ရှန်ဂရီလာမြို့ကို လွတ်လွတ်လပ်လပ် အားပါးတရ လျှောက်လည်

2021-05-20 16:08|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အညွန့်တလူလူနှင့် စီရရီဖွာရရာရှိသည့် ရှန်ဂရီလာမြို့သည် ရှင်ကို စောင့်စားနေပါသည်။

1

မေလီဆီးနှင်းတောင် နိုင်ငံတော်ဥယျာဉ်

မေလီဆီးနှင်းတောင်သည် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်နှင့် တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့၏ ဆက်စက်ရာနေရာ၌ တည်ရှိနေ၍ ပျမ်းမျှပင်လယ်ပြင် မီတာ ၆ ထောင်ကျော်သည့် တောင်တန်း ၁၃ လုံးရှိပါသည်။ ၎င်းသည်လည်း မြစ်သုံးသွယ် တစ်ပြိုင်တည်း စီးဆင်းထားသည့် ကမ္ဘာ့သဘာဝအမွေအနှစ်၏ အတွင်းပိုင်းဒေသ ဖြစ်၍ မြင့်မားထည်ဝါတင့်တယ်ပြီး လျှို့ဝှက်နက်နဲသောကြောင့် နာမည်ကျော်ကြားကာ ကပိုတောင်ထွတ်အောက်တွင် cirque နှင့် ရေခဲမြစ်တို့ မပြတ်မလပ်ဆက်စပ်ပြီး ကမ္ဘာပေါ်မှ ရှားပါးသော ပင်လယ်သမုဒ္ဒရာထူးခြားချက်ဆောင်ထားသော ခေတ်မီရေခဲမြစ် ဖြစ်ပါသည်။ တောင်ခြေမှ ချူသိမ်ကယ်ဘုရားကျောင်း၊ ကွေမာတင်ဘုရားကျောင်း (ဖေလိုင်ဘုရားကျောင်း) တို့မှာ တိဗက်လူမျိုးသည် နတ်တောင်ကို ဖူးမြော်ရှိခိုးသည့် ဘုရားကျောင်းများ ဖြစ်ပါသည်။

4

လန်ရွေတောင်ချိုင့်ဝှမ်း (စီခါဆီးနှင်းတောင်)

လန်ရွေတောင်ချိုင့်ဝှမ်းတွင် ဆီးနှင်းတောင်၊ လျှိုမြောင်၊ ရေကန်၊ meadow ၊ လျှို့ဝှက်နက်နဲသော ဘာသာရေးယဉ်ကျေးမှု၊ ရှေးဟောင်းရွှေသတ္တုတွင်း နေရာအကြွင်း စသည့် သယံဇာတပစ္စည်းများကို ရှိ၍ ရှန်ဂရီလာ၏ နှလုံးဟု ချီးကျူးခံ၍ လူနှင့်လူ၊ လူနှင့် သဘာဝလောကကြီး၊ လူနှင့် နတ်တို့သည် ပြေပြစ်စွာ အတူနေထိုင်သည့် ရှန်ပါလာနတ်ပြည် ဖြစ်ပါသည်။

5

ဟူထျောက်လျှိုမြောင် ရှုခင်းသာရပ်ကွက်

ဟူထျောက်လျှိုမြောင်သည် အလျား စုစုပေါင်း ၂၃ ကီလိုမီတာ ရှည်၍ ကီလိုမီတာ ၂၀ အတွင်းမှ ရေမျက်နှာပြင် ဒီဂရီကွာခြားမှုသည် ၂၁၃ မီတာ ရောက်ရှိ၍ ကမ်းရိုးတန်းနှစ်ဖက်မှ ယိလုံဆီးနှင်းတောင်နှင့် ဟားပါးဆီးနှင်းတောင်တို့သည် ပင်လယ်ရေမျက်နှာပြင်ထက် ၅၅၉၆ မီတာနှင့် ၅၃၉၆ မီတာ ဖြစ်ပြီးလျှိုမြောင်၏ အထက်ပေါက်ဝနှင့် အောက်ပေါက်ဝတို့သည် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁၆၀၀ နှင့် မီတာ ၁၈၀၀ ဖြစ်သောကြောင့် ၃၅၉၆ မီတာကျော် ကွာခြားထား၍ ကမ္ဘာ့အဆင့်ဖြစ်သည့် လျှိုမြောင်ဖြစ်ပါသည်။ လျှိုမြောင်သည် တောင်မြင့်လျှိုနက်ခြင်း၊ စည်းသောင်တိမ်များပြီး ရေလျင်မြန်စွာ စီးခြင်းနှင့် ခန့်ညားကြီးမြင့်ပြီး မတ်စောက်ခြင်း စသည့်ရှုခင်းများကြောင့် များပြားသော ပြည်တွင်းပြည်ပ ခရီးသည်များကို ဆွဲဆောင်လျက်ရှိသည်။

