ကူမင်းဧရိယာအပိုင်းသည် အရာဝတ္ထုပစ္စည်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေး စုစည်းဇုန်ကို တည်ဆောက်
2021-07-28 19:35|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇီဝဆေးဝါးကုသမှု၊ ပစ္စည်းကိရိယာထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံအသစ်နှင့် မဟာဗျူဟာဆိုင်ရာ ဖွံ့ဖြိုးစစက်မှုလုပ်ငန်း စသည်တို့ နှင့်သက်ဆိုင်သော အရာဝတ္ထုပစ္စည်းအသစ် လုပ်ငန်းများသည် ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်)သည် အရာဝတ္ထုပစ္စည်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်စီမံကိန်းကို ရေးဆွဲချမှတ်ခဲ့ပါသည်၊ ရည်ရွယ်ချက်မှာ အဆင့်အတန်းမြင့် သိပ္ပံပညာသုတေသနအင်အားကို စုစည်းပြီး သုတေသနနယ်ပယ်နှင့် စက်မှုလုပ်ငန်းများ အကြားမှ ပူးပေါင်းဆောင်ရွက်မှုကို တောင့်တင်းလာစေကာ အီလက်ထရွန်သတင်း ထုတ်လုပ်ခြင်း၊ အဆင့်မြင့်ကိရိယာ ထုတ်လုပ်ခြင်း၊ ဇီဝဆေးဝါးကုသမှုနှင့် ကျန်းမာရေးလုပ်ငန်း စသည့် နယ်ပယ်များမှ အရာဝတ္ထုပစ္စည်းအသစ် နှင့်ပတ်သက်သည့် လိုအပ်ချက်များကို မျက်နှာပြု၍ အထက်ပိုင်းနှင့် အောက်ပိုင်း ပူးတွဲသော၊ အားသာချက်များ အချင်းချင်းဖြည့်စွက်သော၊ အပြန်အလှန်ဖလှယ်မှုကို အလင်းဆုံပေးသော စက်မှုလုပ်ငန်းစနစ်ကို တည်ဆောက်၍ ကူမင်းဧရိယာအပိုင်းသည် ကူမင်းမြို့ အရာဝတ္ထုပစ္စည်းအသစ်များ ဖွံ့ဖြိုးတိုးတက်ရေး စုစည်းဇုန် ဖြစ်လာရန် တွန်းအားပေးရမည် ဖြစ်ပါသည်။
အလုပ်စီမံကိန်းအရ ၂၀၂၅ ခုနှစ်အထိ ကူမင်းဧရိယာအပိုင်းမှ အရာဝတ္ထုပစ္စည်းအသစ် လုပ်ငန်းများထဲတွင် ပမာဏကြီးမားသော စက်မှုလုပ်ငန်းထွက်ကုန်တန်ဖိုး စုစုပေါင်း ယွမ် ၅ ဘီလီယံအထိ ရောက်ရှိခြင်း အကောင်အထည်ဖော်ပြီး ပျမ်းမျှခြင်းအားဖြင့် နှစ်စဉ်တိုးတက်မှုနှုန်းသည် ရာခိုင်နှုန်း၂၀ ထက်မနည်း ထိန်းသိမ်းထားပါမည်။ ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်သည် ၂၀၂၅ ခုနှစ်အထိ ဧရိယာတစ်ခုလုံး၏ အရာဝတ္ထုပစ္စည်းအသစ်လုပ်ငန်းများ၏ R&D ဆိုင်ရာ ရင်းနှီးငွေသည် အဓိကလုပ်ငန်းများ၏ ဝင်ငွေ၏ ၁၂.