ယူနန်ပြည်နယ် ခိုင်ယွမ်မြို့၌ ငှက်အမျိုးမျိုးများသည် ကောင်းကင်ပေါ်တွင် မြူးထူးစွာ ကစားကြ

2021-09-16 17:05|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုနှစ်များတွင် ဂေဟစနစ်ပတ်ဝန်းကျင်တည်ဆောက်မှုကို အဆက်မပြတ် ရှေ့သို့ တွန်းတင်သည်နှင့်အမျှ ခိုင်ယွမ်မြို့မှ ဖိန်ဖွမ် ဇီဝလက္ခဏာဥယျာဉ်၊ နန်ဒုံမြစ် စိုစွတ်မြေဥယျာဉ်နှင့် ဆန်ကျောင်ဟိုင်စသည့်နေရာများ၏ ရေပတ်ဝန်းကျင်သည် တစ်နေ့တစ်ခြား ကောင်းမွန်လာပါသည်။ အပြာရောင်ကောင်းကင်၊ သန့်ရှင်းသောမြေပြင်နှင့် ကြည်လင်သောရေတို့ဖြင့် ဖွဲ့စည်းသည့် လှပရှုခင်းသည် Anastomus oscitans၊ Platalea leucorodiaနှင့် ဗျိုင်းညိုစသည့် ငှက်အမျိုးမျိုးများကို ဤနေရာသို့ လာရောက်နားနေရန် ဆွဲဆောင်ကြပါသည်။

ငှက်အမျိုးအစား၏ အရေအတွက် တိုးပွားလာခြင်းနှင့် ရှားပါးသောငှက်များ၏ လာရောက်ခြင်းတို့သည် ခိုင်ယွမ်မြို့၏ ဂေဟစနစ်ပတ်ဝန်းကျင် စဉ်ဆက်မပြတ် ကောင်းမွန်မှုအတွက် အကောင်းဆုံးသောမှတ်ချက်ဖြစ်ပါသည်။ ရေကြည်လင်အပင်စိမ်း၊ ခရီးသည်များပြား၊ ငှက် သာယာစွာ ရင့်ကျူး၊ ပန်း သင်းပျံ့စွာ ပွင့်ဖူးစသည့် ရှုခင်းများသည် မြို့တစ်မြို့မှ ကောင်းမွန်သော ဂေဟစနစ်ပတ်ဝန်းကျင်ကို ဖော်ပြသည့်အပြင် လူသားများ၏ လှပအိုးအိမ်အပေါ် ထားရှိသောမျှော်မှန်းတမ်းတခြင်းလည်း ဖြစ်ပါသည်။

အခုအချိန်အထိ ခိုင်ယွမ်မြို့၌ မှတ်တမ်းထားသော ငှက်အမျိုးအစားသည် ၂၈၀ ခန့် ရှိ၍ ၎င်းအနက် နိုင်ငံတော် ပထမအဆင့် ကာကွယ်စောင့်ရှောက်ရသည့် တိရစ္ဆာန် Ciconia nigraနှင့် ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရသည့် တိရစ္ဆာန် Platalea leucorodia၊ Merops philippinus၊ ဗျိုင်းညို၊ Hydrophasianus chirurgus၊ Otus bakkamoenaစသည့်တိရစ္ဆာန်များ ပါဝင်ထားပါသည်။

ငှက်အမျိုးမျိုးများ၏ အော်မြည်သံသည် ခိုင်ယွမ်မြို့၏ သက်ရှိစွမ်းအားကို နှိုးဆော်၍ မြို့ပြနှင့်ကျေးရွာကို အကင်းပါးရှိစေကာ ဇီဝမျိုးစုံမျိုးကွဲအလှကို ပြည့်ဝစွာ ဖော်ပြထားပါသည်။

近年来,随着生态环境建设持续推进,开远市凤凰生态公园、南洞河湿地公园、三角海等地水环境日益优化,天蓝地净水秀的美丽景观吸引了钳嘴鹳、白琵鹭、灰鹤等多种鸟类到此栖息定居。

种群数量的激增,稀客、贵客的加入,是开远生态环境持续改善的最好注释,水清岸绿、游人如织、鸟语花香,是一座城市优秀生态环境的体现,更是人们对美好家园的向往。

截至目前,开远记录的鸟类约有280种,包括国家一级保护动物黑鹳;二级保护动物白琵鹭、栗喉蜂虎、灰鹤、水雉、领角鸮等。

鸣叫声唤醒开远的生机,让城市和乡村有了灵性,尽显生物多样性之美。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်