ကူမင်းဧရိယာအပိုင်းသည် “ထောက်ပံ့ရေးမူဝါဒ အထုပ်နီ” လက်ငင်းငွေထုတ်ပေး
2021-11-05 18:07|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ယခုရက်ပိုင်းတွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) သည် ဧရိယာအပိုင်းထဲမှ ဘဏ်လုပ်ငန်းအဖွဲ့အစည်းနှစ်ခုကို ၂၀၂၀ပြည့်နှစ်အတွင်း ရုံးခန်းငှားရန် အိမ်လခထောက်ပံ့ကြေး စုစုပေါင်း အယွမ် ၇၀.၁၆သောင်းကို ထုတ်ပေးခဲ့ပါသည်။ ၎င်းသည် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) သည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးသည့် “ထောက်ပံ့ရေးမူဝါဒ အထုပ်နီ”ကို ပထမဦးဆုံး လက်ငင်းငွေထုတ်ပေးခဲ့သည် ဖြစ်ပါသည်။
ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)၏ ကူးသန်းရောင်းဝယ်ရေးနှင့် ငွေရေးကြေးရေးဝန်ဆောင်မှု ဦးစီးဌာနသည် ထောက်ပံ့ကြေးများကို ဘဏ်လုပ်ငန်းအဖွဲ့အစည်းများသို့ ချက်ချင်းထုတ်ပေး၍ ဘဏ်လုပ်ငန်းအဖွဲ့အစည်းသည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ပံ့ပိုးကူညီ၍ ငွေရေးကြေးရေးလုပ်ငန်းများကို အခြေချရန် လမ်းညွှန်ပြ၍ ငွေရေးကြေးရေးလုပ်ငန်း စုစည်း အကျိုးသက်ရောက်မှုကို ဖြစ်လာစေပါသည်။
နောက်နောင်တွင် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) သည် ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ထောက်ပံ့သည့် ပေါ်လစီများ အကောင်အတည်ဖော်ရန် အသေးစိတ် စည်းကမ်းသတ်မှတ်ချက်များကို အဆက်မပြတ် လေ့လာပြီး ထုတ်ပြန်ကြေညာ၍ ငွေရေးကြေးရေးအဖွဲ့အစည်း အမျိုးမျိုးသည် လုပ်ငန်းများကို တိုးချဲ့ရန် အားပေး၍ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် တွန်းအားပေးမည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့