ကူမင်းဧရိယာအပိုင်းသည် တိုင်းတစ်ပါးသို့ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပြည်ဝင်ပြည်ထွက်ခွင့် လွယ်ကူစေသည့် နည်းလမ်းများတင်ပြခဲ့

2021-10-25 09:57|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ကူမင်းဧရိယာအပိုင်းသည် ဆိုင်းဘုတ်တပ်ပြီးမှ နှစ်နှစ်အတွင်း တိုင်းတစ်ပါးသို့ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပြည်ဝင်ပြည်ထွက်ခွင့်ဆိုင်ရာ သက်သာလွယ်ကူမှုရစေသည့် ပေါ်လစီနှင့် နည်းလမ်းများကို တင်ပြကာ ထူးချွန်ထက်မြက်သော နိုင်ငံခြားလူချွန်များကို ဆွဲဆောင်လာပြီး နိုင်ငံခြားဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းကို တိုးမြှင့်ခဲ့ပါသည်ဟု အခုတလော တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းမှ သိရှိရခဲ့ပါသည်။

ကူမင်းဧရိယာအပိုင်း၏ တည်ဆောက်မှုကို အပြည့်အဝထောက်ခံနိုင်ရန် ကူမင်းမြို့ရဲဌာန လူဝင်မှုကြီးကြပ်ရေးရုံးသည် သက်သာလွယ်ကူမှုရစေသည့် နည်းလမ်း ၁၀ ခုကို တင်ပြကာ မီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာအောင် နည်းလမ်း ၂၂ ခုကို ချမှတ်ခဲ့ပါသည်၊ ၄င်းအနက် နိုင်ငံခြားလူရည်ချွန်များသည် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခြင်း၊ နိုင်ငံခြားသားများသည် ရေရှည်ဗီဇာနှင့် နေထိုင်ခွင့်လက်မှတ်ထုတ်ပေးခြင်း၊ နိုင်ငံခြားလူရည်ချွန်များကို သွင်းယူခြင်းတို့ဆိုင်ရာ ကန့်သတ်ချုပ်ခြယ်မှု လျှော့ပါးစေခြင်းနှင့် နိုင်ငံခြားသားများအတွက် ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုအဆင့်အတန်း တိုးမြှင့်ခြင်း ဟူသော အချက် ၅ ချက်ကို ပါဝင်ပါသည်။

ဤနှစ်ကတည်းက ကူမင်းမြို့ရဲဌာန လူဝင်မှုကြီးကြပ်ရေးရုံးသည် နိုင်ငံတကာအသိုင်းအဝိုင်း တည်ဆောက်ခြင်းနှင့် ပေါင်းစပ်၍ ကူမင်းမြို့ပြည်သူ့အစိုးရ သံတမန်ရေးရာဌာနရုံး၊ ကူမင်းဧရိယာအပိုင်း စီမံခန့်ခွဲရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကူမင်းဧရိယာအပိုင်း အထွေထွေဝန်ဆောင်မှုစင်တာ တစ်ခုလုံးကို တိုင်းတစ်ပါးသို့ရွှေ့ပြောင်းနေထိုင်ခြင်းလုပ်ငန်း ဆိုင်ရာ ဝန်ဆောင်မှုအထွေထွေစင်တာ အဖြစ် တည်ဆောက်ရန် စီစဉ်ထားပါသည်။

昆明信息港综合整理 日前,从中国(云南)自由贸易试验区昆明片区获悉,昆明片区挂牌两年来,推出了多项移民和出入境便利政策措施,吸引优秀外籍人才,提高涉外服务水平。

昆明市公安局出入境管理局为全力支持自贸试验区建设,推出10项便利措施,制定22条优化管理服务有关措施,涵盖了扩大外国人才申请永久居留对象范围、放宽签发长期签证和居留许可的对象范围、拓宽外国人才引进对象范围、提高外国人服务管理水平等五个方面。

今年以来,昆明市公安局出入境管理局结合国际社区建设,联合昆明市外办、昆明片区管委会和各相关单位,计划将整个昆明片区综合服务中心建设成为移民事务服务综合体。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်