နိုင်ငံတော် ပထမအဆင့် ထိန်းသိမ်းကာကွယ်ရေး တောရိုင်းတိရစ္ဆာန် Ciconia nigra များသည် ယူနန်ပြည်နယ် ယင်ကျန်းခရိုင်သို့ ပြန်ရောက်
2021-11-10 17:40|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ယခုရက်များတွင် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုးနှင့် ကျင်ဖော်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ သဘာဝဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး စေတနာ့ဝန်ထမ်းတို့သည် ယင်ကျန်းခရိုင်မှ တာ့ယင်ကျန်းမြစ်တစ်လျှောက်၌ အကြီးစားငှက် နှစ်ကောင်ကို ဓာတ်ပုံရိုက်ခဲ့၍ စေတနာ့ဝန်ထမ်းတို့သည် လက်တွေ့ ကြည့်ရှုအကဲခတ် ခြင်းအားဖြင့် နိုင်ငံတော် ပထမအဆင့် ထိန်းသိမ်းကာကွယ်ရေး တောရိုင်းတိရစ္ဆာန် Ciconia nigra ဖြစ်ရန် တိကျသတ်မှတ်၍ နှစ်ကောင်စလုံးသည် Subadult ဖြစ်ပါသည်။ ဤအကြိမ်တွေ့ရှိခြင်းသည် Ciconia nigra များ ယင်ကျန်းခရိုင်၌ နှစ်ပေါင်းအများအပြား အဆက်မပြတ် နားနေသည့် မှတ်တမ်းကို ထိန်းသိမ်းထားပါသည်။
Ciconia nigra ၏ ကိုယ်ဟန်သည် ကြော့ရှင်းပြေပြစ်ပြီး ခန္ဓာကိုယ်အရောင်သည် တောက်ပထင်ရှားပြီး လှုပ်ရှားချိန် သွက်လက်ပြီး စိတ်နေသဘောထားသည် ပါးနပ်ချက်ချာ၍ ခန္ဓာကိုယ်ပေါ်မှ အတောင်အမွေးသည် ရင်ပိုင်းနှင့် ဝမ်းပိုင်းတို့တွင် ဖြူစင်ရောင်ဖြစ်လွဲ၍ ကျန်ထားသည့်အပိုင်းတွင် အနက်ရောင်ဖြစ်၍ မတူသော ရှုထောင့်မှကြည့်လျှင် အရောင်မျိုးစုံကို ထင်ဟပ်နိုင်ပါသည်။ Ciconia nigra သည် နားနေသော ပတ်ဝန်းကျင် အထူးသဖြင့် ကျက်စားသော ရေပြင်နယ်နိမိတ်အတွက် မြင့်မားသော လိုအပ်ချက်များရှိ သောကြောင့် အရေအတွက် အလွန်ရှားပါးပါသည်။
ယင်ကျန်းခရိုင်သည် ဧည့်သည်ငှက်များ ပျံသန်းပြောင်းရွှေ့ရာမှ အရေးပါသော နေရာတစ်ခုဖြစ်၍ စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေးခြင်းနှင့် ကြည့်ရှုအကဲခတ်ခြင်း အရ ဗျိုင်းညို၊ Grus nigricollis၊ Anthropoides virgo၊ Aquila nipalensis၊ Aquila heliaca၊ Haliaeetus albicilla စသည့် အကြီးစား ဧည့်သည်ငှက်များသည် ယင်ကျန်းခရိုင်၌ ရပ်နားမည် သို့မဟုတ် ခေတ္တရပ်နားပြီး ဆောင်ရာသီကူးမည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့