7

ဖူတာစို့နိုင်ငံတော်ဥယျာဉ်

ဖူတာစို့နိုင်ငံတော်ဥယျာဉ်သည် တရုတ်ကုန်းတွင်းမှ ပထမတစ်ခု နိုင်ငံတော်ဥယျာဉ် ဖြစ်၍ နိုင်ငံတကာ အရေးကြီးသော စိုစွတ်မြေဖြစ်သည့် ဘိထာဟိုင်သဘာဝထိန်းသိမ်းရေးဇုန်နှင့် မြစ်သုံးသွယ် တစ်ပြိုင်တည်းစီးဆင်းထားသောရှုခင်းသာရပ်ကွက်ထဲမှ ဟားပါးဧရိယာအပိုင်း ရှူတူးရေကန်ရှုခင်းသာရပ်ကွက်ဖြင့် ဖွဲ့စည်းထားပါသည်။ ဥယျာဉ်ထဲတွင် တိရိစ္ဆာန်နှင့် ရုက္ခပင် သယံဇာတပစ္စည်း ပေါများကြွယ်ဝ၍ ၎င်းအနက် မျိုးစေ့ရုက္ခပင် ၁၇၁ မျိုးရင်း၊ ၅၆၈ မျိုးစု၊ ၂၂၇၅ မျိုးရှိပါသည်။ တိရိစ္ဆာန်များအနက် Ptychobarbus chungtienensis၊ ဝက်ဝံနက်၊ Neofelis nebulosa Griffith၊ Goldencat၊ ဝံကြောင်ငယ်၊ ဖျံကောင်၊ Grus nigricollis၊ BloodPheasant၊ Grus grus စသည့် ၂၆၈ မျိုးရှိ၍ သိပံ္ပပညာသုတေသနပြုခြင်းနှင့် သိပံ္ပပညာစူးစမ်းလေ့လာရေးအတွက် အထူးမြတ်အကောင်းဆုံးသော အခြေခံစခန်း ဖြစ်ပါသည်။

8

ဘိုင်ဆွေထိုင်ရှုခင်းသာရပ်ကွက်

ဘိုင်ဆွေထိုင်သည် ဟားပါးဆီးနှင်းတောင်၏ တောင်ခြေ၌ တည်ရှိနေ၍ ရေထဲတွင် Calcium bicarbonateပေါများကြွယ်ဝသောကြောင့် ဤသဘာဝအံ့ဖွယ်ရှုခင်း ဖြစ်လာကာ ပုံစံသည် လှေကားထစ်လယ်ကွက်နှင့် တူပါသည်။ ဘိုင်ဆွေထိုင်သည် ရှုခင်းသာယာလှပရုံသာမက နာဆီလူမျိုး၏ တုံးပါးယဉ်ကျေးမှု၏ ဘူမိနက်သန်လည်း ဖြစ်ပါသည်။ နှစ်တိုင်း တရုတ်ရိုးရာသက္ကရာဇ် ၂ လပိုင်း ၈ ရက်နေ့တွင် နာဆီလူမျိုးသည် ဤနေရာ၌ ကြီးကျယ်ခန်းနားသော “စောင်ဘိုင်ဆွေ” ဟုခေါ်သည့် နတ်ပူဇော်ပွဲကို ကျင်းပလေ့ရှိကြပါသည်။

