ယူနန်ပြည်နယ် ယီလျံခရိုင်၌ အမို ထောင်နှင့်ချီသော ချယ်ရီပင်စိုက် တောင်ဝှမ်းကို လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်
2021-03-31 10:16|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မတ်လ ဒုတိယဆယ်ရက်ပိုင်းတွင် ယူနန်ပြည်နယ် ယီလျံခရိုင် စန်းဟုတ်ကွန်မြူနီတီမှ ချယ်ရီပင်စိုက်တောင်ဝှမ်းထဲမှ ချယ်ရီပန်း အမို ၃.၈ ထောင်ကျော်သည် ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ ဝင်ရောက်ခဲ့၍ နေရာအသီးသီးမှ ခရီးသည်များကို ဆွဲဆောင်လာပါသည်။
ယီလျံခရိုင် စန်းဟုတ်ကွန်မြူနီတီမှ ချယ်ရီပင်စိုက်တောင်ဝှမ်းထဲ၌ ချယ်ရီပင်အမျိုး ၆၁ မျိုးကို စိုက်ပျိုးထား၍ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကုန်မှ လာမည့်နှစ် ဧပြီလ တတိယဆယ်ရက်ပိုင်းအထိ ရှေ့စဉ်နောက်ဆက် ပွင့်ဖူးလျက်ရှိပါသည်။ ဤနှစ် ချယ်ရီပန်းပွင့်ဖူးချိန်ကို ကြိုဆိုသည့်အတွက် ညတွင် ချယ်ရီပန်းရှုစားနိုင်ရန် မီးရောင်လင်းစေသော စီမံကိန်းကို ထုလုပ်၍ ခရီးသည်များကို ကြယ်များဖြင့် တန်းဆာဆင်ထားသော ကောင်းကင်ယံအောက်တွင် တခြားရှုခင်းတစ်မျိုးကို ခံစားစေနိုင်ပါသည်။ တစ်ချိန်တည်း ဟန်လူမျိုး၏ ရိုးရာဝတ်စုံ ယဉ်ကျေးမှုရက်သတ္တပတ်စသည့် လည်ပတ်ကြည့်ရှုခြင်းဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ကျင်းပနေပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့