ကူမင်းဧရိယာအပိုင်းသည် ကူမင်းမြို့၏ တံခါးဖွင့်အဆင့်ကို တိုးတက်လာအောင် ဆောင်ရွက်ပေး
2021-01-01 18:01|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၁၉ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် ဆိုင်းဘုတ်တပ် ပြီးသောအချိန်မှစ၍ ကူမင်းမြို့သည် လွတ်လပ်သော ကုန်သွယ်ရေး ခေတ်ကာလသို့ ဝင်ရောက်ခဲ့ပါသည်။ ၂၀၂၀ ခုနှစ် အစတွင် ကူမင်းဧရိယာအပိုင်း နယ်စပ်ဖြတ် E-Commerce ဘက်စုံဝန်ဆောင်မှု ပလက်ဖောင်းနှင့် “၁၂၁၀” လုပ်ငန်းကို ကူမင်း အထွေထွေ အခွန်ကင်းလွတ်ခွင့်ဇွန်နယ် (ကူမင်း စီးပွားရေးနှင့်နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ်) အတွင်း ဖွင့်လှစ်ခဲ့ပါသည်။ ကမ္ဘာ့ကုန်ပစ္စည်းများကို အခွန်ကင်းလွတ်ပြီး ကုန်ပစ္စည်း ကြိုတင်ပြင်ဆင်ထားသည့် စံပြစနစ်ဖြင့် ဈေး ပိုသက်သာပြီး ကူမင်းမြို့မှ အိမ်ထောင်စုများထဲသို့ ပိုမိုလျင်မြန်စွာ ဝင်ရောက်နိုင်ပါသည်။ ဟောင်ဟုံစက်မှုဇုန်မှ ကျင်းတာ့မေ နယ်စပ်ဖြတ် O2O ကုန်တိုက်၌ ဂျပန်ပြတိုက်၊ ထိုင်းပြတိုက် စသည့် ပြတိုက်များထဲမှ ရွှန်းရွှန်းတင့်တင့် ဝေဝေဆာဆာ ရှိသည့် ကုန်ပစ္စည်းများသည် စားသုံးသူတို့ကို အသေးစား နိုင်ငံတကာပြပွဲထဲတွင် နေသလိုလို မိစေပါသည်။
လွတ်လပ်သောကုန်သွယ်ရေးအကျိုးသည် တစ်ဘက်တွင် လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်ထဲ ထူးခြားစွာ ရှိသည့် ဦးစားပေးသော ပေါ်လစီများမှ ပါလာသည် ဖြစ်ပြီး နောက်တစ်ဘက်တွင် စနစ်အဆန်းထွင်ခြင်းမှ ပါလာသည် ဖြစ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးတို့ကို ပိုမိုလျင်မြန်စေသောကြောင့် လုပ်ငန်းကုမ္ပဏီများ၏ ကုန်ထုတ်လုပ်ခြင်း၊ လုပ်ကိုင်လည်ပတ်ခြင်း နှင့်ပတ်သက်သည့် ကုန်ကျစရိတ်များကို လျှော့ကျစေပြီး နောက်ဆုံးတွင် စားသုံးသူတို့သည် ပိုများသော အရည်အသွေးလည်းကောင်း ဈေးနှုန်းလည်းချိုသော ကုန်ပစ္စများကို ဝယ်နိုင်ပါသည်။
ဆိုင်းဘုတ်တပ်ခြင်း ၁ နှစ်သာ ရှိသော်လည်း လုပ်ငန်းရှင်များသည် ကူမင်းမြို့၏ “လွတ်လပ်သော ကုန်သွယ်ရေးမြန်နှုန်း” နှင့်ပတ်သက်ပြီး “မတွေးမိနိုင်ပါဘူး” ဟု ပြောဆိုခဲ့ပါသည်။ ယူနန်-တိုင်ဝမ် (အရှေ့တောင်အာရှ နိုင်ငံတကာ) စက်မှုဇုန် စီမံကိန်း၏ စောစောပိုင်းလုပ်ငန်းမှ တာဝန်ခံ ဝန်ကျားကျွင့်သည် ဤစီမံကိန်း တည်ဆောက်ရေး နှင့်ပတ်သက်သည့် စစ်ဆေးအတည်ပြုခြင်း ကျင့်ထုံးစလုံးကို ဆောင်ရွက်ခဲ့ပါသည်၊ ကူမင်းဧရိယာအပိုင်းမှ အမှုထမ်းများနှင့် အလုပ်သမားများ၏ လုပ်ငန်းကုမ္ပဏီများ အတွက် ကိစ္စများကို ဆန္ဒအလျောက် အချိန်ပိုအလုပ်လုပ်ပြီး ကူညီဆောင်ရွက်သည့် သဘောနှင့် အလုပ်တွင်ကျယ်မှုများမှာ သူသည် နောက်နောင်တွင် ကူမင်းမြို့မှ ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်စိတ် ပိုရှိစေပါသည်။
