ယူနန်တက္ကသိုလ်ထဲမှ ထမင်းစားခန်း၌ နှင်းဆီပန်းဟင်းလျာအသစ်ကို စတင်ရောင်းချခဲ့
2021-05-07 14:59|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ယူနန်တက္ကသိုလ် ကျောင်းဝင်းထဲမှ နှင်းဆီပန်း အမို ၃၀ ကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးသည့် အချိန်ကာလသို့ ဝင်ရောက်၍ အရောင်သည် ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းပြီး မွှေးရနံ့သည် နှာခေါင်းထဲ တိုးဝင်လာနေပါသည်။ အမို ၃၀ ကျော် ကျယ်ဝန်းသည့် ပန်းစိုက်လယ်မြေထဲတွင် စိုက်ပျိုးနေသည့် ပန်းစလုံးသည် စားသုံးနိုင်သည့် နှင်းဆီပန်းများ ဖြစ်ကြ၍ နေ့တိုင်း ဆွတ်ခူးသည့် မိုးဆန်းပန်းများကို ထမင်းစားခန်းသို့ တိုက်ရိုက်ပို့ပေး ပြီးနောက် ဆရာဆရာမများ၊ ကျောင်းသူကျောင်းသားများ အတွက် နှင်းဆီပန်းဟင်းလျာများကို ချက်ပြုတ်ပါသည်။ ဤနှစ်ချက်ပြုတ်သည့် နှင်းဆီပန်းဟင်းလျာသည် စုစုပေါင်း ၂၅ မျိုး ရှိ၍ နှင်းဆီပန်းနှင့် Nicandra physaloides အစေ့များဖြင့် ချက်ပြုတ်သည့် ဖျော်ရည်၊ နှင်းဆီပန်းမှုန့်၊ နှင်းဆီပန်းဖြင့် ချက်ပြုတ်သည့် ဆယ့်နှစ်မျိုးကောက်ညှင်းပေါင်း စသည့် ယနန့် ရိုးရာစားသုံးနည်းများ အပြင် နှင်းဆီပန်းကြော်၊ နှင်းဆီပန်းနှင့် ကြက်ဥကြော်သည့် ဆန် စသည့် အဆန်းထွင်ဖန်တီးသည့် ဟင်းလျာများလည်း ရှိ၍ ကြည့်၍ကောင်းပြီး စား၍လည်းကောင်းကာ ဈေးနှုန်းလည်း အလွန်သက်သာပြီး ၂ ယွမ်မှ ၄ ယွမ်အတွင်း ရှိနေ၍ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများသည် အလွန်နှစ်သက်ခံပါသည်။
近日,云南大学校园内的30余亩玫瑰花田进入盛花期,花开似锦,香气袭人。30余亩花田里种植的全部都是食用玫瑰,每天采摘下来的鲜花直接送到食堂,为师生们制作玫瑰菜!今年供应的玫瑰菜共有25道,除了玫瑰木瓜水、玫瑰鲜花饼、玫瑰八宝饭等云南传统吃法外,还有油炸玫瑰、玫瑰鸡蛋炒饭等创意菜品,好看又美味,价格也很实惠,都在2元—4元之间,深受师生们的喜爱。图为云大食堂供应的玫瑰创意料理。新华网发(念新洪/文 云南大学供图)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့