နွေရာသီဒုတိယလထဲမှ ပန်းခြံသည် ဇီဝမျိုးစုံမျိုးကွဲများ၏ ရွှန်းတင့်လှပသောရှုခင်းများကို စီမံဆောက်လုပ်
2021-07-20 17:41|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နွေရာသီဒုတိယလတွင် ကူမင်းဟင်လုံထန်ဥယျာဉ်မှ ပန်းခြံသို့ ဝင်ရောက်လျှင် ဥရောပတိုက်မှ လာသည့် တောရိုင်းပန်းမျိုးစေ့များသည် ကူမင်းမြို့သို့ ပါလာပြီးနောက် ဤနေရာ၌ ပွင့်ဖူးနေ၍ ရွှန်းတင့်ဝေဆာသော ပန်းပင်လယ် ဖြစ်လာပါသည်။ ရောင်စုံရွှန်းတင့်သော ပန်းပွင့်များသည် ဇီဝမျိုးစုံမျိုးကွဲများ၏ ရှုခင်းများကို ဖော်ပြရုံသာမက ဥရောပဥယျာဉ်ပုံစံ ပြည့်စုံသော လှပသော ရှုခင်းများကိုလည်း စီမံဆောက်လုပ်၍ ပန်းရှုစားလာသည့် ခရီးသည်များကို ယစ်မူးစေပါသည်။
နွေရာသီဒုတိယလထဲမှ ပန်းခြံသည် ဟင်လုံထန်ဥယျာဉ်မှာ ထုလုပ်သည့် နွေရာသီထဲတွင် ပန်းပွင့်ရှုစားသည့်တံဆိပ် ဖြစ်ပါသည်။ ဥယျာဉ်သည် ၂၀၁၉ ခုနှစ်မှစ၍ ဥရောပတိုက်မှ တောရိုင်းပန်းမျိုးစေ့များကို သွင်းယူပြီး စိုက်ပျိုးလျက်ရှိပါသည်။ ဤနှစ်တွင် ဥယျာဉ်သည် ကူမေပန်းခြံနှင့် ပန်းခြံဘေးနား၌ Cleome spinosa Jacq.၊ Cosmos sulphureus၊ Amaranthus caudatus L.၊ Salvia coccinea L.နှင့် Zinnia elegans Jacq.စသည့် အမျိုးအစား ၂၀ ကျော် ပါဝင်သည့် ဥရောပတောပန်း အပင် ၁ သိန်းကျော် စိုက်ပျိုး၍ အောက်တိုဘာလအထိ ကြည့်ရှုနိုင်ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့