အခုနှစ်များတွင် တည်နေရာ အားသာချက်နှင့် စနစ်အားသာချက်များကို မှီခို၍ ယူနန်ပြည်နယ်၏ ပြည်ပကုန်သွယ်ရေး စုစုပေါင်းပမာဏသည် လျင်မြန်စွာ တိုးတက်လာ နေပါသည်။ လွတ်လပ်သောကုန်သွယ်ရေး၏ တွန်းဆော်ခြင်းအားဖြင့် ကူမင်းဧရိယာအပိုင်း ထဲမှ မူရင်းရှိသည့် အဆင့်မြင့် ပစ္စည်းကိရိယာထုတ်လုပ်ရေးလုပ်ငန်း၊ ခေတ်မီ ကုန်စည်စီးဆင်းမှုလုပ်ငန်း စသည့် အားသာချက်ရှိ ကုန်ထုတ်လုပ်ငန်းများသည် တောင်အာရှ အရှေ့တောင်အာရှဈေးကွက်ကို တက်ကြွစွာ ဘက်စုံစီမံခန့်ခွဲ၍ တောင်ဘက်သို့ ခြေလှမ်း ပိုလျင်မြန်စေခဲ့ပါသည်။
ဤနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း Kunming Yunnei Power CO.,LTD. ချုပ်ဆိုခဲ့သည့် ကုန်စည်ထောက်ပံ့ရေးစာချုပ်စလုံးသည် အရှေ့တောင်အာရှဈေးကွက်သို့ မျက်နှာမူသည် ဖြစ်ပါသည်။ ကူမင်းဧရိယာအပိုင်း ထူထောင်ပြီးနောက် Kunming Yunnei Power CO.,LTD. မှ မိုတာပို့ကုန်၏ စုစုပေါင်းပမာဏသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထွက် ၃၁ ရာခိုင်နှုန်း တိုးပွားလာ၍ တင်ပို့ရန် ရည်မှန်းချက်ပန်းတိုင်လည်း ဥရောပနှင့် အမေရိကန်နိုင်ငံများမှ အရှေ့တောင်အာရှနိုင်ငံများသို့ ရွှေ့ပြောင်းခဲ့ပါသည်။ အခု Kunming Yunnei Power CO.,LTD. သည် အရှေ့တောင်အာရှနိုင်ငံများမှ ကြီးမားသော ကားစက်ရုံများနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံရေးကို တည်ဆောက်၍ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ လာအိုတို့၌လည်း စီမံခန့်ခွဲရေးဌာနကို ထူထောင်၍ ကုမ္ပဏီအောက်မှ မှန်နက်ရှိုင်းစွာ အချောကိုင်ခြင်း၊ မြန်နှုန်းနိမ့် လျှပ်စစ်ဓာတ်အားသုံးကား စသည့် တခြားထုတ်ကုန်များသည်လည်း အရှေ့တောင်အာရှဈေးကွက်သို့ ပထမဦးဆုံး တင်ပို့ခဲ့ပါသည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း မတိုင်မီ YCIH ကုန်စည်စီးဆင်းမှု ကုမ္ပဏီလီမိတက်၏ အဓိကဈေးကွက်သည် ပြည်တွင်းဈေးကွက် ဖြစ်သေးခဲ့ပါသည်။ အခုအချိန်တွင် နေ့စဉ် ကုန်းကြောင်းမှ အရှေ့တောင်အာရှသို့ တိုက်ရိုက်မောင်းသွားသည့် ကုန်တင်ကား အစီး ၃၀ ရှိပါသည်။ ဈေးကွက်ကို တစ်ဆင့်တိုးပြီး တိုးချဲ့သည့်အတွက် ကုမ္ပဏီသည် ဤနှစ် သြဂုတ်လတွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ လက်အောက်ခံကုမ္ပဏီ တစ်ခုကို မှတ်ပုံတင်ခဲ့ပါသည်။ နောက်နောင်တွင် ကုမ္ပဏီသည်လည်း မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားတို့၌ လက်အောက်ခံကုမ္ပဏီကို မှတ်ပုံတင်မည် ဟု YCIH ကုန်စည်စီးဆင်းမှု ကုမ္ပဏီလီမိတက်၏ စုစုပေါင်းစီးပွားရေးဆရာ ထိန်ဇီလင်က မိတ်ဆက်ပြောခဲ့ပါသည်။
