ကမ္ဘာမြေကြီးအပေါ် ထွင်းထုထားသောကဗျာဟု နာမည်ကောင်းရှိသည့် ဟာနီလှေကားထစ်လယ်ကွက်
2021-04-26 15:30|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) တောင်ခြေမှ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၂ ထောင်ကျော် မြင့်သော တောင်ထိပ်အထိ ယူနန်ပြည်နယ် ဟုံဟယ် ဟာနီလူမျိုး၊ ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယွမ်ယန် ဟာနီလှေကားထစ်လယ်ကွက်သည် လှေကားအဆင့် ၃၇၀၀ ရှိ၍ ထိပ်ဖျားမှ လှေကားထစ်လယ်ကွက်သည် တိမ်ထဲတွင် တည်ရှိသကဲ့သို့ ဖြစ်ပါသည်။ ဤသည် တိမ်ပေါ်လှေကားထစ်လယ်ကွက် ဖြစ်၍ ကမ္ဘာမြေကြီးအပေါ် ထွင်းထုထားသော ကဗျာ ဖြစ်သည်ဟု ဒေသခံများ ပြောဆိုကြပါသည်။
ဟာနီလူမျိုးသည် ရှုပ်ထွေးသော ရေမြောင်းစနစ် အသုံးပြုပြီး ရေကို သစ်ပင်များ စည်ပင်ဝပြောသော တောင်ထိပ်မှ လှေကားထစ်လယ်ကွက်ထဲသို့ သွယ်ပေး၍ သစ်တော၊ ကျေးရွာ၊ လှေကားထစ်လယ်ကွက်နှင့် မြစ်စဉ်စု အတူတူ ဖွဲ့စည်းထားသည့် လှည့်ပတ်စိုက်ပျိုးရေး ဂေဟစနစ်ကို တည်ဆောက်ပါသည်။ ဒေသခံများသည် ဘိုးဘ၏ ယဉ်ကျေးမှုနှင့် အတတ်ပညာများကို ဆက်ခံ၍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာကွယ်ထိန်းသိမ်းမှု အပြန်အလှန် အမှီသဟဲပြု၍ နေထိုင်ကြသော နည်းလမ်းများကို စူးစမ်းရှာဖွေ၍ စိတ်ထိခိုက်စေသည့် ဇီဝပတ်ဝန်းကျင်ပုံပြင်ကို ရေးသားလျက်ရှိပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့