ကူမင်းဧရိယာအပိုင်းမှ စတော့ရှယ်ယာဈေးကွက်တွင် စတော့ရှယ်ယာရောင်းသော လုပ်ငန်းသည် ၆ ခုအထိ တိုးလာ

2021-06-29 17:48|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) အခုတလော ယူနန်စိမ်နုံကုမ္ပဏီအုပ်စုသည် ရှန်ဟိုင်းအစုရှယ်ယာရောင်းဝယ်ရေးဌာန၌ စတော့ရှယ်ယာ စတင်ရောင်း၍ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း (ကူမင်း စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးရေးဇုန်နယ်) မှ စတော့ရှယ်ယာဈေးကွက်တွင် စတော့ရှယ်ယာရောင်းသော လုပ်ငန်းသည် ၆ ခုအထိ တိုးလာခဲ့ပါသည်၊ စုစုပေါင်း ဈေးကွက်တွင်ရှိတန်ဖိုးမှာ အယွမ် ၃၉.၅ ဘီလီယံလောက် ရှိပါသည်။ ၎င်းအနက် Main-Board Market ၄ ခု၊ SME Board ၂ ခု ပါဝင်ပါသည်။

အခုနှစ်များတွင် ကူမင်းဧရိယာအပိုင်းသည် စတော့ရှယ်ယာဈေးကွက်တွင် စတော့ရှယ်ယာရောင်းသော ကုမ္ပဏီများကို ထောက်ပံ့ပေးရန် အဆက်မပြတ် အားဖြည့်ပေး၍ ထောက်မပေါ်လစီအရ ဤလုပ်ငန်းကုမ္ပဏီများသည် ပြည်နယ်၊ မြို့မှ ကူညီထောက်ပံ့မှုများကို ခံစားနိုင်သည့်အပြင် ကူမင်းဧရိယာအပိုင်း၏ ကူညီထောက်ပံ့မှုများ ကိုလည်း အတူတူခံစားနိုင်ပါသည်။ လုပ်ငန်းများသည် ရှန်ဟိုင်း အစုရှယ်ယာ ရောင်းဝယ်ရေးဌာနှင့် စီန်းဇိမ့် အစုရှယ်ယာ ရောင်းဝယ်ရေးဌာနမှ Main-Board Market ၊ SME Board ၊ STAR Market ၊ Growth Enterprises Market တို့တွင် စတော့ရှယ်ယာ စတင်ရောင်းလျှင် စတော့ရှယ်ယာရောင်းရန် အသုံးစရိတ်၏ ၅၀ ရာခိုင်နှုန်းအရ ထောက်ပံ့ကြေး အမြင့်ဆုံး အယွမ် ၂ သန်း ရရှိနိုင်ပါသည်။ Main-Board Market ၊ SME Board ၊ STAR Market ၊ Growth Enterprises Market တို့တွင် စတော့ရှယ်ယာ အောင်မြင်စွာ စတင်ရောင်းလျှင် တစ်ခါဆုငွေ အယွမ် ၂ သန်း ထပ်မံရရှိနိုင်ပါသည်။ New OTC(Over the Counter) Market တွင် ဆိုင်းဘုတ်တပ်လျှင် တစ်ခါဆုငွေ အယွမ် ၅ သိန်း ပေးနိုင်ပါသည်၊ ဟောင်ကောင်၊ အမေရိကန်နှင့် ဂျပန်တို့မှ Main-Board Market တွင် စတင်ရောင်းချလျှင် တစ်ခါဆုငွေ အယွမ် ၂ သန်းပေးနိုင်ပါသည်။

近日,云南神农集团在上海证券交易所开市,中国(云南)自由贸易试验区昆明片区(昆明经开区)上市企业数量增至6家,总市值约395亿元。其中,主板4家、中小板2家。

近年来,昆明片区不断加大培育扶持企业上市力度,就扶持政策来看,在享受省、市扶持基础上,上市企业还可再叠加享受昆明片区的扶持。企业在上交所和深交所主板、中小板、科创板、创业板上市的,可按上市工作经费投入的50%获得上市工作经费补助,最高200万元;在主板、中小板、科创板、创业板成功上市的,可再获得200万元的一次性奖励。在新三板挂牌的一次性奖励50万元,在香港以及美国、日本主板上市的一次性奖励200万元。(云南网 记者张雁群)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်