“ကူမင်းကြေငြာစာတမ်း”သည် ကူမင်းမြို့မှ ကမ္ဘာသို့ ထွက်လာသည့် အရေးကြီးသော အချက်ပြသင်္ကေတဖြစ်
2021-10-13 17:10|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) အောက်တိုဘာ ၁၃ရက် မွန်းလွဲပိုင်းတွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း (Convention on Biological Diversity - CBD) ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများညီလာခံ (COP15) (အဆင့် ၁)မှ “ကူမင်းကြေငြာစာတမ်း”ကို အတည်ပြုခဲ့ပါသည်။ “ကူမင်းကြေငြာစာတမ်း”သည် ကူမင်းမြို့မှ ကမ္ဘာသို့ ထွက်လာသည့် အရေးကြီးသော အချက်ပြသင်္ကေတ ဖြစ်၍ နိုင်ငံတကာအသိုက်အဝန်းသည် လက်ရှိတွင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းသည့် ရဲရဲတောက်စိတ်ဓာတ်ကို ရှိရုံသာမက တိကျသော လုပ်ငန်းကို လက်တွေ့ဆောင်ရွက်ရန်အတွက် နိုင်ငံအသီးသီးသည် ဆက်လက်ကြိုးစားကြလိမ့်မယ် ယုံကြည်ပါသည်ဟု ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့သော တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ဥရုဂွေးသံအမတ်ကြီး Fernando Lugris မှာ ပြောကြားခဲ့ပါသည်။
“ကူမင်းကြေငြာစာတမ်း”သည် လူသားအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၏ အရေးပါပုံကို ထပ်မံရှင်းလင်း၍ တစ်ကမ္ဘာလုံး ရေရှည်တည်တံ့သော ဖွိ့ဖြိုးတိုးတက်မှုအတွက် မှန်ကန်သော အခြေခံအနှစ်သာရကို ချမှတ်ခဲ့သည်ဖြစ်ကြောင်း။ သို့သော်လည်း နိုင်ငံစလုံးသည် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးစီမံကိန်းများကို အကောင်အထည်ဖော်နိုင်ရန် စွမ်းအားရှိသည် မဟုတ်ဘူး ဟု ကျွန်တော်တို့လည်း မျက်မြင်တွေ့ရှိသင့်သည် ဖြစ်ကြောင်း။ ရာသီဥတုပြောင်းလဲခြင်း၊ ဓာတုဗေဒပစ္စည်းနှင့် စွန်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် အခြားနယ်ပယ်များတွင် များပြားသော စိန်ခေါ်မှုကို ကျွန်တော်တို့ ရင်ဆိုင်နေပါသည် ဖြစ်ကြောင်း။ ဇီဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အကောင်အထည်ဖော်ရန် စီးပွားရေးနှင့် လူ့လောကနယ်ပယ်အသီးသီးမှ အတူတကွ ကြိုးပမ်းအားထုတ်မှုကို လိုအပ်ပါသည်ဖြစ်ကြောင်း Fernando Lugris မှာ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ယွမ် ၁.၅ဘီလီယံ ဦးစီးထုတ်ပေး၍ ကူမင်း ဇီဝမျိုးစုံမျိုးကွဲများရန်ပုံငွေကို ထူထောင်မည်ဆိုသည်မှာ တရုတ်နိုင်ငံသည် နိုင်ငံတကာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရာတွင် ဦးဆောင်မှု အခန်းကဏ္ဍပါဝင်ရန် ဆန္ဒရှိသည် ဖော်ပြပါသည် ဟု သူသည် ယူဆခဲ့ပါသည်။
ဤအကြိမ်ညီလာခံကို ပါဝင်ခြင်းသည် Fernando Lugris ယူနန်ပြည်နယ်သို့ တတိယအကြိမ် လာရောက်ခြင်းဖြစ်ပါသည်။ “ယူနန်ကို ပြောတိုင်း ကျွန်တော်ဟာ ၎င်းရဲ့ အလှအပအတွက် အံ့သြမိတယ်၊ ယူနန်ပြည်နယ်က တရုတ်နိုင်ငံက ဂေဟယဉ်ကျေးမှု တည်ဆောက်ရာမှာ အရမ်းအရေးပါတဲ့ အခန်းကဏ္ဍကို သရုပ်ဆောင်ထားပြီး ဒီမှာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်းမှု နည်းလမ်းကို အမြဲတမ်း ခိုင်ခိုင်မာမာ စွဲစွဲမြဲမြဲထိန်းသိမ်းပြီး ထိန်းသိမ်းရေးထဲမှာ ရေရှည်တည်တံ့သော ဖွိ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်လေ့ရှိတယ် ကျွန်တော်ထင်တယ်” ဟု သူသည် ပြောကြားခဲ့ပါသည်။
ယူနန်ကို လာရောက်တိုင်း ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်အသစ်ကို တွေ့မြင်နိုင်သည် ဟု သူသည် ပျော်ရွှင်စွာ ပြောခဲ့ပါသည်။ ရေရှည်တည်တံ့သော ဖွိ့ဖြိုးတိုးတက်မှု၊ ညစ်ညမ်းမဲ့ အစိမ်းရောင်စီးပွားရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းမှုတို့သည် ဥရုဂွေးနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ အမြုတေလည်း ဖြစ်ပါသည်ဟု Fernando Lugris မှာ ပြောကြားခဲ့ပါသည်။ သူသည် လာမည့်နှစ် ညီလာခံ(အဆင့် ၂)တွင် ပိုများသော လက်တွေ့ကျသော ရလဒ်များကို ရယူနိုင်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တို့နှင့် သက်ဆိုင်သည့် နယ်ပယ်များတွင် ပိုများသော အနက်အဓိပ္ပာယ်ရှိသည့် ပူးပေါင်းဆောင်ရွက်မူများကို ဆောင်ရွက်နိုင်မည် မျှော်လင့်ပါသည်။
昆明信息港综合整理 10月13日下午,阵阵掌声中,《生物多样性公约》第十五次缔约方大会(COP15)第一阶段会议通过了“昆明宣言”。现场全程见证的乌拉圭驻华大使费尔南多·卢格里斯表示,“昆明宣言”是从昆明向世界发出的重要信号,国际社会目前既需要保护多样性的雄心,也需要务实行动,相信各方会为此继续努力。
费尔南多·卢格里斯说,“昆明宣言”再次明确了生物多样性保护对人类的重要性,为全球可持续发展定下了正确的基调。“但我们也应看到,不是每个国家都有能力实施生物多样性保护项目。我们在气候变化、化学品和废物管理以及其他领域都面临着诸多挑战。生态环境保护,需要经济和社会各领域的协同发力才能实现。”他认为,中国将率先出资15亿元人民币,成立昆明生物多样性基金,表明中国愿意在国际生物多样性保护中发挥引领作用。
此次参会,是费尔南多·卢格里斯第三次到访云南。“每次提到云南,我都会惊叹于它的美丽。我认为云南在中国生态文明建设过程中扮演着非常重要的角色,这里始终坚定以绿色为发展底色,在保护中实现可持续发展。”
他开心地说,每次来云南,都能发现新的合作领域。费尔南多·卢格里斯表示,可持续发展、绿色经济、生物多样性保护,也是乌拉圭发展计划的核心,他期待着明年大会第二阶段会议取得更多务实成果,也期待和云南省、中国在相关领域开展更多有意义的合作。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့