“လမ်းတစ်လမ်း ရှုခင်းတစ်ခု ထူးခြားချက်တစ်မျိုး” ရှုခင်းကိုထုလုပ်၊ ကူမင်းမြို့၌ ပန်းမျိုးစုံစွာ ဝေဝေဆာဆာ ပွင့်ဖူးလာ၍ အလွန်လှပ
2021-04-20 15:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဧပြီလတွင် ကူးမင်းမြို့တွင်းရပ်ကွက်အတွင်း လမ်းနှစ်ဘက်ဘေးမှ စိမ်းလမ်းစိုပြေစေသည့် ရပ်ဝန်းထဲမှ ကြည့်ရှုရန် စိုက်ပျိုးသည့် ပန်းများသည် ဝေဝေဆာဆာပွင့်ဖူးချိန်သို့ ရှေ့စဉ်နောက်ဆက် ဝင်ရောက်ပါသည်။ အခု ကူမင်းမြို့ပီကင်းလမ်း၊ ပထမပတ် မြို့ပတ်ကားလမ်း၊ ကွမ်ဖူလမ်း၊ လေဆိပ်သို့ကားလမ်း (တာ့စုယင် ဖလိုင်းအိုဖါမှ ချမ်ဆွေအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကားလမ်း) လေးလမ်း၏ စုစုပေါင်း သစ်ပင်စိုက်ပျိုးမှုဧရိယာသည် စတုရမ်းမီတာ ၆၇.၈၂ သောင်းအထိ ရှိရောက်၍ ကာလပန်းများ၏ ဧရိယာသည် စတုရမ်းမီတာ ၃.၇၅ သောင်းရှိ၍ လမ်းတစ်ဖက်တစ်ချက်တွင် စိုက်ထားသည့် သစ်ပင်တန်း အပင် ၁.၆၁ သောင်းရှိပါသည်။
၂၀၁၈ ခုနှစ်မှစ၍ ကူမင်းမြို့ စိမ်းလန်းစိုပြေရေး ဝန်ဆောင်မှုစင်တာသည် ကူမင်းမြို့ လမ်းတစ်လမ်းလမ်း၏ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်နှင့် သမိုင်းယဉ်ကျေးမှု အဓိပ္ပာယ်ဖော်ဆောင်ချက်ကို ပေါင်းစပ်၍ “လမ်းတစ်လမ်း ရှုခင်းတစ်ခု ထူးခြားချက်တစ်မျိုး” ဟူသော စိမ်းလန်းစိုပြေရေးရှုခင်း စံပြလမ်းကို အောင်မြင်စွာ ထုလုပ်ခဲ့ပါသည်။ ထို့ပြင်၊ ပန်းများသည် အကောင်းဆုံးသော ရှုခင်းအကျိုးသက်ရောက်မှုများကို ပြသနိုင်ရန် ခိုင်မာစွာ အာမခံပေးသည့်အတွက် ကူမင်းမြို့ စိမ်းလန်းစိုပြေရေး ဝန်ဆောင်မှုစင်တာသည် အမျိုးအစား ရွေးချယ်ခြင်း၊ စိုက်ပျိုးရေး အုပ်ချုပ်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု၊ ပင်ဖျက်ရောဂါနှင့် ပိုးမွှားဒဏ် ကာကွယ်တိုက်ဖျက်ရေး စသည့် ကွင်းဆက်များတွင် ထိန်းချုပ်လျက်ရှိသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့