နိုင်ငံခြားသို့ တံခါးဖွင့်ခြင်း အဆင့်အတန်းကို ဘက်စုံမြှင့်တင်ခြင်းသည် တရုတ်နိုင်ငံ စီးပွားရေး အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုက်လျောညီထွေစေသော၊ ကမ္ဘာ့စီးပွားရေးထဲသို့ နက်ရှိုင်းစွာ ပါဝင်ပေါင်းစပ်သည့် မလွဲမသွေ ဖြစ်ပေါ်လာမည့် ရှေ့အလားအလာ ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ၊ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ကူမင်း၌ သစ်လွင်သော၊ အဆင့်အတန်း ပိုမြင့်သော ပြည်ပသို့ တံခါးဖွင့်ရေး၏ အရေးပါသော ကျားကန်သည့်နေရာ ဖြစ်ရမည်။
2019年8月30日,昆明片区挂牌后,昆明从此迈进了“自贸时代”。2020年新年伊始,中国(云南)自贸试验区昆明片区(下称“昆明片区”)跨境电商综合服务平台暨“1210”业务在昆明综合保税区(经开片区)围网内开通。世界商品可通过保税备货模式,更便宜、更便捷走进昆明千家万户。在浩宏产业园金大门跨境O2O购物广场,日本馆、泰国馆……琳琅满目的商品,让消费者仿佛置身一场小型国际会展。
“自贸红利”一方面来自自贸试验区特有的优惠政策;还有一方面是来自制度创新,使得投资、贸易更便利,从而降低企业生产经营成本,最终让老百姓能够买到更多物美价廉的商品。
尽管挂牌只有短短一年时间,但对于昆明的“自贸速度”,企业家们都纷纷表示“想不到”。云台(南亚国际)产业孵化园项目前期工作负责人王珈竣全程跑了项目建设审批手续,昆明片区干部职工加班加点主动帮企业办事的态度和效率,让他对接下来在昆明的投资更加信心满满。
近年来,依托区位优势和制度加码,云南省外贸总量正在实现弯道超车。在“自贸东风”的推动下,昆明片区范围内原有的高端装备制造业、现代物流业等优势产业,积极布局南亚东南亚市场,加快了向南的步伐。
今年三季度,昆明云内动力股份有限公司签订的供货合同都是面向东南亚市场。昆明片区成立以来,昆明云内动力发动机的总出口量同比增长了31%,出口的目的地也从欧美国家转向了东南亚国家。目前,昆明云内动力与东南亚国家几个大的汽车厂直接建立了战略合作关系,还在泰国、缅甸、越南、老挝建了办事处,公司旗下玻璃深加工、低速电动车等其他产品也首次打入了东南亚市场。
两年前,云南建投物流有限公司主打的还是国内市场;现在,每天有30辆卡车通过陆路直接开往东南亚。为了更进一步开拓市场,今年8月,该公司在老挝万象注册了一家子公司。云南建投物流有限公司总经济师滕泽林介绍,下一步,公司还将在缅甸、泰国、柬埔寨注册子公司。
全面提高对外开放水平,是顺应我国经济高质量发展和深度融入世界经济的必然趋势。“十四五”期间,自贸试验区必然是昆明新一轮更高水平开放的重要支点。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73 ကျပ်
- တရုတ် (ယူနန်) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်သည် ပြုပြင်ပြောင်းလဲရေးရှေ့ပြေးစမ်းသပ်မှုတာဝန်ကို ၉၄.၃ ရာခိုင်နှုန်း ပြီးမြောက်ခဲ့
- လွတ်လပ်သောကုန်သွယ်မှုစမ်းသပ်မှုဇုန် ကူမင်းဧရိယာအပိုင်းသည် ကုန်းတွင်းပိုင်းကို ပူပေါင်းပြီး တောင်ဘက်သို့ ဆိုက်ရောက်
- ယူနန်ပြည်နယ် ကူမင်းမြို့၌ ခြောက်လပန်းများ ပွင့်ဖူးနေ
- ကူမင်းဧရိယာအပိုင်းသည် အစိုးရရေးရာနှင့် လျှပ်စစ်စွမ်းအားဆိုင်ရာ စမတ်ဝန်ဆောင်မှုခန်းမ၏ အကျိုးဆောင်ကွင်းဆက်ကို တိုးချဲ့