နေ့တိုင်း ယူနန်ပြည်နယ်တောမှို ၆ တန်ကို မြန်နှုန်းမြင့်ရထားမှတစ်ဆင့် တစ်နိုင်ငံလုံးမှနေရာအသီးသီးသို့ ပို့ဆောင်ရောင်းချ
2021-09-16 17:04|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်တောမှိုများကို ဈေးတွင် အများအပြား ရောင်းချလာသည်နှင့်အမျှ ဤရက်များအတွင်း မြန်နှုန်းမြင့်ရထားမှတစ်ဆင့် သယ်ယူပို့ဆောင်သော တောမှိုများ၏အရေအတွက် လျင်မြန်စွာ တိုးပွားလာကြသည်။ တရုတ်မီးရထား ကူမင်းဦးစီးဌာန အုပ်စုကုမ္ပဏီလီမိတက် (အောက်တွင် ကူမင်းဦးစီးဌာနအုပ်စုဟု ခေါ်)သည် သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို ချက်ချင်းပြန်လည်စီမံ၍ မြန်နှုန်းမြင့်ရထားများကို သီးသန့်ထားပြီး တောမှိုများ အခြားပြည်နယ်များသို့ သယ်ယူပို့ဆောင်ရန်အတွက် ထောက်ခံမှုပေးကြောင်း အခုလောက သတင်းထောက်သည် ကူမင်းဦးစီးဌာနအုပ်စုမှ သိရှိခဲ့ပါသည်။
ဤနှစ်နွေရာသီတွင် မိုးများစွာ ရွာသွန်းပြီး ယူနန်ပြည်နယ်၌ တောမှိုအရေအတွက် အလွန်ကြီးမား၍ နေ့တိုင်း တောမှို ၆ တန်ကို မြန်နှုန်းမြင့်ရထားမှတစ်ဆင့် တစ်နိုင်ငံလုံးမှနေရာအသီးသီးသို့ ပို့ဆောင်ရောင်းချနေကြောင်း သိရှိရပါသည်။ မြန်နှုန်းမြင့်ရထားဖြင့် သယ်ဆောင်သောတောမှိုအမျိုးအစားများမှာ ရှန်ဂရီလာနှင့် လစ်ကျန်းစသည့်နေရာ ထွက်သော Tricholoma matsutake (lto et lmai) Singer အဓိက ဖြစ်ပါသည်၊ မီးရထားလမ်းသည် လွယ်ကူလျင်မြန်၊ အချိန်မှန်နှင့် ထိရောက်မှုမြင့်မား စသည့်မြန်နှုန်းမြင့်ရထား၏ ထူးခြားချက်များကို ပြည့်ဝစွာ အသုံးပြု၍ တောမှိုများ၏ သွင်းယူရန်နှင့် ဖြန့်ဖြူးရန်အရပ်ဖြစ်သော ကူမင်းမြို့တောင်ပိုင်း မြန်နှုန်းမြင့်ရထားဘူတာရုံမှ မြန်နှုန်းမြင့်ရထားဖြင့် တစ်နိုင်ငံလုံးမှနေရာအသီးသီးသို့ သယ်ယူပို့ဆောင်ကြောင်း ကူမင်းဦးစီးဌာနအုပ်စု ခရီးသည်ပို့ဆောင်ရေဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူ မိတ်ဆက်ပေးခဲ့ပါသည်။
နောက်တစ်လှမ်းအနေဖြင့် ကူမင်းဦးစီးဌာနအုပ်စုသည် မြန်နှုန်းမြင့်ရထားဖြင့် ကုန်ပစ္စည်းများသယ်ယူပို့ဆောင်သောဝန်ဆောင်မှုကို တစ်ဆင့်တိုးပြီး ပြည့်စုံကောင်းမွန်စေ၍ ယူနန်ပြည်နယ် ရာသီတိုင်းတွင် ထွက်သော ကုန်းပြင်မြင့်ထွက်ကုန်များအတွက် ယူနန်ထူးခြားချက်များ ပါထားသော ယူနန်ထွက်ကုန် သယ်ဆောင်သည့် မြန်နှုန်းမြင့်ရထားဝန်ဆောင်မှုကို ပေးရပါမည်။
近日,记者从中国铁路昆明局集团有限公司(下称“昆明局集团”)获悉,随着云南野生菌大量上市,连日来昆明局集团野生菌高铁快运量迅速增长,昆明局集团紧急调整运能,预留高铁席位为野生菌出滇提供运力支持。
据了解,今年夏季雨水充沛,云南野生菌上市量大,每天有6吨野生菌通过高铁快运销往全国各地。昆明局集团客运部相关负责人介绍,高铁运输的野生菌品类主要以香格里拉、丽江等地松茸为主,铁路充分发挥高铁快捷、准时、高效的运能特点,以昆明南站为运输集散点,通过高铁运往全国各地。
下一步,昆明局集团还将进一步完善高铁快运服务,针对云南各季节高原农特产品资源,推出不同季节,有云南特色的“云品高铁快运”服务。(春城晚报-开屏新闻 记者孙江荭 通讯员邓瑜 梁颖 王潘博)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
