ယူနန်ပြည်နယ် တာ့လီရှေးဟောင်းမြို့သည် နိုင်ငံတော်အဆင့်ခရီးသွားအပန်းဖြေဒေသများ စာရင်းထဲသို့ အရွေးခံရခဲ့

2021-01-14 10:13|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှာ သစ်လွင်သော နိုင်ငံတော်အဆင့် ခရီးသွားအပန်းဖြေဒေသများကို ထုတ်ပြန်ကျေညာ၍ ယူနန်ပြည်နယ် တာ့လီရှေးဟောင်းမြို့ ခရီးသွားအပန်းဖြေဒေသကို ပါဝင်သည့် အပန်းဖြေနေရာ ၁၅ ခု သည် စာရင်းထဲသို့ အရွေးခံရ ခဲ့ပါသည်။

တာ့လီရှေးဟောင်းမြို့မှာ ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ခွဲ တာ့လီမြို့တွင် တည်ရှိနေ၍ နန်စောပြည်နှင့် တာ့လီပြည်တို့၏ ကြာရှည်လေးမြင့်သော သမိုင်းကို ဝန်ဆောင်ထားသည့် နေရာတစ်ခု ဖြစ်သည့်အပြင် တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများနှင့် ယဉ်ကျေးမှုဖလှယ်ရေးနှင့် ကုန်သွယ်ရေးဆောင်ရွက်သည့် အရေးကြီးသော တံခါးပေါက် တစ်ခုလည်း ဖြစ်၍ ပိုင်လူမျိုး ယဉ်ကျေးမှုသယံဇာတပစ္စည်းများ ကြွယ်ဝသော၊ လူမျိုးယဉ်ကျေးမှုများ ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်သည့် နေရာတစ်ခုလည်း ဖြစ်ပါသည်။

ယခုနှစ်များတွင် တာ့လီရှေးဟောင်းမြို့မှာ အစိမ်းရောင်ညစ်ညမ်းမဲ့ ခရီးသွားရှုခင်းသာနေရာများကို စဉ်ဆက်မပြတ် ထုလုပ်၍ မြို့တွင်းမှ ရေသယံဇာတပစ္စည်းများနှင့် သစ်တောသယံဇာတပစ္စည်းများ စသည်တို့ကို အသုံးပြုပြီး ရေပူကန်၊ ဘယဆေးပင်များ ဆွတ်ခူးခြင်းနှင့် လက်ဖက်ရည်ထုတ်လုပ်ခြင်း စသည့် ကစားပျော်ရွှင်မှုပြု အပန်းဖြေလှုပ်ရှားမှုများကို ဆောင်ရွက်၍ ခရီးသည်များသည် ဒေသခံ “လူ့လောက အပြင်ဘက် ငြိမ်းအေးသာယာသော မက်မွန်ပန်းရိပ်မြုံ”ကဲသို့ ငြိမ်ဆိမ်မှုကို ခံစားစေနိုင်ပါသည်။

၂၀၂၀ပြည့်နှစ် သြဂုတ်လတွင် ယောင်လီ့ဖျင်ဇာတ်ရုံကြီးကို တာ့လီရှေးဟောင်းမြို့၌ တည်ဆောက်ပြီးစီး၍ ဇာတ်ရုံတည်ဆောက်ခြင်းဖြင့် ကယ်ရီယာဝတ္ထုအဖြစ် တင်ဆက်ပြသခြင်း၊ ပြသခြင်း၊ ပြပွဲ၊ အနုပညာဟင်းလင်းပြင်နှင့် ကစားပျော်ရွှင်မှု စသည့် လုပ်ဆောင်ချက်များကို စုစည်းပြီး ယူနန့် တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဇီဝခရီးသွားလုပ်ငန်းများ၏ ပူးတွဲဖွံ့ဖြိုးတိုးတက်မှုနှင့် နက်ရှိုင်းစွာပေါင်းစည်းမှုကို ဆောင်ရွက်ရန် တွန်းအားပေး၍ ၎င်းသည် ယူနန့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းထဲမှ တောက်ပသော အမည်ကပ်ပြားသစ်လည်း ဖြစ်လာပါမည်။

ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနသည် ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံတော်အဆင့် ခရီးသွားအပန်းဖြေဒေသ စုစုပေါင်း အခု ၃၀ ကို အသုတ် ၃ သုတ်ခွဲခြားပြီး ထုတ်ပြန်ကျေညာခဲ့၍ ယခုအချိန်အထိ တရုတ်နိုင်ငံတွင် နိုင်င်တော်အဆင့် ခရီးသွားအပန်းဖြေဒေစ ၄၅ ခု ရှိပါပြီ။

2020年12月28日,文化和旅游部公布新一批国家级旅游度假区,包括云南大理古城旅游度假区在内的15家度假区上榜。

大理古城位于云南省大理白族自治州大理市,是一个承载着南诏国、大理国悠久历史的地方,同时也是中国与东南亚各国文化交流、通商贸易的重要门户,是白族文化资源富集和多民族文化交融发展之地。

近年来,大理古城不断打造绿色旅游胜地,利用内地的水资源、森林资源等,发展了温泉、采药和做茶等一系列的娱乐休闲活动,令游客可以感受到当地“世外桃源”的宁静。

2020年8月,杨丽萍大剧院在大理古城落成,以剧院建设为载体,集表演、展示、展览、艺术空间、娱乐等多项功能于一体,促进了云南民族文化与生态旅游的联动发展和深度融合,这也将成为云南文化旅游产业中的亮丽新名片。

据了解,文化和旅游部于2015年、2017年、2019年分三批共推出30家国家级旅游度假区,至此,我国已有45家国家级旅游度假区。

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73 ကျပ်