9

Rhinopithecus bieti နိုင်ငံတော်ဥယျာဉ်

Rhinopithecus bieti နိုင်ငံတော်ဥယျာဉ်သည် ရှန်ဂရီလာမြို့ ထာချမ်မြို့နယ်၌ တည်ရှိနေ၍ ခရီးသွားလုပ်ငန်းဆိုင်ရာ အရင်အမြစ် ပေါများကြွယ်ဝလှ၍ ဘူမိအခြေအနေနှင့် မြေပြင်လက္ခဏာများ၊ ဆီးနှင်းနှင့် ရေပြင်နယ်နိမိတ်၊ ရှားပါးသော တိရိစ္ဆာန်နှင့် ရုက္ခပင်များ၊ လူမျိုးစုရိုးရာဓလေ့ထုံးစံများနှင့် ဘာသာရေးယဉ်ကျေးမှု အမျိုးမျိုး စသည်တို့ကို ပါဝင်ပါသည်။ ဥယျာဉ်ထဲမှ အဓိက ရှုခင်းသာရပ်ကွက်များမှာ ရှန်ကိုချင့် တောရိုင်းတိရိစ္ဆာန်များ ကူပံ့ကယ်မစခန်း၊ Bodhidharma လိုဏ်ဂူ၊ ချီဇုံနတ်ရေကန်၊ ချီပြေမှ သမိုင်းနှစ်ပေါင်းတစ်ထောင်ကျော်သည့် ဂျင်ဂိုပင်များ၊ ကယ်တိမ်း ကျောက်ခေတ်သစ် ယဉ်ကျေးမှုနေရပ်အကြွင်းနှင့် တိုးနကယ်လီဆူလူမျိုးနေရွာစသည်တို့ ရှိပါသည်။

ကာတန်းစုံးဇန်လင် ဘုရားကျောင်း

ကာတန်းစုံးဇန်လင် ဘုရားကျောင်းသည် ရှန်ဂရီလာမြို့ မြောက်ပိုင်းဒေသမှ ဖိုဖျင်တောင်၏ တောင်ခြေ၌ တည်ရှိနေ၍ ယူနန်ပြည်နယ်ထဲမှ အကြီးဆုံးသော လာမာဘာသာ ဘုရားကျောင်း ဖြစ်ပါသည်။ Potala နန်းတော်နှင့် ပုံတူပြီး  တောင်မှီ ခြင်းအားဖြင့် တည်ဆောက်သောကြောင့် Potala နန်းတော်အသေးဟူသော အခေါ်အဝေါ်ရှိပါသည်။ ဘုရားကျောင်း၏ အကျယ်အဝန်းသည် ၃၃ ဟက်တာကျော် ရှိပြီး အတိုင်းအတာ ကြီးမားလှပါသည်။

昆明信息港综合整理 生机勃勃的香格里拉正在等待着你的到来!

1

梅里雪山国家公园

梅里雪山地处滇、川、藏三省结合部,平均海拔在6000米以上的有十三座山峰。它也是三江并流世界自然遗产腹心地,以其巍峨壮丽、神秘莫测而闻名于世,卡格博峰下,冰斗、冰川连绵,是世界稀有的海洋性现代冰川。山下的曲登阁寺、衮玛顶寺(飞来寺)是藏族群众朝拜神山的寺宇。

4

蓝月山谷•石卡雪山

蓝月山谷拥有雪山、峡谷、湖泊、高山草甸、神秘的宗教文化、古金矿遗址等资源,被誉为“香格里拉之心”,是人与人、人与自然、人与神和谐的香巴拉圣境。

5

虎跳峡景区

虎跳峡全长23公里,20公里内落差达213米,两岸的玉龙雪山和哈巴雪山海拔分别为5596米和5396米,而峡谷的下峡口和上峡口海拔分别为1600米和1800米,海拔高差3596米以上,属世界级的峡谷。峡谷以其山高谷深、滩多水急、雄奇险峻的风光吸引了大量中外游客。

7

普达措国家公园

普达措国家公园是中国大陆第一个国家公园,由国际重要湿地碧塔海自然保护区和三江并流哈巴片区属都湖景区两部分组成。公园内动植物资源丰富,其中,种子植物有171科,568属,2275种。动物有中甸叶须鱼(重唇鱼)、黑熊、云豹、金猫、小熊猫、水獭、黑颈鹤、血雉、灰鹤等268种之多,是科研、科学考察的理想基地。

8

白水台景区

白水台位于哈巴雪山山麓,由于水中富含碳酸氢钙,形成了这个自然奇观,整个形状好似层层梯田。白水台不仅风景秀丽,还是纳西族东巴文化的发祥地,每年农历二月八,纳西人民在这里举办盛大的“朝白水”活动。

9

滇金丝猴国家公园

滇金丝猴国家公园位于香格里拉塔城,旅游资源十分丰富,涉及地质地貌、冰雪水域、珍稀动植物、民族风情、多宗教文化等。公园中的主要景区有:响古箐野生动物救护站、达摩祖师洞、其宗神泉、启别千年银杏树、戈登新石器文化遗址、多那阁傈僳族山寨等。

噶丹•松赞林寺

噶丹•松赞林寺位于香格里拉市城北的佛屏山脚下。是云南最大的藏传佛教寺院。因全寺仿布达拉宫,依山而建,又有“小布达拉宫之称”。主寺占地面积33公顷多,规模宏大。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်