ယူနန်ပြည်နယ် ဖုယွန်ခရိုင်တွင် သစ်တော်သီးနီများသည် သီးထွက်ကောင်း၍ ရွာသူရွာသားတို့သည် ဝင်ငွေတိုးစေ

2021-09-03 16:59|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သြဂုတ်လထဲသို့ ဝင်ရောက်ပြီးတော့ ယူနန်ပြည်နယ် ဖုယွန်ခရိုင် ကျုံးအန်လမ်း တုံးပေါင် ကွန်မြူနီတီမှ အမို ၁ ထောင်နီပါး ကျယ်ဝန်းသော သစ်တော်သီးနီများ အခြေခံစခန်းတွင် သစ်တော်သီးနီကြီးများကို သစ်ခက်အပေါ်၌ ချိတ်ဆွဲထား၍ အလုပ်သမားများကို ဆွတ်ခူး နေ၍ သီထွက်ကောင်းပြီး အလုပ်ရှုပ်သော ရှုခင်း ဖြစ်ပါသည်။

၂၀၀၇ ခုနှစ်တွင် တုံးပေါင်ကွန်မြူနီတီသည် မြို့တွင်းရပ်ကွက်နှင့် နီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေခြင်း၊ ကောင်းမွန်သော မြေဆီလွှာနှင့် ရာသီဥတု အခြေအနေစသည့် အားသာချက်များကို ပေါင်းစပ်၍ ကွန်မြူနီတီထဲသို့ သစ်တော်သီးနီများ စိုက်ပျိုးခြင်း ဖွံ့ဖြိုးတိုးတက်ရန် ကုမ္ပဏီများအား သွင်းယူခဲ့ပြီး လယ်ယာလုပ်ငန်း လုပ်ကိုင်သောအိမ်ထောင်စု ၁၉၀ ကျော်သည် လယ်မြေပြောင်းရွှေ့ခြင်းအားဖြင့် နှစ်စဉ် အငှားဝင်ငွေ ရရှိသည့်အပြင် ကျေးရွာရှိ ပိုလျှံလုပ်အားကို အိမ်နား၌ အလုပ်ရပြီး ဝင်ငွေတိုးပွားစေခဲ့သည်။

ဆယ်နှစ်ကျော် ဖွံ့ဖြိုးတိုးတက်ပြီးနောက် “တုံးပေါင် သစ်တော်သီးနီ”သည် တဖြည်းဖြည်း နာမည်ကျော်ကြားလာ၍ ၂၀၂၀ ပြည့်နှစ်တွင် ထွက်ကုန်အရေအတွက် အတန် ၇၀၀ ကျော်၊ ထွက်ကုန်တန်ဖိုး အယွမ် ၂ သန်းကျော် ရှိပြီး ထွက်ကုန်များမှာ ပီကင်း၊ ရှန်ဟိုင်းစသည့်မြို့သို့ တင်ပို့ရောင်းချပါသည်။

ကျေးလက်ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အမျှ ဖုယွန်ခရိုင်မြို့ မြို့ဆင်ခြေဖုံး၌ တည်ရှိသော သစ်တော်သီးနီများ အခြေခံစခန်းထဲ၌ အခုနှစ်များတွင် နွေဦးရာသီ၌ ပန်းများကို ကြည့်ရှု၊ နွေရာသီ၌ အသီးများကို ဆွတ်ခူးသော ခရီးသည်များ ပိုများလာ၍ အခြေခံစခန်းဘေးနားမှ ရွာသူရွာသားများသည် ကျေးလက်တောရွာပျော်စရာများ ဖွင့်ပြီး ဒေသခံအထူးထွက်ကုန်ပစ္စည်းများ ရောင်းချခြင်းအားဖြင့် ဝင်ငွေများများတိုးစေခဲ့သည်။

“ယခု ကွန်မြူနီတီသည် သစ်တော်သီးနီများ အခြေခံစခန်းကို မှီခို၍ အထောက်အပံ့ပစ္စည်း များ တည်ဆောက်ရေးကို လျင်မြန်စွာ ရှေ့တိုးပြီး ပိုပြည့်စုံကောင်းမွန်သော ခရီးသွားလာရေး လမ်းကြောင်းကို စီစဉ်ပြီး ပိုများသော ခရီးသည်များကို အခြေခံစခန်းသို့ လာရောက်ကာစား ရန် ဆွဲဆောင်ကြပါသည်။” အနာဂတ်အစီအစဉ်အကြောင်းကို ပြောဆိုသည့်အခါ၌ တုံးပေါင်ကွန်မြူနီတီ ပါတီကော်မတီခွဲအတွင်းရေးမှူး ချောကျန့်စိမ်က ယုံကြည်မှုအပြည့်ရှိခဲ့ သည်။ နောက်နောင်တွင် တုံးပေါင်ကွန်မြူနီတီသည် အခြေခံစခန်းဖြင့် ဗဟိုချက်မအဖြစ် ဘေးနားမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေ၍ ပိုများသော လယ်သမားများသည် ဝင်ငွေတိုးစေပြီး ချမ်းသာကြွယ်ဝစေပါသည်။

进入八月,云南省富源县中安街道东堡社区近千亩红梨基地里,一个个硕大的红梨挂满枝头,工人们正忙着采摘,一派丰收繁忙的图景。

2007年,东堡社区结合距离城区近,交通便利,土壤气候条件优越等优势,引进企业到社区发展红梨种植,190余户农户通过土地流转每年有了租金收益,还能带动村里的剩余劳力实现家门口就业增收。

经过十多年的发展,东堡红梨渐渐有了名头,2020年产量达到700多吨,产值200多万元,产品远销北京、上海等城市。

随着乡村旅游的兴起,地处富源县城城郊的红梨基地,近年来春赏花、夏摘果的游客越来越多,基地周边村民通过开农家乐、卖土特产也增加了不少的收入。

目前,社区正依托红梨基地,加快推进配套设施建设,规划更加完善的旅游路线,吸引更多游客到基地休闲游玩。谈到未来规划时,东堡社区党总支书记乔建深信心满满。下一步,东堡社区将以基地为中心辐射带动周边村子发展,带动更多农户增收致富。(郭燚 黄志艳 杨权风)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်