ယူနန်ပြည်နယ် ချန်းနင်ခရိုင်တွင် Alsophilaspinulosa (Hook.) Tryon အပင် ၂၀၀ကျော်ကို ရှာဖွေတွေ့ရှိပြီး တွေ့ရသည် ခက်ခဲ
2021-10-29 17:10|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ယခုရက်ပိုင်းတွင် ယူနန်ပြည်နယ် ချန်းနင်ခရိုင် ဝင်းချွမ်မြို့နယ် လုထန်ရွာ၌ ဧရိယာကျယ်ဝန်းသော Alsophilaspinulosa (Hook.) Tryon အသိုင်းအဝိုင်းကို တွေ့ရှိခဲ့ပါသည်။ အစပဏာမ စုံစမ်းချက်အရ ဤ Alsophilaspinulosa (Hook.) Tryon အသိုင်းအဝိုင်းသည် နှိုင်းရ တသီးတခြားနေသည့် အသိုင်းအဝိုင်းငယ် လေးခုကို ပါဝင်၍ စုစုပေါင်း အပင် ၂၀၀ ကျော်ရှိပါသည်။ ၎င်းအနက် အကြီးဆုံးအပင်သည် အမြင့် ၁၄ မီတာကျော်၊ DHB ၄၁ စင်တီမီတာနှင့် အမြစ်လုံးပတ် စင်တာမီတာ ၆၀ ရှိကာ ပုံစံသည် ကြီးမားသော ထီးကဲ့သို့ ခန့်ညားထည်ဝါလှပါသည်။
Alsophilaspinulosa (Hook.) Tryon သည် လက်ကျန် တစ်ခုတည်းသော အပင်မာ ဍရင်ကောက်ရုက္ခပင်မျိုး ဖြစ်သဖြင့် သိပ္ပပညာအသိုင်းအဝိုင်းတွင် ရှေဟောင်းသတ္တဝါနှင့် ကမ္ဘာ ဆင့်ကဲပြောင်းလဲ တိုးတက်လာခြင်းများကို လေ့လာသည့်အတွက် “သက်ရှိရုပ်ကြွင်း” ဟု ခေါ်လျက်ရှိသည်။
Alsophilaspinulosa (Hook.) Tryon သည် ရှင်သန်ကြီးထွားသည့် ပတ်ဝန်းကျင်အတွက် မြင့်မားသော လိုအပ်ချက် ရှိသောကြောင့် Alsophilaspinulosa (Hook.) Tryon အသိုက်အဝိုင်းကို ကောင်းမွန်စွာ ထိန်းသိမ်းရန်အတွက် နောက်နောင်တွင် ချန်းနင်ခရိုင် သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာနနှင့် ဝင်းချွမ်မြို့နယ်တို့သည်လည်း နောက်ထပ် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်၍ ထိန်းသိမ်းရေး နည်းလမ်းများကို ရေးဆွဲချမှတ်ပြီး လက်တွေ့ဆောင်ရွက်မည် ဟု ချန်းနင်ခရိုင် သစ်တောနှင့် မြက်ခင်းပြင်လုပ်ငန်း ဦးစီးဌာန တောရိုင်းတိရိစ္ဆာန်များ၊ အပင်များနှင့် သဘာဝထိန်းသိမ်းရေးဇုန် စီမံခန့်ခွဲရေးတာဝန်ခံ သိုက်လျှောင်မင်းမှာ မိတ်ဆက်ခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့