ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံယန်ရပ်ကွက်၌ ဇီဝမျိုးစုံမျိုးကွဲများ၏ အလှအပများကိုတွေ့
2021-06-30 09:30|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ပြည်နယ် ပေါင်စန်းမြို့ လုံယန်ရပ်ကွက်သည် နုကျန်းတောင်တန်း၏ အဖျားပိုင်း၊ ကောင်းလီကုန့်တောင်တန်းထဲတွင် တည်ရှိနေပြီး လန်ချာမြစ်နှင့် နုကျန်းမြစ်အကြား၌ စီခြယ်ထား၍ စုစုပေါင်းဧရိယာသည် ၅၀၁၁ စတုရန်းကီလိုမီတာရှိပြီး သစ်ပင်ဖုံးလွှမ်းမှုဧရိယာသည် ၆၅ ရာခိုင်နှုန်းကျော် ရှိပါသည်။
လုံယန်ရပ်ကွက်သည် အနောက်တောင် မုတ်သုန်လေဒေသ အပူလျော့ပိုင်းဒေသ ကုန်းပြင်မြင့်ရာသီဥတု ဖြစ်သည့်အပြင် လတ္တီတွဒ်ဒီဂရီ နိမ့်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်ထက် မြင့်မားခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်ထက် အမြင့် ကွဲပြားခြားနားမှု ပိုကြီးသော ရှုပ်ထွေးသော မြေပြင်အနေအထားကြောင့် “တောင်တစ်လုံးပေါ် ရာသီလေးပါးရှိ၊ ဆယ်လီအတွင်း မိုးလေဝသ မတူ” ဟူသော ထူးခြားသော ရာသီဥတုတစ်မျိုးဖြစ်လာ၍ ဤနေရာ၌ ထူးဆန်းသောငှက်အမျိုးမျိုး၊ သားကောင်အမျိုးမျိုးသည် အသက်တည်မြဲထားပါသည်။
အခုနှစ်များတွင် ပေါင်စန်းမြို့၏ ဇီဝပတ်ဝန်းကျင် အဆက်မပြတ် ကောင်းမွန်လာခြင်း နှင့်အမျှ ဇီဝမျိုးစုံမျိုးကွဲများကို တစ်ဆင့်တက်ပြီး ထိန်းသိမ်းကာကွယ်ပြီး ဤနေရာအတွင်းရှိ တောရိုင်းတိရိစ္ဆာန်များနှင့် ရုက္ခပင်များ၏ အရေအတွက်သည် တဖြည်းဖြည်း များပြားလာ၍ ကောင်းမွန်သော ဇီဝပတ်ဝန်းကျင်သည် တောရိုင်းတိရိစ္ဆာန်များနှင့် ရုက္ခပင်များအတွက် “သဘာဝနေအိမ်” ကို ဖန်တီးထားပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့














