အရည်အသွေးကောင်းသော အစိုးရမူကြိုကျောင်း ၂ ကျောင်းသည် ကူမင်းဧရိယာအပိုင်း၌ အတည်အမြဲတည်ရှိမည်
2021-08-24 16:21|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သြဂုတ်လ ၆ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)သည် တာ့ကွမ်း မူကြိုကျောင်း၊ ကူမင်းမြို့ ကျောင်းဆရာများနှင့်ဝန်ထမ်းများ ဒုတိယ မူကြိုကျောင်းတို့နှင့် မူကြိုကျောင်း ပူးတွဲဖွင့်ရန် လက်မှတ်ထိုးပွဲကို ကျင်းပခဲ့ပါသည်။
အရည်အသွေးကောင်းသော ပညာရေးသယံဇာတပစ္စည်းများသည် ပထမတန်း စီးပွားရေး ပတ်ဝန်းကျင်၏ အရေးပါသော ထောက်ခံချက် ဖြစ်ပါသည်။ အခုနှစ်များတွင် ကူမင်းဧရိယာအပိုင်းသည် အရည်အသွေးကောင်းသော ပညာရေးကို အလင်းဆုံပေး၍ “နာမည်ကြီးကျောင်း၊ နာမည်ကြီးကျောင်းအုပ်၊ နာမည်ကြီးဆရာ” စီမံကိန်းကို အားသွန်ခွန်စိုက် ရှေ့သို့တွန်းတင်၍ ဧရိယာအပိုင်းထဲသို့ ကျောင်းဖွင့်ရန် နာမည်ကြီး အစိုးရပိုင် ပညာရေးသယံဇာတပစ္စည်းများကို ပိုမိုလျင်မြန်စွာ သွင်းယူ၍ ပညာရေးလုပ်ငန်းကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ကြီးထွား လာစေခဲ့ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ဧရိယာအပိုင်းတစ်ခုလုံးသည် စုစုပေါင်း အယွမ် ၁.၈၅၄ ဘီလျံ ရင်းနှီးမြှပ်နှံ၍ ပညာရေးစီမံကိန်း ၁၉ ခု တည်ဆောက်ပြီး နာမည်ကြီးကျောင်းအုပ် ၆ ဦးနှင့် နာမည်ကြီးကျောင်းဆရာ ၁၃ ဦး သွင်းယူ၍ နာမည်ကြီးဆရာ စတူဒီရို ၆ ခု တည်ဆောက်ပြီးမြောက်၍ မြို့အဆင့်အထက် ကျောင်းဆရာသစ်၊ ဘာသာရပ်ရှေ့ဆောင်သူနှင့် အမာခံကျာင်းဆရာ စုစုပေါင်း ၆၄ ဦးကို ပြုစုပျိုးထောင်ခဲ့ပါပြီ။ ပထမတန်း ပညာရေးအဆောက်အဆုံများနှင့် အရည်အသွေးကောင်းသော ပညာရေး လူချွန်များသည် ဧရိယာအပိုင်း၏ ပညာရေးအရည်အသွေးကို များစွာမြှင့်တင်စေပြီး အရည်အသွေးကောင်းသော ပညာရေးထောက်ပံ့ရေး စွမ်းရည်သည် စဉ်ဆက်မပြတ် တိုးမြှင့်လာ၍ ကူမင်းဧရိယာအပိုင်းထဲမှ လုပ်ငန်းကုမ္ပဏီများနှင့် လူထုများ၏ ရရှိခံစားမှုနှင့် ချမ်းမြေ့သာယာမှုများသည် သိသိသာသာ တိုးတက်လာခဲ့ပါသည်။
မူကြိုပညာရေးကို ကောင်းကောင်းလုပ်ဆောင်ပြီး ကလေးစလုံးသည် ပညာရေးရယူနိုင်စေရန် အကောင်အထည်ဖော်ခြင်းမှာ ကူမင်းဧရိယာအပိုင်းထဲမှ လုပ်ငန်းကုမ္ပဏီများနှင့် လူထုများအတွက် တကယ့်ကိစ္စ၊ အကျိုးရစေသည့် အရေးကိစ္စများ ဆောင်ရွက်ရန် အရေးကြီးသော ပြည်သူလူထု၏ နေထိုင်မှုဘဝစီမံကိန်း ဖြစ်ပါသည်။ ကူမင်းဧရိယာအပိုင်းသည် နာမည်ကြီးမူကြိုကျောင်း ၂ ကျောင်းနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးသည်မှာ မူကြိုပညာရေး၏ အရည်အသွေးနှင့် အဆင့်အတန်းကို တစ်ဆင့်တိုးပြီး မြှင့်တင်၍ လုပ်ငန်းရှင်များနှင့် လူထုများအတွက် ကလေးပညာပေးရေး ပြဿနာများကို ဖြေရှင်းပေးနိုင်ပါသည်။ ကူမင်းဧရိယာအပိုင်းမှာ တစ်ပြည်နယ်လုံးသည် အပြင်သို့ တံခါးဖွင့်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ပြတင်းပေါက်နှင့် စံပြဒေသအဖြစ် မူကြိုကျောင်း နှစ်ကျောင်းကို ဤနေရာ၌ တည်ထောင်ဖွင့်လှစ်ခြင်းသည် ဖြာထွက်အတိုင်းအတာ တစ်ဆင့်တိုးပြီး တိုးချဲ့၍ အမှတ်တံဆိပ်လွှမ်းမိုးမှုကို မြှင့်တင်လိမ့်မည်။
昆明信息港综合整理 8月6日,中国(云南)自贸试验区昆明片区(昆明经开区)与大观幼儿园、昆明市教工第二幼儿园举行联合办园签约仪式。
优质的教育资源是一流营商环境的重要支撑。近年来,昆明片区聚焦优质教育,大力推进“三名工程”,加快引进知名公办教育资源入区办学,教育事业不断发展壮大。“十三五”期间,全区累计投入资金18.54亿元,建设19个教育项目,引进名校长6人、名师13人,建成名师工作室6个,培育市级以上教坛新秀、学科带头人和骨干教师64人。一流的教育设施和优质的教育人才,极大提高了片区教育教学质量,优质教育供给能力不断提升,辖区企业、群众获得感、幸福感显著增强。
办好学前教育、实现幼有所育,是为辖区企业和人民群众办实事、办好事的重大民生工程。昆明片区与两家知名幼儿园签订联合办园协议,将进一步提升片区学前教育的质量和层次,为广大企业家和人民群众解决子女教育的后顾之忧。昆明片区作为全省对外开放合作的窗口和示范,两家幼儿园在此设园办学,也将进一步拓展辐射半径,提升品牌影响力。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