၅ ရာခိုင်နှုန်း ရောက်ရှိစေမည် ဖြစ်ပါသည်။ စက်မှုလုပ်ငန်းစုစည်းခြင်း ရည်ရွယ်ချက်သည် ၂၀၂၅ ခုနှစ်အထိ တိုးတက်သော သံမဟုတ်သတ္တုပစ္စည်းထဲမှ ခဲမဖြူ၊ တိုးတက်သော တည်ဆောက်ရေးပစ္စည်းထဲမှ နံရံအရာဝတ္ထုပစ္စည်းအသစ်၊ အလင်းရောင်ထွက်လာသည့် အရာဝတ္ထုပစ္စည်းနှင့် ဓာတ်ကူအရာဝတ္ထုပစ္စည်းစသည့် အဓိကစက်မှုလုပ်ငန်းများကို ဗဟိုပြု၍ အတိုင်းအတာ ကြီးမားသော၊ အင်အားတောင့်တင်းသော အရာဝတ္ထုပစ္စည်းအသစ်ဆိုင်ရာ ထူးခြားသော စက်မှုလုပ်ငန်းအခြေခံစခန်းကို တည်ဆောက်၍ ဘက်ပေါင်းစုံစွာ စတင်ကုန်ထုတ်လုပ်မည် ဖြစ်ပါသည်။
ကူမင်းဧရိယာအပိုင်း စီမံခန့်ခွဲရေးကော်မတီသည် ဧရိယာတစ်ခုလုံးမှ အရင်းအမြစ်များကို ဘက်ပေါင်းစုံပေါင်းစပ်၍ နည်းပညာ ဆန်းသစ်တီထွင်မှုစွမ်းရည် ထူထောင်ခြင်း၊ အဆင့်မြင့်လူချွန် သွင်းယူခြင်းနှင့် ပြုစုပျိုးထောင်ခြင်း၊ လယ်မြေထောက်ပံ့ရေးနှင့် စီမံကိန်းစစ်ဆေးအတည်ပြုခြင်း စသည့်နယ်ပယ်များအတွက် အဓိကအာမခံချက် ပေးပါမည်။ ကုန်ထုတ်လုပ်မှုဆိုင်ရာ ဆန်းသစ်တီထွင်မှုစင်တာ၊ နိုင်ငံတော် မဟာဗျူဟာဆိုင်ရာ အရာဝတ္ထုပစ္စည်းအသစ်လုပ်ငန်း အခြေခံစခန်း၊ သတ္တုအရာဝတ္ထုပစ္စည်း အခြေခံစခန်းနှင့် ယူနန်ပြည်နယ် အရာဝတ္ထုပစ္စည်းသစ်လုပ်ငန်း စုစည်းထားသော စံပြဇုန်တို့၏ တည်ဆောက်ရေးကို ပို၍လျင်မြန်စွာ တွန်းဆော်ပါမည်။ ကူမင်းမှ တက္ကသိုလ်များနှင့် ဌာနများ မဟာမိတ်စံပြဒေသကို ထူထောင်မည် စီစဉ်၍ နာမည်ကျော်ကြားသော တက္ကသိုလ်ရှိ ဒုတိယအဆင့်ကောလိပ်များ (သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာ)နှင့် သိပ္ပံပညာ သုတေသနဌာနများ၏ ဌာနခွဲတစ်သုတ်ကို တက်ကြွစွာ သွင်းယူမည် စီစဉ်ပါသည်။
为加快推动与生物医药、装备制造、新基建、战略性新兴产业等相关的新材料产业发展,中国(云南)自贸区昆明片区(昆明经开区)制定了新材料发展行动方案,目标是集中高水平科研力量,强化科研领域与产业界协作,面向电子信息制造、高端装备制造、生物医药大健康产业等领域对新材料的需求,构建上下游联合、优势互补、聚焦互动的产业格局,力促片区成为昆明市新材料发展的聚集区。
行动方案提出:力争到2025年,昆明片区新材料产业规上工业总产值实现50亿元,年均增速保持在20%以上;创新发展目标为,到2025年,全区新材料产业R&D投入占主营业务收入的比重达到12.5%;产业集聚目标为,2025年,围绕先进有色金属材料锡材料、先进建筑材料新型墙体材料、发光材料、催化材料等重点产业领域,建设一批规模大、拉动力强的新材料特色产业基地,并全面投入生产。
昆明片区管委会将统筹整合全区资源,在加强技术创新能力建设、引进培育高层次人才、土地供应和项目审批等方面予以重点保障。将加快推进制造业创新中心建设,国家战略性新材料产业化基地、合金材料基地、云南省新材料产业生态集群示范园区建设。拟建立“昆明高校院所联盟”示范点,积极引进一批知名高校二级学院(研发中心)、科研院所分支机构。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့
