ဝယ်ယူသူ အခု၂၀၀ကျော်သည် တောမှိုလုပ်ငန်း စည်းဝေးပွဲကို ပါဝင်ရန် နာမည်စာရင်း ပေးသွင်း
2021-11-12 09:29|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၁ခုနှစ် တရုတ် (ယူနန်) နိုင်ငံတကာ တောရှိုင်း စားသုံးမှိုလုပ်ငန်း စည်းဝေးပွဲနှင့် တရုတ် နိုင်ငံတကာ ညစ်ညမ်းမဲ့ အစိမ်းရောင် အစားအစာများပြပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကူမင်းမြို့ စိကျိကျင်းယွန်ကုန်တိုက်ကြီး ကွင်းပြင်၌ ကျင်းပမည်။ အခုတလော ပြည်တွင်းပြည်ပ သီးခြားဝယ်ယူသူ အခု ၂၀၀ကျော်သည် စည်းဝေးပွဲကို ပါဝင်ရန် နာမည်စာရင်း ပေးသွင်းခဲ့ပါပြီ။
ယူနန်ပြည်နယ်သည် တစ်လျှောက်လုံးတွင် တောမှိုဘုရင့်နိုင်ငံဟု နာမည်ကောင်း ရှိပါသည်၊ သယံဇာတပစ္စည်းများသော ပြည်နယ်မှ လုပ်ငန်းအားကောင်းသော ပြည်နယ်သို့ ပြောင်းလဲစေ သည့်အတွက် ဤအကြိမ်စည်းဝေးပွဲသည် အားသာချက်ရှိ သယံဇာတပစ္စည်းဖြစ်သည့် တောမှိုများကို အခြေခံပြုပြီး ၇ ရက်ကြာသည့် စည်းဝေးပွဲတွင် တောရှိုင်း စားသုံးမှိုလုပ်ငန်းစည်းဝေးပွဲပြပွဲ၊ ယူနန် နိုင်ငံတကာ အစားအစာယဉ်ကျေးမှုပွဲ၊ တတိယအကြိမ် တရုတ် နိုင်ငံတကာ စားသုံးမှိုလုပ်ငန်း ထိပ်သီးဖိုရမ်၊ အဋ္ဌမအကြိမ် တရုတ် (ယူနန်) နိုင်ငံတကာ Tuber spp. (Truffle) ပွဲနှင့် လုပ်ငန်းတိုးတက်ရေး သုတေသနဖိုရမ် စသည့် လှုပ်ရှားမှုများကို ကျင်းပမည်ဟု စည်းဝေးပွဲ ဖွဲ့စည်းရေးကော်မတီ အမြဲတမ်းဒုတာဝန်ခံ ရှီဟွေးသည် မိတ်ဆက်ခဲ့ပါသည်။
ယူနန်ပြည်နယ်ရှိ တောမှို၏ အမျိုးအစားသည် တရုတ်နိုင်ငံတွင် အများဆုံး ဖြစ်၍ အခု ရေးသားဖော်ပြထားသည့် စားသုံးမှို အမျိုး ၉၀၀ ကျော်ရှိပြီး တစ်နိုင်ငံလုံး တောရှိုင်းစားသုံးမှို၏ ဈေးကွက်ရှယ်ယာထဲမှ ၇၀ ရာခိုင်နှုန်း ရှိ၍ ၎င်းအနက် နာမည်ကျော်သော တောမှို ၄ မျိုး (Tricholoma matsutake (S. Ito & S. Imai) Singer၊ Truffle၊ Boletus၊ Cantharellus cibarius Fr.) သည် တစ်ကမ္ဘာလုံး ထွက်ကုန်ပမာဏ၏ တစ်ဝက်ကျော်၊ တရုတ်နိုင်ငံ ထွက်ကုန်ပမာဏ၏ သုံးပုံနှစ်ပုံ ရှိပါသည်။
ဤအကြိမ် စည်းဝေးပွဲ၏ ရည်မှန်းချက်မှာ ပလက်ဖောင်းကို တည်ဆောက်ခြင်းအားဖြင့် ယူနန့် တောရှိုင်းစားသုံးမှိုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေ၍ ယူနန်ပြည်နယ်သည် ကမ္ဘာ့ပထမဆင့်တန်း ညစ်ညမ်းမဲ့ အစိမ်းရောင်အစားအစာ အမှတ်တံဆိပ်ကို ထုလုပ်ရန် အားဖြည့်ပေးမည် ဖြစ်ပါသည်။ Younghui၊ Wu Mart၊ Meituan စသည့် ပြည်တွင်း သီးခြားဝယ်ယူသူ အခု ၂၀၀ ကျော်၊ ပြည်နယ်နှင့် မြို့ ၂၆ ခုမှ စားသုံးမှိုလုပ်ငန်းအသင်း ခေါင်းဆောင်များ၊ မဟာမိတ်အဖွဲ့ဥက္ကဋ္ဌ စသည့် အဖွဲ့အစည်းများ၏ တာဝန်ခံသူများနှင့် လုပ်ငန်း အခု သုံးလေးငါးရာ၊ ယိမေ၊ နန်ဟွာ၊ လစ်ကျန်း၊ ရှန်ဂရီလာ စသည့် တောမှိုထွက်သည့် အဓိကနေရာများမှ ကုန်သည်များသည် စည်းဝေးပွဲကို ပါဝင်ရန် နာမည်စာရင်း ပေးသွင်းခဲ့ပါသည်။
昆明信息港讯(昆明日报 首席记者廖兴阳)2021中国(云南)国际野生食用菌产业大会暨中国国际绿色有机食品展览会,将于11月20日至26日在昆明市世纪金源购物中心广场举行。目前,已有国内外200多家专业采购商报名参会。
大会组委会常务副主任席辉介绍,云南素有“野生菌王国”的美誉,为了将“资源大省”转变为“产业强省”,本次大会将围绕野生菌这一优势资源,在为期7天的会期中举行野生食用菌产业大会展览会、云南国际美食文化节、第三届中国国际食用菌产业高峰论坛、第八届中国(云南)国际块菌(松露)节暨产业发展学术论坛等系列活动。
据介绍,云南野生菌种类居全国之首,目前记载的野生食用菌达900多种,约占全国野生食用菌市场份额的70%,其中“四大名菌”(松茸、松露、牛肝菌、鸡油菌)占全世界产量的一半以上、中国产量的三分之二。
本次大会旨在通过平台搭建,推动云南野生食用菌产业发展,为云南打造世界一流“绿色食品牌”目标增添“菌力”。据透露,已有永辉、物美、美团等国内200多家专业采购商,26个省市的食用菌协会会长、联盟理事长等社团组织负责人和数百家企业,以及易门、南华、丽江、香格里拉等野生菌主产区的商家报名参会参展。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
