တရုတ်-လာအိုရထားလမ်း အတွက် “လန်ချန်း”ကျည်ဆန်ရထားကြီးအား ဗီယင်ကျန်းမြို့တွင် လွှဲပြောင်းပေးအပ်

2021-10-18 16:39|ရောင်စုံတိမ်တံတား

1127966320_16344403543701n

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) “လန်ချန်း”ကျည်ဆန်ရထားတွဲကြီးကို အောက်တိုဘာ ၁၆ ရက်က ဆောက်လုပ်ပြီးစ တရုတ်-လာအိုရထားလမ်း ဗီယင်ကျန်းဘူတာကြီးသို့ ပို့ဆောင်၍ Laos-China Railway Co., Ltd သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် “လန်ချန်း”ကျည်ဆန်ရထား လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို လာအိုနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်း၊ လာအိုနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး Viengsavath Siphandone တို့ တက်ရောက်ခဲ့ကြပါသည်။

1127966320_16344403543721n (1)

အခမ်းအနားတွင် တရုတ်နိုင်ငံ သံအမတ်ကြီး ကျန်းကျိုက်တုန်းက အမှာစကား ပြောကြားခဲ့ရာ ယနေ့ လာအိုနိုင်ငံသည် သမိုင်းတွင် ပထမဆုံး ခေတ်မီရထားတွဲကြီးကို ကြိုဆိုခဲ့ကြောင်း၊ ၎င်းမှာ တရုတ်-လာအို ရထားလမ်းတည်ဆောက်မှု၏ အဆုံးအဖြတ် ပေးနိုင်သည့် တိုးတက်မှု ဖြစ်သလို တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက်နှင့် လာအိုနိုင်ငံ၏ “ကုန်းတွင်းပိတ်နိုင်ငံ မှ ကုန်းတွင်းချိတ်ဆက်နိုင်ငံအဖြစ်သို့ ပြောင်းလဲခြင်း” မဟာဗျူဟာနှင့် ချိတ်ဆက်ထားသော ပြယုဂ်အောင်မြင်မှုဖြစ်ကြောင်း ဆိုသည်။ လက်ရှိ တည်ဆောက်မှုတိုးတက်ရေး အခြေအနေအရ ဆိုလျှင် လာအိုနိုင်ငံဘက်က ဒီဇင်ဘာ ၂ ရက် လာအိုအမျိုးသားနေ့ အထိမ်းအမှတ်ပွဲတော် အခါသမယတွင် တရားဝင် ရထားပြေးဆွဲနိုင်အောင် အကောင်အထည်ဖော်ရေး အဆိုပြုထားရာ မိမိတို့အနေဖြင့် အားတက်ရပါကြောင်းနှင့် လာအိုနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

1127966320_16344403543731n

တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲပြီးနောက်ပိုင်း ဗီယင်ကျန်းမှ တရုတ်-လာအို နယ်စပ်၏ ခရီးအကွာအဝေးသည် ၂ ရက် ကြာရာမှ ၃ နာရီဖြင့် ရောက်ရှိနိုင်မည်ဖြစ်သလို ကူမင်းသို့ဆိုလျှင် နံနက်၌ ထွက်ခွာပါက ညနေတွင် ရောက်ရှိနိုင်မည်ဖြစ်ရာ နှစ်နိုင်ငံအကြား အပြန်အလှန် ချိတ်ဆက်မှုများက ခုန်ပျံကျော်လွှားတိုးတက်မည့် အခြေအနေကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ကျန်းကျိုက်တုန်းက ပြောကြားခဲ့ပါသည်။

လာအိုနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး Viengsavath Siphandone က “လန်ချန်း”ကျည်ဆန်ရထားကြီး အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခြင်းသည် လာအို-တရုတ် ရထားလမ်းစီမံကိန်း၏ တည်ဆောက်ရေးကာလမှ အသုံးချ လည်ပတ်ရေးကာလသို့ ကူးပြောင်းခြင်း၏ အမှတ်သင်္ကေတဖြစ်ပြီး လာအိုနိုင်ငံ၏ ရထားလမ်းပို့ဆောင်ရေး ခေတ်သစ်ကာလသို့ ဝင်ရောက်ပြီ ဖြစ်သည်ကို ကြေညာအပ်ပါကြောင်း၊ လာအိုပြည်သူများက လည်းလမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ပြုပြင်ပြောင်းလဲသည့် ခေတ်သစ်ကို ကြိုဆိုကြကြောင်း ပြောကြားခဲ့ပါသည်။

1127966320_16344403543701n

“澜沧号”动车组16日运抵刚刚建成的中老铁路万象站,正式交付老中铁路有限公司。中国驻老挝大使姜再冬、老挝公共工程与运输部部长荣沙瓦出席了在万象站举行的“澜沧号”动车组交付仪式。

1127966320_16344403543721n (1)

姜再冬在致辞时说,今天老挝迎来历史上第一组现代化列车。这是中老铁路建设的决定性进展,也是中国“一带一路”倡议与老挝“变陆锁国为陆联国”战略对接的标志性成果。根据目前建设进度,老方提出以老挝国庆(122日)为目标节点实现正式通车,我们深受鼓舞并愿同老方共同努力。

1127966320_16344403543731n

姜再冬说,中老铁路通车后,万象到中老边境车程将由2天缩短到3小时,到昆明可朝发夕至,中老之间互联互通实现跨越式发展。

荣沙瓦说,“澜沧号”顺利交付,标志着老中铁路即将由建设期进入运营期,也宣告老挝迈入铁路运输新时期,老挝人民迎来交通运输变革的新时代。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်