ယူနန်ပြည်နယ်သည် ရှိန်းကျိန့်မြို့၌ ယူနန်ထွက်ကုန် ပြသရောင်းချပွဲကို ကျင်းပခဲ့

2021-04-15 16:22|ရောင်စုံတိမ်တံတား

139872358_16181035116911n

(ရောင်စုံတိမ်တံတား၊ ခင်ခင်) ကွမ်းမင်ပျော်ရွှင်ဖွယ် သင်္ကြန်ပွဲနှင့် ယူနန်ထွက်ကုန် ပြသရောင်းချပွဲကို ဧပြီလ ၁၀ ရက်နေ့တွင် ရှိန်းကျိန့်မြို့၌ ကျင်းပခဲ့ပါသည်။

ဤသည် ယူနန်ပြည်နယ်မှာ ဤနှစ်တွင် ကွမ်တုံးပြည်နယ်၌ ကျင်းပခဲ့သည့် ပထမအကြိမ် ယူနန်ထွက်ကုန် ပြသရောင်းချပွဲ ဖြစ်၍ ၎င်း၏ ရည်ရွယ်ချက်များမှာ အရာရောက် ရောင်းချရေးနည်းလမ်းကို တည်ဆောက်ခြင်း၊ ကွမ်တုံးပြည်နယ် ဈေးကွက်ထဲမှ ယူနန်ထွက်ကုန်၏ အပိုင်စီးမှုနှုန်းကို တိုးမြှင့်ခြင်း၊ ယူနန်ပြည်နယ်နှင့် ကွမ်တုံး၊ ဟောင်ကောင်၊ မကာအိုဂလားပင်လယ်အော် ဧရိယာ (GBA) တို့သည် လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် စီးပွားရေး အခွင့်အလမ်းများကို အတူမျှဝေစေခြင်း ဖြစ်ပါသည်။ ပြသရောင်းချပွဲကို ၁၂ ရက်နေ့အထိ ဆက်လက် ကျင်းပခဲ့ပါသည်။ လက်တွေ့ ပါဝင်သူများသည် မိုးဆန်းပန်းဖြင့် ချက်ပြုတ်သည့် အစားအစာ၊ ကော်ဖီနှင့် လက်ဖက်ခြောက် စသည့် ယူနန်ပြည်နယ်ထွက်သည့် ထူးခြားချက်ရှိသည့် ညစ်ညမ်းမဲ့ အစိမ်းရောင် ဘသာဝအစားအစာ အမျိုး ၄၀ကျော်ကို မြည်းကြည့်နိုင်ပြီး ရေဖြန်းလှုပ်ရှားမှုကို ပါဝင်နိုင်ပြီး ကပြဖျော်ဖြေပွဲကို ရှုစားနိုင်၍ ရောင်စုံယူနန်၏ ညို့နိုင်စွမ်းကို ဘက်စုံမှ ခံစားနိုင်ကြပါသည်။

ဤအကြိမ် ပါဝင်ပြသခဲ့သည့် ယူနန်ထွက်ကုန်သည် မတူသော ထူးခြားချက်များရှိ၍ ကော်ဖီနှင့် လက်ဖက်ခြောက်တို့၏ ရောနှောပေါင်းစပ်ခြင်း၊ သစ်လွင်ပြုစုစိုက်ပျိုးသည့် ယူနန့် သစ်သီးဝလံမျိုးများနှင့် လူငယ်များ၏ လိုအပ်ချက်နှင့် ကိုက်ညီသော ထုတ်ကုန်အသစ်များသည် စားသုံးသူများ၏ အာရုံစိုက်မှု ရရှိခဲ့ကြပါသည်။

139872358_16181035116911n

4月10日,光明欢乐田园泼水节暨“云品”展销活动在深圳举行。

这是今年云南省在广东举办的首场“云品”展销活动,旨在搭建有效营销渠道,提升“云品”在粤的市场占有率,助力云南与粤港澳大湾区携手发展、共享商机。活动持续至12日。现场参与者可以品鉴鲜花制品、咖啡、茶叶等40多种云南特色绿色食品,参与泼水活动,观看文艺演出,全方位感受彩云之南的魅力。

此次参展的“云品”各有亮点,“咖啡+茶”的碰撞、新培育的“云果”品种、紧贴年轻人需求的新产品受到消费者的关注。(云南日报 记者韩成圆 李秋明)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်