(供图/林柏)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့