ယူနန်ပြည်နယ် ကျန့်ဆွေခရိုင်၌ မြေထည်လုပ်ငန်းသည် စွမ်းအားအသစ်ကို လှုံ့ဆော်လာ
2021-05-12 18:16|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလိုမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ဆွေခရိုင်၌ ကြက်ပျံမကျအောင် စည်ကားသော ကုန်ဈေးတန်းထဲရော ဆိတ်ငြိမ်သော ကျေးရွာဒေသများထဲပါ ဆိုင်ကြီးဆိုင်သေးများတွင် မြေထည်များကို မကြာခဏ တွေ့မြင်နိုင်ပါသည်။
၂၀၀၅ ခုနှစ် မေလတွင် ကျန့်ဆွေခရိုင်သည် ကျန့်ဆွေမြေထည်လုပ်ငန်းကို အဓိက ယဉ်ကျေးမှုလုပ်ငန်း နှစ်ခုထဲမှ တစ်ခုအနေဖြင့် ထုလုပ်ခဲ့ပါသည်။ ပေါ်လစီ၏ ခေါ်ဆောင်မှုအောက်တွင် ပိုများသော ကျန့်ဆွေလူများသည် ရိုးရာလက်မှုအတတ်ပညာကို ပြန်လည်သင်ယူ၍ ကျန့်ဆွေမြေထည်လုပ်ငန်း၏ ရွှန်းတင့်တောက်ပြောင်မှုကို စတင် ပြန်လည်ပုံဖော် ခဲ့ကြပါသည်။
စားနပ်ရိက္ခာလယ်သမားနှင့် ဟင်းသီးဟင်ရွက်လယ်သမား တစ်သုတ်သုတ်သည် အိုးထိန်းသူများ၊ မြေထည်အနုပညာရှင်၊ မြေထည်အနုပညာဆရာများ အဖြစ် တဖြည်းဖြည်း ပြောင်းလဲ၍ ကျန့်ဆွေသူကျန့်ဆွေသားများသည် ဆင်းရဲမှုမှ လွတ်မြောက်ပြီး ဝင်ငွေတိုးပွားသည့်အတွက် ထိရောက်စွာ တွန်းအားပေးကြပါသည်။ ၂၀၂၀ ပြည့်နှစ်အထိ ကျန့်ဆွေမြေထည်လုပ်ငန်းများတွင် ဝန်ဆောင်အမှုထမ်းများ၏ အရေအတွက်သည် ၂၀၁၇ ခုနှစ်မှ အယောက် ၂.၂ သောင်းမှ ၄ သောင်းကျော်သို့ တိုးလာ၍ ထွက်ကုန်တန်ဖိုးသည် အယွမ် သန်းပေါင်း ၁၇၂၅ မှ အယွမ် ၄ ဘီလျံကျော်အထိ တိုးပွားကာ စီးပွားရေး အကျိုးအမြတ်နှင့် လူမှုရေးအကျိုးအမြတ် နှစ်ခုစလုံးသည် အတူတူ တိုးမြှင့်ရန် အကောင်းအထည်ဖော်ခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့