Himantopus mexicanus ၅၁ ကောင်သည် ပေါင်စန်းမြို့ ချင်းဟွာဟိုင်ရေကန်ပေါ်တွင် ပေါ့ပါးဖျတ်လတ်စွာ ပျံဝဲလျက်
2021-04-13 17:24|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဇီဝပတ်ဝန်းကျင်သည် ရေရှည် ကောင်းမွန်လာသည် နှင့်အမျှ အခုနှစ်များတွင် ပေါင်စန်း ချင်းဟွာဟိုင် နိုင်ငံတော်စိုစွတ်မြေဥယျာဉ်သည် ငှက်အမျိုးမျိုး နားနေရန် ဦးစားရွေးချယ်သည့် နေရာ ဖြစ်လာပါသည်။
ဧပြီလ ၁၁ ရက်နေ့တွင် ငှက်မျိုး နောက်တစ်မျိုးသည် ပေါင်စန်း ချင်းဟွာဟိုင် နိုင်ငံတော်စိုစွတ်မြေဥယျာဉ်သို့ ကြွရောက်လာခဲ့၍ ၎င်းသည် အကကတတ်သည့် ခြေထောက်ရှည်သောငှက် အဖြစ် ချီးကျူးခံသည့် Himantopus mexicanus ဖြစ်ပါသည်။ Himantopus mexicanus များ၏ ရောက်ရှိခြင်းသည် နွေဦးပွဲတော်ထဲမှ ချင်းဟွာဟိုင်ရေကန်အတွက် လှပသော ရှုခင်းရှုကွက်နောက်တစ်ခုကို တိုးဖြည့်ပေးပါသည်။
Himantopus mexicanus သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အနောက်မြောက်ပိုင်းဒေသနှင့် မြောက်ပိုင်းဒေသများ၌ မျိုးပွားလျက်ရှိ၍ ပြောင်းရွှေ့ချိန် တစ်နိုင်ငံလုံး နေရာအသီးသီးကို ဖြတ်ကျော်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းဒေသသို့ ဆောင်းရာသီကူးလာကြပါသည် ဖြစ်ကြောင်း ချင်းဟွာဟိုင်ရေကန်သည် ငှက်မျိုး ပြောင်းရွှေ့ရာမှ အရေးပါသော ရပ်နားသည့်နေရာတစ်ခု ဖြစ်၍ မျိုးပွားရာနေရာသို့ ပြန်သွားရာတွင် ဤ Himantopus mexicanus ၅၁ ကောင်သည် ချင်းဟွာဟိုင်ရေကန်ကို ဖြတ်ကျော်ပြီး ဤနေရာ၌ အနားယူ ရင်းပြန်လည်ပြုပြင်စည်းရုံး ကြပါသည်ဖြစ်ကြောင်း စိုစွတ်မြေမှ ဝန်ထမ်းတစ်ယောက်မှာ မိတ်ဆက်ပေးခဲ့ပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့